Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်သည် တန်ဖိုးထားတော်မူသော သူတို့ကု စုံစမ်းတော်မူ၏။

    သခင်ယေရှုသသည် တိုးတက် ကြီးပွားစေရန် ပြုလုပ်လိုသော အဖိုးထိုက်သော အရာ တစ်စုံတစ်ခုကို ကျွန်ုပ်တို့ အထဲ၌ တွေ့မြင်တော်မူသောကြောင့် ကျွန်ုပ်တို့အား စုံစမ်းခြင်းကို ခံစေဖို့ရန် ခေါ်တော်မူကြောင်း ထင်ရှား၏။ ကျွန်ုပ်တို့ အထဲ၌ မိမိ၏နာမတော်ကို ထင်ရှားစေသော အရာ တစ်စုံတစ်ခုကိုမျှ ကိုယ်တော်သည် တွေ့တော်မမူလျှင်၊ ကိုယ်တော်သည် ကျွန်ုပ်တို့အား ချွတ်ခြင်းငှါ အချိန်ကုန်ခံတော်မူမည် မဟုတ်။ ဆူးပင်များကို ချိုင်ဖို့ ကျွန်ုပ်တို့သည် အထူး အပင်ပန်းခံကြသည် မဟုတ်။ သခင်ခရစ်တော်သည် အဖိုးမတန်သော ကျောက်များကို မိမိ၏ မီးဖိုထဲသို့ ထည့်တော်မမူ။ ကိုယ်တော်သည် အဖိုးထိုက်သော သတ္တုရိုင်းတို့ကိုသာ စစ်ဆေးတော်မူ၏။107T 214;CCB1 200.2

    တာဝန်ရှိသော အလုပ်အကိုင်များကို ဆောင်ရွက်ရန် ဘုရားသခင် ခန့်ထားတော်မူခြင်း ခံရသော သူတို့အား ဖုံးကွယ်နေသော မိမိတို့၏ ချွတ်ယွင်းချက်များကို ဘုရားသခင်သည် ကရုဏာတော်အားဖြင့် ဖော်ပြတော်မူသဖြင့်၊ သူတို့သည် မိမိတို့ ကိုယ်ကို ကြည့်ရှုလျက် ရှုပ်ထွေးသော စိတ်ထကြွမှုများ စိတ်ထဲ၌ ဖြစ်ပေါ်နေသော သဘောများကို သေချာစွာ စစ်ဆေးရှာဖွေ၍ မှားသော အရာများကို တွေ့ရှိကြလိမ့်မည်။ ထိုသို့အားဖြင့် သူတို့၏ စိတ်သဘော အခြေအနေ၊ အပြုအမူတို့ကို ပြုပြင်ပြောင်းလဲစေကြလိမ့်မည်။ လူတို့သည် မိမိတို့ ကိုယ်တိုင်၌ ရှိသော မှန်သော အမှုတို့ကို တိုးတက်အောင် ပြုလုပ်လျက် မှားသော အရာတို့ကို ပယ်ရှားနိုင်မည် အကြောင်း၊ လူတို့၏ အကျင့်စာရိတ္တကို စစ်ဆေး၍ သူတို့ အပြုအမူတို့ကို ဖြစ်စေသော စိတ်သဘောထားတို့ကို ဖော်ပြနိုင်တော်မူရန် ဘုရားသခင်သည် လူတို့အတွက် စီမံထားတော်မူ၏။ ဘုရားသခင်သည် မိမိ၏ ကျွန်များအား မိမိတို့ စိတ်နှလုံး၏ အကျင့်များနှင့် အကျွမ်းဝင်လာစေခြင်းငှါ အလိုရှိတော်မူ၏။ ဤကဲ့သို့ ဖြစ်စေလျက် ထိုအကျင့်များကို ဖြူစင်စေခြင်းငှါ ဘုရားသခင်သည် မကြာခဏ သူတို့အား စုံစမ်းခြင်း မီးနှင့် ကြံတွေ့စေခြင်းငှါ ခွင့်ပြုတော်မူ၏။ “လာတော်မူသော နေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ထိုသခင်သည် ငွေစစ်သော သူ၏ မီး၊ ခဝါသည် သုံးသော ဆပ်ပြာကဲ့သို့ ဖြစ်တော်မူ၏။ ငွေကို ချွတ်၍ သန့်ရှင်းစေသော သူကဲ့သို့ ထိုင်လျက် ရွှေငွေကို ချွတ်သကဲ့သို့ လေဝိသားတို့ကို ချွတ်၍ သန့်ရှင်းစေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရားအဖို့ ဖြစ်၍ ဖြောင့်မတ်ခြင်း ပူဇော်သက္ကာကို ပူဇော်ကြလိမ့်မည်။ မာလခိ၊ ၃: ၂၊ ၃။CCB1 200.3

    ဘုရားသခင်သည် မိမိ၏ လူများကို တစ်ဆင့်ပြီး တစ်ဆင့် လမ်းပြတော်မူ၏။ စိတ်နှလုံးထဲ၌ မည်ကဲ့သို့သော အခြေအနေသို့ ရောက်နေကြောင်း ထင်ရှားစေရန် ဘုရားသခင်သည် ခြားနားသော အချက်များသို့ ရောက်ရှိလာစေတော်မူ၏။ အချို့တို့သည် တစ်ချက်၌ ခံရပ်နိုင်၍ နောက်တစ်ချက်တွင်ကျဆုံးသွားကြ၏။ ရှေ့သို့ ရောက်လာသော အချက်တိုင်းတွင် စိတ်နှလုံးကို သာ၍ သေချာကြပ်တည်းစွာ စစ်ဆေးစုံစမ်းလိမ့်မည်။ မိမိတို့၏ စိတ်နှလုံးသည် ဤဖြောင့်သော အလုပ်နှင့် ဆန့်ကျင်နေကြောင်း ဘုရားသခင်၏ လူများဟု ခေါ်နေသော သူတို့သည် သိမြင်ကြသောအခါ၊ သူတို့သည် ထာဝရဘုရား၏ နှုတ်တော်မှ ထွေးပစ်ခြင်းကို မခံလိုကြလျှင်၊ သူတို့သည် အောင်မြင်ခြင်းငှါ သူတို့၌ ပြုလုပ်စရာ အလုပ် တစ်ခု ရှိကြောင်း သိရှိအပ်ကြသည်။12IT 187;CCB1 201.1

    ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ရန် နှင့် ဘုရားသခင်၏ ပညာတော်အားဖြင့် လမ်းပြခြင်းကို ခံယူရန် ကျွန်ုပ်တို့သည် မတတ်နိုင်ကြောင်းကို သိမြင်လာသည်နှင့် တစ်ပြိုင်နက်၊ ထာဝရဘုရားသည် ကျွန်ုပ်တို့ နှင့်အတူ လုပ်ကိုင် ဆောင်ရွက်နိုင်တော်မူ၏။ ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်ဝိညာဉ်ထဲမှ ကိုယ်ကို အားကိုးနေခြင်း သဘောကို ပယ်ရှားကြလျှင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့၌ လိုအပ်သော အရာ အပေါင်းကို ချပေးတော်မူမည်။137T 213;CCB1 202.1