Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဝပ်ဘတ်၌လုံခြုံရေး

    လူးသာသည် ရုန်းရင်းခတ်ပြီး ပူလောင်သောတိုက်ပွဲများမှ ဝေးသည့် ဝပ်ဘတ်မှ နွေးထွေးသောလုံခြုံမှုအောက်တွင် ပျော်ရွှင်နေပါသည်။ သို့သော် လှုပ်ရှားတိုက်လှန်သောဘဝတွင် အကျင့်ရနေပြီဖြစ်သောလူးသာသည် အလုပ်တစ်ခုခုမလုပ်ဘဲ မနေတတ်တော့ချေ။ အသင်းတော်သည် ထိုသို့သူနှင့် အဆက်အသွယ်ပြတ်နေသောအချိန်များမှာပင် တိုးတက်ကြီးပွားနေပါသည်။ ထိုကဲ့သို့အေးအေးဆေးဆေး နေသဖြင့် သူရဲဘောကြောင်သည်ဟုလည်း အစွပ်စွဲခံရမှာကိုကြောက်သည်။ မိမိကိုယ်ကိုလည်း အပျင်းထူသူတစ်ဦး၊ ကိုယ်ကြိုက်တာကိုယ်လုပ်တဲ့သူဟု သူအပြစ်တင်ခဲ့ပါသည်။HFB 170.2

    သို့စေကာမူ လူတစ်ယောက် တစ်နေ့လုပ်နိုင်သည့်အတိုင်းအတာထက် ပို၍ နေ့စဉ်သူလုပ်ဆောင်ပြီးစီးခဲ့ချေပြီ။ သူ့မှင်တံသည် ရပ်နေသည်မရှိပါ။ ဆက်လက်လုပ်ဆောင်နေကြောင်း ထင်ရှားစေသည့် အထောက်အထား များကြောင့် သူ့ရန်သူများသည်ပင်လျှင်အံ့အားသင့်ကုန်ကြပါသည်။ သူရေးသား ခဲ့သောဝေစာပေါင်းများစွာကို ဂျာမနီပြည်အနှံသို့ဖြန့်ဝေခဲ့ပါသည်။ လူးသာသည် နေထိုင်ရာတောင်ပေါ်ရဲတိုက်မှနေ၍ တစ်နှစ်ပတ်လုံး ဧဝံဂေလိ တရားကို ဟောကြားခဲ့သည်။ ထိုခေတ်အခါ၏ မှားယွင်းမှုများကို ဆုံးမပဲ့ပြင်ခဲ့သည်။HFB 171.1

    ဘုရားသခင်သည် လူအများနှင့်ဆက်ဆံရသော အခြေအနေမှ မိမိ၏ ကျွန်အား သီးသန့်ခွဲထားတော်မူခဲ့သည်။ ဆိတ်ငြိမ်သော တောင်ပေါ်သီးခြား နေရာကလေးတွင် လောကီထောက်ခံမှုနှင့် လူထုချီးမွမ်းမှုများမှ လူးသာကင်းဝေးသွားပါသည်။ ဤနည်းအားဖြင့် အောင်မြင်မှုများကြောင့် ဖြစ်ပေါ်တတ်သော မာနထောင်လွှားခြင်းနှင့် ကိုယ့်ကိုကိုယ်အယုံကြည်လွန်ခြင်း များမှ သူ့အားကာကွယ်ပေးခဲ့ပါသည်။HFB 171.2

    လူသားများသည် အမှန်တရားက ယူဆောင်လာသော လွတ်လပ်မှုတွင် ပျော်ရွှင်အားရနေစဉ် စာတန်သည် ၎င်းတို့၏ အတွေးနှင့်သက်ဝင်မှုများကို ဘုရားသခင်ထံမှ လူသားအချင်းချင်းထံသို့ လမ်းလွှဲပေးရန် ကြိုးစားတတ်ပါသည်။ ဖြစ်အင်အားလုံးကို ညွှန်ကြားနေသောလက်တော်ကို လျစ်လျူရှုကာ လက်တော်က အသုံးချ သော ဝတ္ထုပစ္စည်းများကို အလေးထားလာရန် စာတန်ကြိုးစားတတ်ပါသည်။ အချီးမွမ်းခံရသော ဘာသာရေးခေါင်းဆောင်များသည် မကြာခဏ မိမိတို့ကိုယ်ကို ကိုးစားလာတတ်ကြပါသည်။ နှုတ်ကပတ်တော်ကို လမ်းပြကြယ် အဖြစ်ကြည့်ရမည့်အစား သူတို့ကို လမ်းပြအဖြစ် လူထုကြီးကကြည့်လာ ပါသည်။ ဘုရားသခင်သည် လူးသာတို့လုပ်ဆောင်နေသည့် ပြောင်းလဲရေး အလုပ်ကို ဤအန္တရာယ်မှ ကာကွယ်တော်မူရလိမ့်မည်။ လူးသာအား သမ္မာတရားကို အသေးစိတ်နားလည်သူအဖြစ် လူအများကရှုမြင်နေရာ ထိုသူများအား သမ္မာတရား အရှင်ထံသို့ ညွှန်ပြနိုင်ရန်အလို့ငှါ လူးသာအား လူအများရှေ့မှ ဖယ်ရှားတော်မူခဲ့ရသည်။HFB 171.3

    *****