Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အမှားအယွင်းကင်းသည့်သမ္မာကျမ်းစာ

    ဝေါလ်ဒင်းဆီးမှစ၍ ဝစ်ကလစ်၊ ဟပ်စ်၊ လူးသာ၊ ဇွင်းကလိ အစရှိသည့် ပြောင်းလဲရေးသမားများအဆုံး ပြုပြင်ပြောင်းလဲရေးသမားများအားလုံးက ယုံကြည်လက်ခံထားသော အဓိကအချက်တစ်ခုမှာ သမ္မာကျမ်းစာ၌ အမှားအယွင်း ကင်းခြင်းပင်ဖြစ်သည်။ သူတို့သည် မည်သည့်ယုံကြည်ချက်၊ ဖွင့်ဆိုချက်မဆို သမ္မာကျမ်းစာနှင့်သာ တိုက်ဆိုင်စစ်ဆေးသည့် နှုတ်ကပတ်တော်အပေါ် ယုံကြည်သောစိတ်ကြောင့် ထိုသန့်ရှင်းသူများသည် ကပ်တိုင်ပေါ်တွင် အသက်ပေးရဲကြသည်။ ‘‘ကျေနပ်ပါညီအစ်ကိုတို့၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ဖယောင်းတိုင်တစ်တိုင်လို အင်္ဂလန်မှာ ယနေ့ တို့ထွန်းလင်းကြရတယ်။ ကျွန်ုပ်ရဲ့ယုံကြည်ကိုးစားမှုကတော့ ဘယ်တော့မှ ငြိမ်းသတ်လို့ရမှာမဟုတ်ပါဘူး’’ ဟု မီးရှို့ကွပ်မျက်ခြင်းခံရသည့် ညီအစ်ကိုများအား လာတီဗာအားပေးခဲ့သည်။HFB 259.1

    အင်္ဂလန်ရှိပရိုတက်စတင့်အသင်းတော်များက ရောမထံတွင် အညံ့ခံပြီး သည့်နောက် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် စကော့တလန် ပရိုတက်စတင့် အသင်းတော်များမှာ အနှောင့်အယှက်ကင်းစွာဖြင့် ဝတ်ပြု ကိုးကွယ်နိုင်ခဲ့ကြသည်။ ၁၂ ရာစုတွင်မူ ရဟန်းမင်း၏အုပ်ချုပ်မှုကို စကော့တလန်တွင် တည်ဆောက်ခဲ့ရာ စကော့တလန်ထက် ဝိညာဉ်ရေးမှောင်မိုက်ကျသည့်နိုင်ငံ မရှိတော့ချေ။ သို့ရာတွင် အမှောင်ထုကို ဖြိုခွင်းသည့် အလင်းရောင်ရေးရေးကလေးတော့ ကျန်ရှိနေပေသေးသည်။ သမ္မာကျမ်းစာနှင့် ဝစ်ကလစ်၏စာပေများကို ယူဆောင်ပြီး အင်္ဂလန်မှလာသော လိုးလတ်များ (Lollards) HFB 259.2

    သည် ဧဝံဂေလိတရားအသိကို များစွာအဓွန့်ရှည်စေခဲ့ပါသည်။ ဘာသာရေးပြုပြင်ပြောင်းလဲရေး အစပျိုးလာသည်နှင့်အမျှ လူးသာ၏ စာပေများနှင့် တိုင်ဒေး၏ဓမ္မသစ်ကျမ်းစာအုပ်များလည်း ရောက်လာပါ တော့သည်။ အနှစ်လေးရာလောက် နှိပ်ကွပ်ခြင်းခံရသဖြင့် ငြိမ်းသေလုနီးနီး ဖြစ်နေသော သမ္မာတရားအလင်းကို အသစ်သော အသက်တာများ၌ ထွန်းညှိရင်း တောတောင်လျှိုမြောင်များပါမကျန် ထိုစာပေများက အသံတိတ် အလုပ်လုပ်ခဲ့ကြပါသည်။HFB 260.1

    ထိုနောက် ရဟန်းမင်း၏ခေါင်းဆောင်များသည် အန္တရာယ်ကို ရုတ်တရက်သိမြင်လာကာ စကော့တလန်မှ လူကြီးလူကောင်းများ၏ သားများမှ တချို့ကိုကွပ်မျက်ပစ်လိုက်ကြပါသည်။ စကော့တလန် တစ်နိုင်ငံလုံးတွင်တွေ့နေရသော ထိုမြင်ကွင်းများကြောင့် လူအပေါင်းတို့သည် ရောမ၏ အနှောင်အဖွဲ့မှ ရုန်းထွက်ရမည်ဟူသော ထာဝရတည်မြဲသည့်အသိကို ခံစားလာရပါသည်။HFB 260.2