Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၁၅။—မှားယွင်းသူများကို ပြုပြင်နည်း။

    သခင်ခရစ်တော်သည် လူအပေါင်း ရရှိနိုင်လောက်အောင် ကယ်တင်ခြင်းကို ယူဆောင်လာတော်မူ၏။ ကရာနီကုန်းတော်ပေါ်၌ ကိုယ်တော်သည် ပျောက်ဆုံးသော လောကအတွက် အကန့်အသတ် မရှိသော ရွေးနှုတ်ခြင်း အဖိုးကို ဆပ်ပေးတော်မူ၏။ ကိုယ်တော်၏ ကိုယ်ကို ငြင်းပယ်ခြင်း၊ ကိုယ်ကို ဆက်ကပ်ခြင်း၊ ကိုယ်တော်၏ ကိုယ်ကျိုး မရှာသော အမှုဆောင်ရွက်ခြင်း၊ ကိုယ်တော်၏ ရှုတ်ချခံခြင်း၊ အားလုံးတို့ထက် မိမိ၏ အသက်ကို ပူဇော်ခြင်းသည် ကျဆုံးသော လောကအတွက် ကိုယ်တော်၏ မေတ္တာတော်၏ ကြီးမားသော ထုထည်ကို ထင်ရှားစေ၏။ ကိုယ်တော်သည် မြေကြီးပေါ်သို့ ကြွလာတော်မူခြင်းမှာ ပျောက်ဆုံးသော သူတို့ကို ရှာ၍ ကယ်တင်ရန် ဖြစ်သည်။ ကိုယ်တော်ကို အပြစ်သားများ၊ ဘာသာစကား အမျိုးမျိုးကို ပြောသော လူ အမျိုးမျိုး အစားစား ရှိသော အပြစ်သားအတွက် စေလွှတ်တော်မူ၏။ သူတို့ကို ရွေးနှုတ်၍ သူတို့အား ကိုယ်တော်တိုင်နှင့် ပူးပေါင်းလျက် ကိုယ်တော်၏ စာနာခြင်းကို ခံယူစေရန် ကိုယ်တော်သည် သူတို့ အားလုံးအတွက် အဖိုးအခကို ပေးတော်မူပြီ။ အမှားဆုံးသော သူ၊ အပြစ်ရှိဆုံးသော သူကို ကျော်သွား တော်မမူ။ ကိုယ်တော် ယူဆောင်လာသော ကယ်တင်ခြင်းကို အလိုရှိဆုံးသော သူတို့အတွက် ကိုယ်တော်သည် အထူးသဖြင့် အမှုဆောင်ရွက်တော်မူ၏။ သူတို့အား ပြုပြင်ဖို့ သာ၍ ကြီးစွာ လိုနေလျှင်၊ ကိုယ်တော်သည် သာ၍ စိတ်အားထက်သန်ပြီး သာ၍ ထောက်ထားလျက် သာ၍ စိတ်အားကြီးစွာ အမှု ဆောင်ရွက်တော်မူ၏။ မျှော်လင့်ခြင်း အကင်းမဲ့ဆုံးသော အခြေအနေ၌ ရှိ၍ ကိုယ်တော်၏ ပြုပြင်သော ကျေးဇူးတော်ကို အလိုဆုံးသော သူအတွက် အနန္တမေတ္တာနှင့် ပြည့်ဝတော်မူသော ကိုယ်တော်၏ စိတ်နှလုံးထဲ၌ အကြီးအကျယ် လှုပ်ရှားခြင်း ဖြစ်၏။CCB1 237.1

