Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသင်းတော်၏ ပစ္စည်း။

    မြို့ တစ်မြို့တွင် စိတ်ပါဝင်စားသူများ ရှိလာသောအခါ၊ ထိုသို့ စိတ်ပါဝင်စားသူတို့ကို လိုက်လံ ကြည့်ရှုရမည်။ ဝတ်ပြိုကိုးကွယ်ရန် အိမ်ကလေး တစ်ဆောင်သည် လက္ခဏာ သက်သေ၊ ဘုရားသခင်၏ ဥပုသ်နေ့အတွက် အထိန်းအမှတ်၊ အကျင့်နှင့် ဆိုင်သော မှောင်မိုက်တွင် အလင်းကဲ့သို့ ဖြစ်လာသည်တိုင်အောင် ထိုနေရာတွင် စုံလင် သေချာစွာ အမှု ဆောင်ရွက်ရမည်။ ဤအထိန်းအမှတ်များသည် များစွာသော နေရာ၌ သမ္မာတရား၏ သက်သေအဖြစ် တည်ရှိရကြမည်။116T 100;CCB1 224.2

    အသင်းတော်နှင့် စပ်ဆိုင်သော ကိစ္စများကို ဆုံးဖြတ်ခြင်း မပြုဘဲ မထားခဲ့ရ။ တိုးတက်နေသော အမှုတော်သည် နှောင့်နှေး ပိတ်ပင်ခြင်း မရှိ၊ ဘုရားသခင်၏ အမှုတော်အတွက် လူများက ဆက်ကပ်ပူဇော်လိုသော ဥစ္စာဘဏ္ဍာသည် ရန်သူဘက်သို့ ရောက်ရှိ မသွားစေမည် အကြောင်း၊ ဘုရားသခင်၏ အမှုတော်အတွက် အသင်းတော်၏ ပစ္စည်းများ ရရှိရန် စီမံချက်တို့ကို ပြုလုပ်ရမည်။CCB1 224.3

    ဘုရားသခင်၏ လူတို့သည် သတိပညာနှင့် ပြုလုပ်လျက် အသင်းတော်၏ ကိစ္စကို လုံခြုံသော အခြေအနေ၌ ရှိစေရန်၊ မိမိတို့၏ တာဝန်ကို မဆောင်ရွက်ဘဲ မနေအပ်သည်ကို ကျွန်ုပ် တွေ့မြင်ရသည်။ ထိုနောက် အလုံးစုံ ကိစ္စကို မိမိတို့ တတ်နိုင်သမျှ ဆောင်ရွက်ပြီးနောက် ဘုရားသခင်၏ ကျန်ကြွင်းသော သူတို့အပေါ်၌ စာတန်သည် အခွင့်သာ မသွားစေရန်၊ သူတို့အတွက် ဤအရာများကို နိုင်နင်းစွာ အုပ်စိုးစေရန် ထာဝရဘုရားကို အားကိုး ယုံကြည်ရကြမည်။ ဤအချိန်သည် စာတန် အလုပ် လုပ်ချိန် ဖြစ်သည်။ ကျွန်ုပ်တို့၏ ရှေ့ရေးသည် ပြင်းထန်သော တိုက်ပွဲ ဖြစ်၏။ စာတန်၏ စီမံကိန်းတို့ကို လုံခြုံစွာ ခုခံနိုင်မည် အကြောင်း အသင်းတော်သည် ရှေ့သို့ တိုးတက်ရန် နိုးကြားခြင်း ရှိရမည်။ ဤအချိန်သည် တစ်စုံတစ်ခုကို ပြုလုပ် ပြီးစီးသော အချိန် ဖြစ်ရမည်။ ဘုရားသခင်၏ လူတို့သည် အသင်းတော်၏ ကိစ္စများကို နေရာတကျ မစီမံဘဲ ထား၍ ရန်သူအား အလုံးစုံကို အခွင့်အရေး ယူလျက် မိမိ သဘောကျ စီမံအုပ်ချုပ်စေဖို့ ပစ်ထားခြင်း အမှုကို ဘုရားသခင်သည် နှစ်သက်တော်မမူ။12IT 210,211;CCB1 224.4