အတူတကွ လုပ်ကိုင်ခြင်း။
အသစ်သော နယ်မြေများ၌ အဖွဲ့အစည်း အလုပ်အကိုင်များ တည်ထောင်ရာတွင် အလုပ် အကြောင်းကို အသေအချာ ပြည့်စုံစွာ မကျွမ်းကျင်သော သူတို့အား တစ်ခါတစ်ရံ လုပ်ဆောင်ဖို့ တာဝန်ပေးရပါသည်။ ဤလူတို့ လုပ်ကိုင်သော အလုပ်သည် များစွာ အကျိုး မရှိလှပေ။ ၎င်းပြင် သူတို့ နှင့်တကွ သူတို့နှင့် လုပ်ဖော်ကိုင်ဖက်တို့တွင် ထာဝရဘုရား၏ အဖွဲ့အစည်း၌ ကိုယ်ကျိုး မရှာသော သဘော မရှိကြလျှင်၊ ၎င်း၏ တိုးတက်ခြင်းကို တားဆီးသော အခြေအနေမျိုးကို ဖြစ်စေလိမ့်မည်။CCB1 181.1
သူတို့ လုပ်ကိုင်နေရသော အလုပ်မျိုးသည် သူတို့နှင့်သာ လုံးလုံး သက်ဆိုင်သဖြင့် ထိုအလုပ်နှင့် ပတ်သက်၍ အခြားသူ တစ်စုံတစ်ယောက်ကမျှ အကြံဉာဏ် မပေးသင့်ဟု အများသော သူတို့က ထင်မှတ်တတ်ကြသည်။ ဤလူများတို့ပင် အလုပ်အကိုင်ကို အကောင်းဆုံး နည်းဖြင့် ပြုလုပ်ရန် မသိနားမလည်ကြချေ။ ထိုမျှမကသေး တစ်စုံတစ်ယောက်က သူတို့အား အကြံပေးခဲ့လျှင်၊ သူတို့သည် စိတ်ဆိုးလျက် သူတို့ သဘောအတိုင်း ဝေဖန် ပြုလုပ်တတ်ကြသည်။ တစ်ဖန် အချို့သော အမှုဆောင်တို့သည် အချင်းချင်းအား ကူညီ၊ အကြံဉာဏ်ပေးခြင်းငှါ အလိုမရှိကြ။ မကျွမ်းကျင်သော သူတို့ကလည်း သူတို့၏ မသိနားမလည်မှုကို သူတစ်ပါးအား မသိစေလိုကြ သူတို့သည် အကြံဉာဏ် တောင်းဖို့ရန် အလွန် မာန ကြီးသောကြောင့် သူတို့သည် အမှားကို ပြုလုပ်လျက် အချိန်ကုန်၍ ပစ္စည်းလည်း ပျက်စီးဆုံးပါးရတတ်သည်။CCB1 181.2
အခက်အခဲ၏ အကြောင်းရင်းကို သိနားလည်ဖို့ မခဲယဉ်းပါ။ အမှုဆောင်တို့သည် လှပသော အဆင် ဖြစ်ဖို့ ယက်လုပ်ရသော ချည်ခင်ကဲ့သို့ ဖြစ်သောအခါ၊ သူတို့သည် အားမကိုးရသော ချည်ခင်ကဲ့သို့ ဖြစ်နေကြသည်။CCB1 181.3
အမှုဆောင်တိုင်းသည် ထာဝရဘုရား၏ အဖွဲ့အစည်းကို တိုးတက်ရေးအတွက် လုပ်ဆောင်နေသလော၊ သို့မဟုတ် ကိုယ်ကျိုးကို ရှာနေသလောဟု စုံစမ်းခြင်း ခံရလိမ့်မည်။CCB1 181.4
မျှော်လင့်စရာ ကင်းလောက်အောင် ဖြစ်၍ ကုသ မရတတ်သော အပြစ်မှာ ကိုယ့် အထင်အမြင်၌ မာနကြီးခြင်း၊ ကိုယ်ကို အထင်ကြီးခြင်း ဖြစ်သည်။ ဤ အရာသည် ကြီးပွားမှု အပေါင်းကို ကာဆီးနေတတ်၏။ လူတစ်ယောက်၌ အကျင့်တွင် ချွတ်ယွင်းခြင်း ရှိသော်လည်း ၎င်းကို မသိမြင်သောအခါ၊ မိမိ၏ အပြစ်ကို မမြင်နိုင်အောင် ကိုယ်ကိုကိုယ် လုံလောက်ပြီဟု ထင်မြင်နေသောအခါ၊ သူသည် မည်ကဲ့သို့ စင်ကြယ်ခြင်းသို့ ရောက်မည်နည်း။ “ကျန်းမာသော သူသည် ဆေးသမားကို အလို မရှိကြ။ နာသော သူတို့သာလျှင် အလိုရှိကြ၏။” မ၊ ၉: ၁၂။ တစ်စုံတစ်ယောက်က မိမိ၏ လမ်းခရီးတို့သည် စုံလင်သည်ဟု ထင်လျှင် သူမည် မည်ကဲ့သို့ တိုးတက်နိုင်မည်နည်း။CCB1 181.5
လုံးလုံး စိတ်ပါသော ခရစ်ယာန် မှတစ်ပါး မည်သူမျှ မှန်သော လူကြီး လူကောင်း မဖြစ်နိုင်။CCB1 182.1