    သို့ရာတွင် လူတစ်မျိုးကဲ့သို့ ဖြစ်သော ကျွန်ုပ်တို့ အထဲတွင်၊ သွေးဆောင်ခြင်း ခံရ၍ မှားယွင်းနေသော သူတို့အတွက် စိတ်အားကြီး၍ ဝိညာဉ်တို့ စိတ် ကို ထိခိုက်ဖွယ် ဖြစ်စေသော ထောက်ထားခြင်း၊ ချစ်ခြင်း သဘောများလျက် ရှိပေသည်။ အများသော သူတို့သည် အလွန် စိမ်းကား၍ အပြစ် ရှိလောက်အောင် ဂရုမစိုက်သော သဘောများကို ပြကြသဖြင့်၊ သခင်ခရစ်တော်က လမ်း တစ်ဖက်မှ လျှောက်သွားသူများဟု ပုံဆောင်ထားတော်မူ၏။ သူတို့သည် အကူအညီ အလိုဆုံးသော သူတို့ထံမှ ဝေးနိုင်သမျှ ဝေးဝေး ရှောင်သွားနေကြ၏။ မကြာခဏ စိတ်နှလုံး ပြောင်းလဲသော လူသစ်သည် တည်ရှိနေသေးသော အကျင့် သို့မဟုတ် ထူးခြားသော သွေးဆောင်ခြင်းမျိုးနှင့် တိုက်လှန်ရ၍ ကြီးစွာသော ရမ္မက်၊ အလိုဆန္ဒကြောင့် ဆုံးရှုံးသဖြင့်၊ သူသည် သတိကင်းမဲ့ခြင်း အပြစ်၊ သို့မဟုတ် အကယ်ပင် မှားသော အပြစ်ကို ပြုမိ၏။ ထိုအခါ ထိုသူအား ဝိညာဉ်ကျန်းမာခြင်းကို ပြန်၍ ရရှိစေရန်၊ ညီအစ်ကိုတို့၌ ခွန်အား သတ္တိ၊ နေရာတကျ ပြုမူတတ်သော သဘော နှင့် သတိပညာကို လိုပေသည်။ ဤသို့သော အမှုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သွန်သင်ထားသော အချက်တို့ကို အသုံးပြုရမည်။ “ညီအစ်ကိုတို့၊ လူသည် သတိလစ်၍ တစ်စုံတစ်ခုသော ဒုစရိုက်ကို ပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသော သင်တို့သည် အပြစ် သွေးဆောင်ခြင်းနှင့် ကိုယ်တိုင် လွတ်မည် အကြောင်း၊ ကိုယ်ကို သတိပြုလျက် သိမ်မွေ့နူးညံ့သော သဘောနှင့် ထိုသို့သော သူကို မစ၍ သူ၏ နေရာ၌ တည်မြဲ တည်စေပြန်ကြလော့။” ဂလာတိ၊ ၆: ၁။ “သို့ဖြစ်၍ အားရှိသော ငါတို့သည် ကိုယ်အလိုသို့ မလိုက်၊ အားနည်းသော သူတို့၏အားနည်းခြင်းကို သည်းခံရကြမည်။” ရောမ၊ ၁၅: ၁။ 15T 603-605;CCB1 237.2

    ပြင်းထန် ကြမ်းတမ်းသော အမှုထက် သက်သာစွာ စီမံခြင်း၊ ဖြည်းညှင်းစွာ ပြန်ပြောခြင်း၊ ချိုသာစွာ ပြောဆိုခြင်း အမှုတို့သည် ပြန်၍ ပြုပြင်လျက် ကယ်တင်ရန် သာ၍ သင့်တော်ပေသည်။ မကြင်နာသော သဘော အနည်းငယ်ကြောင့်ပင် လူများသည် သင်နှင့် ဝေးကွားသွားကြလိမ့်မည်၊ သို့သော် ကျေအေးဖြန်ဖြေသော အားဖြင့် သူတို့သည် သင်နှင့် နီးကပ်လာကြ၍ သင်သည် သူတို့အား မှန်သော လမ်း၌ ပြန်၍ တည်စေလိမ့်မည်။ သင်၌ အပြစ်လွှတ်တတ်သော သဘောလည်း ရှိရမည်၊ ၎င်းပြင် သင့် ပတ်လည်၌ ရှိသော သူတို့၏ ကောင်းသော ရည်ရွယ်ချက် နှင့် အပြုအမူတို့ကို ချီးမွမ်းသင့်သည် အတိုင်း ချီးမွမ်းပါ။ 24T 65;CCB1 238.1