Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘာသာတရားကို လက်တွေ့ကျင့်ခြင်းအားဖြင့် ထင်ရှားစေခြင်း။

    သခင်ဘုရားအတွက် စိတ်အား ထက်သန်စွာ ကြိုးစားအားထုတ်၍ ဆောင်ရွက်မှုတွင် အနည်းငယ်မျှ ပျက်ကွက်ခြင်း ရှိလျှင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်း ရှိသည်ဟု ပြောဆိုနေခြင်းမှာ မုသာပင် ဖြစ်ပေသည်။ စိတ်အား ထက်သန်ခြင်း နှင့် လက်တွေ့ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဖော်ပြသော ခရစ်ယာန် ဘာသာတရားသာလျှင် လွန်ကျူးခြင်း အပြစ်ဒုစရိုက်များ၌ သေနေသော သူတို့အပေါ်၌ စွဲမြဲ တည်ရှိနေလိမ့်မည်။ နှိမ့်ချ၍ ယုံကြည်ခြင်း ရှိလျက် ဆုတောင်းနေကြပြီး၊ လူအပေါင်းတို့အား စုံစမ်းခြင်း ဖြစ်၍ ကယ်တင်စေသော သမ္မာတရားကို ထင်ရှားစေရန် အလွန်ပင် အလိုရှိကြောင်း မိမိတို့၏ အပြုအမူအားဖြင့် ဖော်ပြသော ခရစ်ယာန်သည် သခင်ဘုရားအတွက် များစွာသော ဝိညာဉ်များကို ရိတ်သိမ်းရလိမ့်မည်။CCB1 125.1

    ကျွန်ုပ်တို့ အသင်းတော်၏ ယုံကြည်ခြင်းသည် အလွန် မှေးမှိန် အားနည်းသွားစရာ အကြောင်း မရှိနိုင်။ “အချုပ်ခံ၍ မျှော်လင့်သော သူတို့၊ ရဲတိုက်သို့ ပြန်လာကြလော့။” ဇာခရိ၊ ၉: ၁၂။ ကျွန်ုပ်တို့အဖို့ သခင်ခရစ်တော်၌ ခွန်အားရှိ၏။ ကိုယ်တော်သည် ခမည်းတော် ရှေ့၌ ကျွန်ုပ်တို့အတွက် အမှုဆောင်ရွက်နေသော သူ ဖြစ်တော်မူ၏။ ကိုယ်တော်သည် မိမိ၏ အလိုတော်ကို လူများတို့အား ကြားပြောစေခြင်းငှါ မိမိ၏ စေတမန်များကို မိမိ နိုင်ငံတော်တွင် အရပ်ရပ်သို့ စေလွှတ်တော်မူ၏။ ကိုယ်တော်သည် မိမိ၏ အသင်းတော်များ အလယ်တွင် လျှောက်သွားတော်မူ၏။ ကိုယ်တော်သည် မိမိ၏ တ တပည့်တော်များကို သန့်ရှင်းစေခြင်းငှါ လည်းကောင်း၊ ချီးမြှင့်စေခြင်းငှါ လည်းကောင်း အလိုရှိတော်မူ၏။ ကိုယ်တော်၌ အမှန် ယုံကြည်သော သူတို့၏ သြဇာတန်ခိုးသည် လောက၌ အသက်ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်လိမ့်မည်။ ကိုယ်တော်သည် ကြယ်များကို မိမိ၏ လက်ယာ လက်တော်အားဖြင့် ကိုင်ထားတော်မူလျက်၊ ကိုယ်တော်၏ အလင်းကို ဤအရာများအားဖြင့် လင်းစေခြင်းငှါ ရည်ရွယ်တော်မူ၏။ ထိုသို့အားဖြင့် ကိုယ်တော်သည် မိမိ၏ လူများကို အထက်အရပ်ရှိ အသင်းတော်တွင် သာ၍ မြင့်မြတ်သော အမှုတော်အတွက် ပြင်ဆင်ထားခြင်းငှါ အလိုရှိတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဆောင်ရွက်ရန် ကြီးကျယ်သော အမှုတော်ကြီးကို ပေးအပ်တော်မူ၏။ ကျွန်ုပ်တို့သည် သေချာမှန်ကန်ခြင်း၊ စိတ်ပြဋ္ဌာန်းခြင်းနှင့် ဆောင်ရွက်ကြစို့။ ကျွန်ုပ်တို့၏ အသက်တာ၌ သမ္မာတရားသည် ကျွန်ုပ်တို့အား မည်ကဲ့သို့ ပြုပြင်ပေးခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားစွာ ဖော်ပြကြစို့။CCB1 125.2

