Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ငါသည် သင်တို့ကို ချစ်သည် နည်းတ အချင်းချင်း ချစ်ကြလော့။

    ဘုရားသခင်သည် လူတို့ကို ကယ်တင်ခြင်း အမှုအတွက် မိမိ တာဝန်ကို ဆောင်ရွက်တော်မူခဲ့ပြီ။ ယခု အသင်းတော်အား ကူညီ ဆောင်ရွက်ရန် ဘုရားသခင်က ခေါ်ဖိတ်တော်မူ၏။ တစ်ဖက်၌ သခင်ခရစ်တော်၏ အသွေးတော် သမ္မာတရားနှင့် ဆိုင်သော နှုတ်ကပတ်တော် နှင့် သန့်ရှင်းသော ဝိညာဉ်တော် ရှိ၍ အခြား တစ်ဖက်တွင် ပျက်စီးနေသော ဝိညာဉ်များ ရှိ၏။ လူများတို့အား ကောင်းကင်က ချပေးသော ကောင်းကြီးမင်္ဂလာကို လက်ခံစေရန် ခေါ်ဆောင်လာဖို့ သခင်ခရစ်တော်၏ တပည့်တော်တိုင်း၌ ပြုလုပ်ရန် တာဝန် အသီးအသီး ရှိကြသည်။ ကျွန်ုပ်တို့သည် ဤအမှုကို ဆောင်ရွက်ကြသလားဟု သိရှိရန် မိမိတို့ ကိုယ်ကို သေချာစွာ စစ်ဆေးကြစို့။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များ နှင့် အသက်တာ၏ အပြုအမူတိုင်းကို စစ်ဆေး မေးမြန်းကြည့်ကြစို့။CCB1 239.1

    မှတ်ဉာဏ် အခန်းများတွင် နှစ်သက်ဖွယ်ကောင်းသော အရုပ်ကား အများကို ဆွဲထားသကဲ့သို့ မနှစ်သက်ဖွယ် အကြောင်းအရာများကို သတိရနေတတ်ကြသည် မဟုတ်လော။ မကြာခဏ သင်သည် သခင်ယေရှု၏ အပြစ်လွှတ်ခြင်း အခွင့်ကို အလိုရှိခဲ့ပြီ။ သင်သည် အစဉ်သဖြင့် ကိုယ်တော်၏ ကရုဏာ နှင့် မေတ္တာကို အားကိုးခဲ့ပြီ။ သို့သော် သခင်ခရစ်တော်က သင့် အပေါ်၌ ထားတော်မူသော သဘောမျိုးကို သင်သည် အခြားသူတို့ အပေါ်၌ မပြခဲ့ဘဲ နေခဲ့ပြီ မဟုတ်လော။ တားမြစ်ထားသော လမ်း၌ သွားနေသည်ကို မြင်ရသော သူတို့အတွက် သင်၌ တာဝန် ရှိသည်ကို သင် သိသလော။ သူ့ကို သင်သည် ကြင်နာစွာ ဆုံးမ သွန်သင်ခဲ့ပြီလော။ သူ့အတွက် ငိုကြွေး၍ သူ နှင့်အတူ သူ့အတွက် သင်သည် ဆုတောင်းခဲ့ပြီလော။ နူးညံ့စွာ ပြောဆိုခြင်း နှင့် ကြင်နာစွာ ပြုမူခြင်းဖြင့်၊ သင်သည် သူ့ကို ချစ်၍ သူ့ကို ကယ်တင်လိုသော ဆန္ဒ ရှိကြောင်း ဖော်ပြခဲ့ပြီလော။CCB1 239.2

    မိမိတို့၏ စိတ်သဘော၌ ချွတ်ယွင်းချက်များ နှင့် မှားသော အကျင့်များ တည်းဟူသော ဝန်ထုပ်ကြောင့် ယိမ်းယိုင် တွန့်ဆုတ်နေသူများနှင့် သင်သည် ဆက်ဆံရသောအခါ၊ သင်သည် သူတို့ကို ကူညီ မစနိုင်ခဲ့သော်လည်း၊ စစ်ပွဲကို သူတို့ချည်း တိုက်ခိုက်စေရန် သူတို့ကို ပစ်ထားခဲ့သလော။ လောကသည် ပြင်းထန်စွာ သွေးဆောင်ခြင်း ခံရသူတို့အား ထောက်ထားခြင်း ပြ၍ စာတန်၏ ထောင်ချောက်ထဲသို့ သွေးဆောင်ရန် အသင့်ရှိနေစဉ်၊ သင်သည် သူတို့ကို ရှောင်လျက် သွားခဲ့ပြီ မဟုတ်လော။ “အကျွန်ုပ်သည် ညီကို စောင့်ရသော သူ ဖြစ်ပါသလော” ဟု သင်သည် ကာဣန ကဲ့သို့ ပြောဆိုရန် အသင့် မရှိခဲ့ဘူးသလော။ ကမ္ဘာဦး၊ ၄: ၉။CCB1 239.3

