Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဥစ္စာပစ္စည်းကို သင့်တော်စွာ ခွဲဝေပေးခြင်း။

    ကောင်းသော ဉာဏ်၊ ဝေဖန်ပိုင်းခြားနိုင်သော ဉာဏ်ရှိလျက်၊ မိဘတို့သည် ဆုတောင်းခြင်းနှင့် ဆင်ခြင်လျက်၊ သမ္မာတရား၌ လည်းကောင်း ဘုရားသခင်၏ အလိုတော်၌ လည်းကောင်း သိကျွမ်းနားလည်သော သူတို့ကို တိုင်ပင်ဆွေးနွေးလျက် မိမိတို့၏ ဥစ္စာပစ္စည်းကို ခွဲဝေပေးရမည်။CCB1 164.2

    သူတို့၌ ဒုက္ခဆင်းရဲခြင်း ရောက်နေလျက် ငွေကြေးကို လိမ္မာစွာ သုံးစွဲတတ်သော သားသမီး ရှိကြလျှင် သူတို့အတွက် စဉ်းစားရမည်။ သို့ရာတွင် သူတို့၌ မယုံကြည်သော သားသမီးများ ရှိကြလျက် သူတို့သည် လောက၌ ကြွယ်ဝပြည့်စုံ၍ လောကတွင် အလုပ် လုပ်နေကြလျှင်၊ သူတို့သည် သားသမီး ဖြစ်သောကြောင့် သူတို့ လက်ထဲ၌ ဥစ္စာပစ္စည်းကို ဝေငှပေးခြင်းဖြင့်၊ သူတို့သည် သူတို့အား မိမိ၏ ဘဏ္ဍာစိုးအဖြစ် ခန့်ထားတော်မူသော သခင်ကို ပြစ်မှားကြ၏။ ဘုရားသခင် တောင်းဆိုတော်မူသော အရာတို့ကို ပေါ့ပေါ့ဆဆ သဘောမထားအပ်။CCB1 164.3

    မိဘတို့သည် သေတမ်းစာကို ပြုလုပ်ထားသောကြောင့်၊ ဘုရားသခင်၏ အမှုတော်တွင် ကြေးငွေဥစ္စာ ပေးလှူခြင်း အမှုကို မိမိတို့ အသက်ရှင်နေစဉ် မပြုလုပ်ဘဲ မနေသင့်သည်ကို သေချာစွာ သိနားလည်အပ်သည်။ ဤအမှုကို သူတို့ ပြုရမည်။ သူတို့ အသက်ရှင်စဉ် ပိုလျှံသော ဥစ္စာများကို ပေးကမ်းခြင်း၌ ဤလောကတွင် စိတ်ကျေနပ်ခြင်း ရှိကြလျက် နောင်ဘဝတွင် အကျိုးခံစားရကြလိမ့်မည်။ ဘုရားသခင်၏ အမှုတော် တိုးတက်ရေးအတွက် သူတို့သည် မိမိတို့၏ တာဝန်ကို ဆောင်ရွက်ရမည်။ သခင်ဘုရားက သူတို့အား ချေးငှါးထားသော ဥစ္စာကို ကိုယ်တော်၏ စပျစ်ဥယျာဉ်၌ လုပ်ဆောင်ဖို့ လိုသော အလုပ်အတွက် သူတို့သည် အသုံးပြုရကြမည်။ 193T 121;CCB1 165.1

    မိမိတို့၏ ဥစ္စာကို ဘုရားသခင်၏ ဘဏ္ဍာတိုက်ထဲသို့ မပေးဘဲ မိမိတို့၏ သားသမီးများအတွက် စုဆောင်းထားခြင်းသည် သားသမီးတို့၏ ဝိညာဉ်ရေးကို ဘေးဖြစ်စေတတ်၏။ မိမိတို့ ကိုယ်တိုင်အတွက် ထိမိ၍ လဲစရာ ဖြစ်သော မိမိတို့၏ ပစ္စည်းကို သူတို့သည် သားသမီးတို့၏ လမ်းတွင်ထားကြခြင်းဖြင့် သားသမီးတို့ကို ပျက်စီးခြင်းသို့ ရောက်အောင် ထိမိ၍ လဲစေကြလိမ့်မည်။ အများသော သူတို့သည် ဤအသက်တာ၏ အရာများနှင့် ဆိုင်၍ ကြီးစွာသော အမှားကို ပြုတတ်ကြသည်။ ဘုရားသခင်က သူတို့အား ချေးငှါးသော ဥစ္စာကို မှန်ကန်စွာ အသုံးပြုခြင်းဖြင့် ရရှိသော အကျိုးစီးပွားကို မိမိတို့ ကိုယ်တိုင် နှင့် သူတစ်ပါးအတွက် အသုံးမပြုဘဲ၊ သူတို့သည် ချွေတာသဖြင့် ကိုယ်ကျိုး ရှာလျက် လောဘကြီးသော သူ ဖြစ်လာကြ၏။ သူတို့သည် မိမိတို့ အသုံးမပြုနိုင်သော ပစ္စည်းဥစ္စာကို စုဆောင်းခြင်းအလိုငှါ၊ မိမိတို့ ဝိညာဉ်ရေးတွင် ဂရုမစိုက်ဘဲ နေလျက် ဘုရားတရားရေးတွင် တိုးတက်ခြင်း မရှိကြတော့ချေ။ သူတို့သည် မိမိတို့၏ ဥစ္စာကို သားသမီးတို့အတွက် ထားခဲ့သဖြင့်၊ မိမိတို့ ကိုယ်တိုင်ထက် သူတို့၏ အမွေခံများအဖို့ ဆယ်ခါတွင် ကိုးခါလောက် သာ၍ ကြီးသော ကျိန်ခြင်းကိုပင် ဖြစ်စေ၏။ မိဘတို့၏ ပစ္စည်းကို အားကိုးနေသော သားသမီးတို့သည် ဤအသက်တာ၌ အောင်မြင်ခြင်း မရှိတတ်၊ ၎င်းပြင် နောင်ဘဝ၌လည်း လုံးလုံး အောင်မြင်ခြင်း မရနိုင်။CCB1 165.2

    သားသမီးတို့အတွက် မိဘများက ထားခဲ့နိုင်သော အကောင်းဆုံး အမွေကား၊ အသုံးကျသော အလုပ်အကိုင်ကို သိကျွမ်းနားလည်သော ဉာဏ် နှင့် ကိုယ်ကျိုး မရှာဘဲ ရက်ရောစွာ ပေးကမ်းတတ်သော အကျင့်၏ ပုံသက်သေ ဖြစ်သည်။ ထိုသို့သော အသက်တာမျိုးအားဖြင့် ငွေကြေး၏ မှန်ကန်သော တန်ဖိုးအကြောင်းကို သူတို့က ထင်ရှားစေ၏။ သူတို့၌ လိုသော အရာ နှင့် အခြား သူတို့၏ ဆင်းရဲခြင်း ဒုက္ခကို သက်သာ ဖြည့်စွက်စေရာ၌ လည်းကောင်း၊ ဘုရားသခင်၏ အမှုတော် တိုးတက်ရေးတွင် လည်းကောင်း ကောင်းကျိုးကို ဖြစ်မြောက်စေသည်အတွက် ၎င်းအမှုကို ဂုဏ်ယူစရာ အကြောင်းရှိပေသည်။ 203T 399;CCB1 166.1