    ယခု တည်ရှိနေသော နေရာ၌ ဖြစ်ပေါ်လာသော သာသနာ လုပ်ငန်းများကို ဖြစ်မြောက်စေရန် ကိုယ်ကိုကိုယ် ငြင်းပယ်ခြင်း၊ ကိုယ်ကို ဆက်ကပ်ပူဇော်ခြင်း အမှုများ၊ မဆုတ်မလျော့သော အင်အားသတ္တိ နှင့် များစွာ ဆုတောင်းခြင်း အမှုများကို လိုပေသည်။ ယခု သာသနာ လုပ်ငန်းတွင် ပါဝင် ဆောင်ရွက်နေသော သူ အချို့တို့က၊ ဤသတင်းစကားကို ကြားပြောစဉ်အခါ ကာလက ကြုံတွေ့ရကြသော ခေါင်းဆောင်များကဲ့သို့ ယခုခေတ်တွင် ထိုမျှလောက် ကြီးကျယ်သော ကိုယ်ကို ငြင်းပယ်ခြင်း အမှု နှင့် ကြိုးစားအားထုတ်မှု၊ ထိုမျှလောက် ခက်ခဲ မနှစ်သက်ဖွယ် ဖြစ်သော အလုပ်ကို မလိုဟူ၍ လည်းကောင်း၊ အချိန်ကာလသည် ပြောင်းလဲသွားပြီ ဟူ၍ လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်အတွက် ယခု ကြေးငွေ၊ ဥစ္စာဘဏ္ဍာမှ စ၍ ပိုမို များပြားစွာ ရှိနေသဖြင့်၊ သတင်းစကား ပေါ်လာစ အခါက အများသော သူတို့ ကြုံတွေ့ရကြသော ထိုမျှလောက် စုံစမ်းနှောင့်ယှက်ခြင်း များသော အခြေအနေတို့ကို သူတို့သည် ကြုံကြိုက်ဖို့ မလိုဟူ၍ လည်းကောင်း ထင်မှတ်ကြလျက်၊ အဆုံးတိုင် အကျိုးဖြစ်ထွန်းအောင် ကြံစည် ပြုလုပ်ခြင်းငှါ ကြိုးစားအားထုတ်မှု မရှိဘဲ ဖြစ်သမျှ နှင့် ရောင့်ရဲ တင်းတိမ် နေကြမည်ကို စိုးရိမ်စရာ အကြောင်းရှိပေသည်။CCB1 126.1

    သို့ရာတွင် အစအဦးကကဲ့သို့ပင် ယခု အခြေအနေ၌ ရှိသော လုပ်ငန်းတွင် အလားတူ ကြိုးစားအားထုတ်မှု နှင့် ကိုယ်ကို ဆက်ကပ် စွန့်စားမှုတို့ကို ထင်ရှားစေကြလျှင်၊ ယခု ဖြစ်ခဲ့သည်ထက် အဆ တစ်ရာမက သာ၍ ဖြစ်မြောက်လိမ့်မည်ကို ကျွန်ုပ်တို့ တွေ့မြင်ရကြလိမ့်မည်။ 206T 417-419; CCB1 127.1

    ကျွန်ုပ်တို့ ဝန်ခံပြောဆိုနေကြသော အရာသည် အလွန် မြင့်မြတ်သော အရာ ဖြစ်ပေသည်။ ဥပုသ်စောင့်လျက် ကြွလာတော်မူခြင်းကို မျှော်လင့်နေကြသော သူများ ဖြစ်ကြသည် အလျောက် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပညတ်တော် အားလုံးကို လိုက်နာစောင့်ရှောက်၍ ကျွန်ုပ်တို့၏ ရွေးနုတ်ရှင် သခင် ကြွလာတော်မူခြင်းကို မျှော်လင့်နေကြသည်။ သစ္စာရှိသော ဘုရားသခင်၏ လူ အနည်းငယ်တို့၏ လက်ထဲတွင် သတိပေးစကားနှင့် ဆိုင်၍ အလွန် ကြည်ညို လေးစားသင့်သော သတင်းစကားကို အပ်ပေးထားတော်မူခဲ့ပြီ။ ကျွန်ုပ်တို့သည် မိမိတို့၏ အပြောအဆို နှင့် အလုပ်အကိုင် အပြုအမူတို့အားဖြင့် မိမိတို့ အပေါ်၌ ချပေးထားသော တာဝန်ကြီးကို ကောင်းစွာ သိရှိနားလည်ကြောင်း ကျွန်ုပ်တို့ ပြုရကြမည်။ ကျွန်ုပ်တို့သည် မိမိတို့၏ နေ့စဉ် အသက်တာတွင် ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားစေကြသည်ကို လည်းကောင်း၊ ကိုယ်တော်သည် ကြီးစွာသော ဘုန်းတန်ခိုးနှင့် ပေါ်ထွန်းတော်မူသော အခါကျွန်ုပ်တို့သည် ကိုယ်တော်နှင့် တူကြမည် အကြောင်း၊ ကျွန်ုပ်တို့သည် ကောင်းကင်နှင့် ဆက်သွယ်နေကြလျက် သခင်ယေရှုခရစ် နှင့်အတူ အမွေတော်ကို ပါဝင် ခံစားရကြမည့် လူများ ဖြစ်ကြသည်ကို လည်းကောင်း၊ အခြားသော သူတို့သည် သိမြင်ကြမည် အကြောင်း ကျွန်ုပ်တို့သည် မိမိတို့၏ အလင်းကို ထင်ရှားစွာ လင်းစေရကြမည်။ 214T 16.CCB1 127.2