Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လောက နှင့် အလုပ်ကိစ္စတွင် ဆက်သွယ်ခြင်း။

    အချို့သော သူတို့သည် လောကီအမှုကိစ္စတို့ကို သတိပညာနှင့် ဆောင်ရွက်ရာ၌ နေရာတကျ စီမံတတ်ခြင်း မရှိကြ။ သူတို့၌ လိုအပ်သော အရည်အချင်းများ မရှိကြသဖြင့်၊ စာတန်သည် ၎င်းတို့ကို အခွင့်အရေး ယူတတ်သည်။ ဤကဲ့သို့ ဖြစ်ခဲ့လျှင်၊ ထိုသို့သော သူတို့သည် မိမိတို့၏ လုပ်ငန်း၌ မသိနားမလည်မှုတွင် ဆက်လက် တည်ရှိမနေအပ်ကြ။ သူတို့သည် မိမိတို့၏ အကြံအစည်အတိုင်း မလုပ်ဆောင်မီ၊ မိမိတို့ ကိုယ်ကို နှိမ့်ချလျက် အခြားသော ညီအစ်ကို မောင်နှမများထံ၌ အကြံဉာဏ် တောင်းရမည်။ သူတို့၏ အကြံဉာဏ်ကို သင်တို့သည် အားကိုးနိုင်ကြသည်။ ကျွန်ုပ်အား ဤကျမ်းချက် တစ်ခုကို ညွန်ပြထားပါသည်။ “ထမ်းရွက်စရာ ဝန်ချင်းတို့ကို အချင်းချင်း ကူညီ ထမ်းရွက်ကြလော့။” (ဂလာ၊ ၆: ၂။) အချို့သော သူတို့သည် အကြံဉာဏ်ပေးနိုင်သော သူတို့က သူတို့အတွက် ကြံဖန်ပေးနိုင်လောက်အောင် မိမိတို့ ကိုယ်ကို နှိမ့်ချခြင်း မပြုကြသဖြင့်၊ မိမိတို့ အကြံဉာဏ်အတိုင်း ပြုလုပ်ကြရာ၊ အဆုံး၌ အခက်အခဲများ နှင့် ကြုံတွေ့နေရကြလေ၏။ ထိုအခါကျမှသာ ညီအစ်ကို မောင်နှမများတို့၏ အကြံဉာဏ်၊ ဝေဖန်ချက်တို့ကို လိုကြောင်း သိမြင်လာကြ၏။ သို့ရာတွင် ထိုအချိန်၌ ပဋ္ဌမဦးစွာကထက်ပင် တာဝန်သည် မည်မျှ သာ၍ လေးလံလာပါသည်တကား။ ရှောင်ကြဉ်နိုင်လျှင်၊ ညီအစ်ကို မောင်နှမတို့သည် တရားစွဲဆိုခြင်းကို မပြုအပ်။ အကြောင်းကား၊ ထိုသို့ ပြုခြင်းဖြင့် သူတို့အား ရှုပ်ထွေးပွေလီသွားစေအောင် ရန်သူအား များစွာ အခွင့်အရေး ရရှိစေလိမ့်မည်။ အနည်းငယ် အရှုံးခံလျက် ဆုံးဖြတ်ချက်ကို ပြုလျှင် သာ၍ ကောင်းလိမ့်မည်။CCB1 317.2

    မယုံကြည်သော သူအတွက် ဘုရားသခင်၏ လူတို့က အာမခံပေးခြင်း အမှုကို ဘုရားသခင်သည် နှစ်သက်တော်မမူကြောင်း ကျွန်ုပ် သိမြင်ရ၏။ ကျွန်ုပ်အား အောက်ပါ ကျမ်းချက်များကို ညွှန်ပြထား၏။ သု၊ ၂၂: ၂၆။ “လက်ဝါးချင်း ရိုက်သော လူစု နှင့် သူ့ ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။” သု၊ ၁၁: ၁၅။ “အကျွမ်းမဝင်သော သူ၏ အမှု၌ အာမခံသော သူသည် အလွန် နာလိမ့်မည်။ လက်ဝါးချင်း ရိုက်သော အမှုကို မုန်းသော သူမူကား၊ စိုးရိမ်စရာ မရှိ။” သစ္စာမရှိသော ဘဏ္ဍာစိုးပါတကား။ အခြားသော သူ - သူတို့၏ ကောင်းကင် ခမည်းတော် - ပိုင်သော အရာကို အာမခံကြ၍၊ တာဝန်သည် သူတို့၏ လက်ထဲမှ သူ၏ သားသမီးများကို လုယူဖို့ ကူညီရန် အသင့် ရပ်နေ၏။ ဥပုသ်စောင့်သော သူတို့သည် မယုံကြည်သော သူတို့နှင့် တွဲဖက်၍ အစုစပ် ပါဝင်ခြင်း မပြုရ။ ဘုရားသခင်၏ လူတို့သည် အကျွမ်းမဝင်သော သူစိမ်းလူ၏ စကားများကို အလွန် ယုံကြည် အားကိုးတတ်၍၊ သူတို့ မပြုလုပ်သင့်ဘဲ၊ သူတို့၏ အကြံဉာဏ်များကို အလွန် ယုံကြည်အားကိုး တတ်၍၊ သူတို့ မပြုလုပ်သင့်ဘဲ၊ သူတို့၏ အကြံဉာဏ်ကို တောင်းတတ်ကြသည်။ ရန်သူသည် သူတို့ကို မိမိ၏ ကိုယ်စားလှယ် ဖြစ်စေလျက်၊ သူတို့အားဖြင့် ရှုပ်ထွေးသွားအောင် ပြုလုပ်ပြီးလျှင် ဘုရားသခင်၏ လူတို့အထဲမှ ဆွဲထုတ်ယူတတ်သည်။7IT 200, 201.CCB1 318.1