    သင့် အသက်တာ၌ သင်၏ အလုပ်ကို အသင်းတော်၏ ဦးခေါင်းတော်ကြီး ဖြစ်တော်မူသော အရှင်သည် မည်ကဲ့သို့ သဘောထားတော်မူရမည်နည်း။ မိမိ၏ အသွေးတော်နှင့် ဝယ်တော်မူသော အရာ အဖြစ်၊ ဝိညာဉ်တိုင်းကို တန်ဖိုးထားတော်မူသော ကိုယ်တော်သည် မှန်သော လမ်းမှ လွဲသွားသော သူတို့ကို ဂရုမစိုက်ခဲ့သော သင့်ကို မည်ကဲ့သို့ ကြည့်ရှုတော်မူမည်နည်း။ သင်သည် သူတို့အား ပစ်ထားသည်နည်းတူ ကိုယ်တော်သည်လည်း သင့်ကို ပစ်ထားတော်မူမည်ကို သင်သည် မကြောက်သလော။ ထာဝရဘုရား၏ အိမ်တော်အတွက် မှန်ကန်သော ကင်းစောင့် ဖြစ်တော်မူသော ကိုယ်တော်သည် ဂရုမစိုက်သော အမှု ရှိသမျှကို မှတ်ထားတော်မူပြီကို အသေအချာ သတိပြုလော့။CCB1 240.1

    လွန်ခဲ့သော ကာလက ဂရုမစိုက်ခဲ့သော အမှုများကို ပြန်၍ ရွေးနှုတ်ဖို့ရန် လွန်စွာ နောက်မကျသေးပါ။ ရှေးဦးစွာသော ချစ်ခြင်း၊ ရှေးဦးစွာ စိတ်အားထက်သန်ခြင်း ပြန်၍ ရှိလာပါစေ။ သင် နှင်ပစ်သော သူတို့ကို ရှာဖွေ၍ သင် ပြုလုပ်ခဲ့သော အနာကို ဝန်ချ တောင်းပန်ခြင်းဖြင့် စည်းပတ်ထားပါ။ သနားခြင်း ဂရုဏာ မေတ္တာနှင့် ပြည့်စုံသော နှလုံး ရှိတော်မူသော အရှင်ထံသို့ လာ၍ ကိုယ်တော်၏ ကရုဏာ စိတ်သဘောသည် သင့် နှလုံးထဲသို့ သက်ရောက်ပြီး တစ်ဖန် သင့် နှလုံးထဲမှ အခြား သူ၏ နှလုံးထဲသို့ ရောက်ရှိသွားပါစေ။ သခင်ခရစ်တော်၏ အဖိုးထိုက်သော အသက်တာ၌ ထင်ရှားစေတော်မူသော နူးညံ့ခြင်း နှင့် ကရုဏာ ရှိခြင်း သဘောတို့ကား၊ ကျွန်ုပ်တို့သည် ကိုယ်နှင့် စပ်ဆိုင်သော သူ၊ အထူးသဖြင့် သခင်ခရစ်တော်၌ ညီအစ်ကို ဖြစ်သော သူတို့အား ပြုမူရာတွင် ပုံသက်သေ ဖြစ်ပါစေ။CCB1 240.2

    အများသော သူတို့သည် အသက်တာ၏ တိုက်ပွဲကြီးများ၌ ပင်ပန်း စိတ်ပျက်လာကြရာ၊ သူတို့အား၊ အားပေးနှိုးဆော် စကားများကို ကြင်နာစွာ ပြော ဆိုခဲ့လျှင်၊ သူတို့သည် အောင်မြင်ရန် ခွန်အား ရှိလာကြလိမ့်မည်။ ဘယ်သောအခါမျှ စေတနာမဲ့ခြင်း၊ စိမ်းကားခြင်း၊ ထောက်ထားခြင်း ကင်းမဲ့ခြင်း၊ အပြစ်တင်ခြင်း မပြုပါနှင့်။ ရဲရင့်၍ မျှော်လင့်ခြင်း ရှိလာစေရန် စကား တစ်ခွန်းကို ပြောဆို့ အခွင့်အရေးကို မည်သည့်အခါမျှ လက်မလွတ်ပါစေနှင့်။ ကျွန်ုပ်တို့က ကြင်နာ နူးညံ့သော စကားများကို ပြောဆိုခြင်း၊ သခင်ခရစ်တော်ကဲ့သို့ ဝန်ထုပ် အချို့ကို ပေါ့စေရန် ကြိုးစားခြင်း အမှုသည် မည်မျှ အကျိုးသက်ရောက်စေမည်ကို ကျွန်ုပ်တို့ မပြောနိုင်။ သိမ်မွေ့ခြင်း၊ နူးညံ့ခြင်း၊ ချစ်ခြင်း သဘောများထက် အခြားသော နည်းများအားဖြင့် မှားယွင်းသော သူတို့ကို ပြန်၍ တည်ရှိလာစေရန် မပြုလုပ်နိုင်။ 35T 610-613;CCB1 240.3