Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    သန်းခေါင်ယံဟစ်ကြွေးခြင်း

    ဖွင့်ဆိုချက်များသည် ခိုင်မာမှုနှင့်ပြည့်စုံလျက်ရှိသည်။ ‘‘သန်းခေါင်ယံ ဟစ်ကြွေးခြင်း’’ ကို ထောင်ပေါင်းများစွာသောယုံကြည်သူများက ပြုလုပ်ခဲ့ ကြသည်။ ထိုလှုပ်ရှားမှုကြီးသည် ဒီရေအလား တစ်ရွာမှတစ်ရွာ၊ တစ်မြို့မှ တစ်မြို့သို့ ပျံ့နှံ့သွားခဲ့ပါသည်။ နေထွက်လာသောအခါ နှင်းပျောက်သွားသကဲ့သို့ ဘာသာရေးအယူသီးမှုများလည်း ပျောက်ကွယ်ကုန်ပါသည်။ ပုရောဖက် စကားများကိုနားထောင်လိုက်လျှောက်ကာ ရှေးခေတ်ဣသရေလများ ဘုရားသခင့်ထံတော်သို့ ပြန်လာကြသည့်အချိန်များနှယ် ထိုလုပ်ဆောင်မှု များသည် ဆင်တူနေပါသည်။ စိတ်နှလုံးကို ဆန်းစစ်ခြင်း၊ အပြစ်များကိုဝန်ချခြင်းနှင့် လောကအရာများကိုစွန့်လွှတ်ခြင်းများကို အသားပေးလုပ်ဆောင်နေကြသည်။ ဘုရားသခင့်ထံတွင် မခြွင်းမချိန်ဆက်ကပ် အပ်နှံခဲ့ကြသည်။HFB 427.1

    တမန်တော်ခေတ်မှစ၍ ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သော ဘာသာရေး လှုပ်ရှားမှုများတွင် ၁၈၄၄ ခုနှစ်၊ ဘာသာရေးလှုပ်ရှားမှုသည် လူသားများ၏ မစုံလင်မှုနှင့် စာတန်၏ပရိယာယ်မာယာများ အကင်းဆုံးလှုပ်ရှားမှုဖြစ်သည်။HFB 428.1

    ‘‘မင်္ဂလာဆောင်လုလင်လာပြီ’’ ဟု ကြေညာသောအခါ စောင့်နေသော ထို ‘‘သတို့သမီးအပေါင်းတို့သည်ထ၍ မီးခွက်များကို ပြင်ဆင်ကြ၏။’’ အဓိပ္ပါယ်မှာ သူတို့သည် မသိရှိခင် နှုတ်ကပတ်တော်ကို စိတ်ဝင်တစားလေ့လာ ခဲ့ကြသည်။ ခေါ်သည့်အချိန်တွင် ပထမဦးစွာတုံ့ပြန်ခဲ့ကြသူများသည် အစွမ်း သတ္တိအရှိဆုံးသူများ မဟုတ်ကြသော်လည်း နှိမ့်ချ၍ ဆက်ကပ်သူများ ဖြစ်ကြ၏။ လယ်သမားများက လယ်တောကိုစွန့်လျက်၊ စက်ဆရာများက အလုပ်ရုံကိုစွန့်လျက် သတိပေးစကားကိုကြွေးကြော်ရန် ဝမ်းသာအားရ ထွက်ခွာသွားခဲ့ကြပါသည်။ အသင်းတော်များသည် ယေဘုယျအားဖြင့် ထိုသတင်းစကားကို လက်မခံကြရာ၊ ထိုသတင်းစကားကို လက်ခံသူများမှာ ၎င်းတို့နှင့်အဆက်ဖြတ်ခဲ့ကြသည်။ ‘‘ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်လာပြီ’’ ဟူသော သတင်းစကားကိုဟောကြားသည့် မြော်လင့်ခြင်းတရားပွဲများသို့ တက်ရောက်လာကြသည့် မယုံကြည်သူများသည်လည်း ထိုသတင်းစကားတွင် ပါလာသောတန်ခိုးတော်ကို ခံစားခဲ့ကြရသည်။ ယုံကြည်ခြင်းသည် ဆုတောင်းဖို့အဖြေပေးခဲ့ရာ ရေငတ်နေသော မြေကြီးပေါ်သို့ မိုးရေပေါက်များကျသည့်နှယ် စိတ်အားကြီးစွာဆုတောင်းနေသည့် ထိုသူများ အပေါ်သို့ ဝိညာဉ်တော်မိုးကျရောက်ခဲ့ပါသည်။ မကြာမီအချိန်မှာ ကယ်တင်ရှင်နှင့် မျက်နှာချင်းဆိုင် ရပ်ထရတော့မည်ဟု မြော်လင့်နေသောထိုသူများသည် ကြီးကျယ်သောဝမ်းမြောက်မှုကို ခံစားကြရပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ၎င်းတို့၏နှလုံးသားများကို ကြည်နူးစေခဲ့ပါသည်။ HFB 428.2

    Larger font
    Smaller font
    Copy
    Print
    Contents