Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မလွတ်နိုင်သော အပြစ်။

    သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားသော အပြစ်သည် မည်ကဲ့သို့သော အပြစ်မျိုး ဖြစ်သနည်း။ ၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို စာတန်၏ အလုပ် ဖြစ်လာအောင် မိမိ သဘောအတိုင်း မှတ်ယူခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ ထူးခြားသော အလုပ်ကို သက်သေခံသော သူတစ်ယောက် ဖြစ်သည်ဟု ဆိုကြစို့။ ထိုအလုပ်သည် ကျမ်းစာနှင့် ညီညွတ်ကြောင်း သူ၌ သေချာစွာ သိနိုင်သော သက်သေကို ရရှိထား၍၊ ၎င်းသည် ဘုရားသခင် ထံမှ ဖြစ်ကြောင်းကို ဝိညာဉ်တော်သည် သူ၏ ဝိညာဉ် နှင့်အတူ သက်သေခံ၏။ သို့ရာတွင် နောက်များမကြာမီ၊ သူသည် စုံစမ်းခြင်း အကြောင်း ဆုံးရှုံးပျက်စီးသွား၏။ မာနကြီးခြင်း ကိုယ်ကိုကိုယ် လုံလောက်ပြီဟု ထင်မှတ်ခြင်း၊ သို့မဟုတ် အခြား ဆိုးသော အကျင့်တို့သည် သူ့ကို စိုးမိုးလာ၏။ ၎င်းပြင် ဘုရားသဘော သက်ဝင်သော သက်သေ အားလုံးကို ငြင်းပယ်ပြီးလျှင်၊ သူက သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုး ဖြစ်သည်ဟု အထက်က သူ ဝန်ခံခဲ့သော အရာသည် စာတန်၏ တန်ခိုး ဖြစ်သည်ဟု ဖော်ပြလေ၏။ ဘုရားသခင်သည် မိမိ၏ ဝိညာဉ်တော်အားဖြင့် လူ၏ စိတ်နှလုံးကို ပြုပြင်တော်မူ၏။ ၎င်းပြင် လူတို့သည် ဝိညာဉ်တော်ကို မိမိ သဘောအတိုင်း ငြင်းပယ်၍ ၎င်းသည် စာတန်မှ ဖြစ်ပေါ်လာသည်ဟု ဖော်ပြသောအခါ၊ သူတို့သည် ဘုရားသခင်က သူတို့နှင့် ဆက်သွယ်သော လမ်းကြောင်းကို ပယ်ဖြတ်ကြ၏။ ဘုရားသခင်သည် သူတို့အား ဖော်ပြဖို့ နှစ်သက်တော်မူသော သက်သေကို ငြင်းပယ်ခြင်းအားဖြင့်၊ သူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ထွန်းတောက်နေသော အလင်းကို ပယ်ရှားထားကြ၏။ ထိုသို့ ပြုခြင်းကြောင့် သူတို့သည် မှောင်မိုက် ဖြစ်လျှင် ထိုအမိုက်သည် အလွန် မိုက်စွတကား” ဟု သခင်ခရစ်တော် မိန့်တော်မူသော စကားတော်သည် မှန်ကန်ပေ၏။ မ၊ ၆: ၂၃။ ဤအပြစ်ကို ပြုသော သူသည် အချိန်အတော်ကြာ ဘုရားသခင်၏ သားသမီးကဲ့သို့ ဖြစ်နေသေး၏။ သို့ရာတွင် သူတို့၏ အကျင့်စာရိတ္တကို တိုးပွားစေဖို့ရန် အခြေအနေသို့ ရောက်လာသဖြင့်၊ သူတို့သည် မည်ကဲ့သို့သော သဘောနှင့် ပြည့်ဝ နေကြောင်း ပြကြသောအခါ၌၊ သူတို့သည် ရန်သူ၏ မြေပေါ်တွင် ရှိကြလျက် သူ၏ မည်းသော အလံ အောက်၌ ရပ်နေကြသည်ကို တွေ့ရှိရလိမ့်မည်။95T 634;CCB1 284.1