Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သွန်သင်မှုအသစ်၏အသီးအပွင့်များထင်ရှားလာခြင်း

    သမ္မာကျမ်းစာကိုလျစ်လျူရှုထားရန် (သို့မဟုတ်) လုံးလုံးပစ်ထားရန် လူတွေကို လမ်းပြနေကြပါသည်။ နှိပ်ကွပ်ပိတ်ပင်မှုများကို မလိုလားသော ကျောင်းသားများသည် စာမသင်ကြတော့ဘဲ ကျောင်းထွက်သွားကြပါသည်။ ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဆက်လက်အသက်ရှင်အောင် ထိန်းချုပ်နိုင်စွမ်းရှိသည်ကို ကိုယ့်ကိုကိုယ် အထင်ကြီးနေသူများသည် ထိုလုပ်ငန်းကို ပျက်စီးလုနီးပါးအခြေအနေသို့ ရောက်သည်အထိ ဖျက်ဆီးခဲ့ကြပါသည်။ ရောမအသင်းတော်သည် ထိုသူများ၏ ယုံကြည်မှုကိုရရှိကာ ‘‘နောက်ဆုံးရုန်းကန်မှု တစ်ခုကလေးနဲ့ လူတွေအားလုံး တို့ဘက်ပါလာတာပဲ’’ ဟု ဝမ်းသာအားရ ဟစ်ကြွေးခဲ့ကြပါသည်။HFB 189.2

    ဝပ်ဘတ်မြို့တွင်ရှိနေသောလူးသာသည် ဖြစ်ပျက်သမျှ အကြောင်းစုံကို ကြားသောအခါ ‘‘စာတန်ဟာ တို့ဆီကို ဒီကပ်ရောဂါကြီး ဖြစ်စေလိမ့်မယ် ဆိုတာ ကျွန်ုပ်အမြဲမျှော်လင့်ထားပြီးသားပါ’’ ဟု စိုးရိမ်တကြီးဖွင့်ဟခဲ့သည်။ ထိုဟန်ဆောင်ပုရောဖက်များ၏ ဇာတိသရုပ်မှန်ကိုလည်း သူသိထားပါသည်။ ယခုတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကြီး၏ မိတ်ဆွေများပါဟုဆိုသူများ သည် အတိုက်အခံပြုနေသော ဧကရာဇ်နှင့် ရဟန်းမင်းတို့ထက် ရှုပ်ထွေးမှုများနှင့် တိုက်လှန်မှုများဖြစ်အောင် ပို၍လုပ်ဆောင်နေကြသည်။HFB 190.1

    လူးသာမှာမူ ရှေ့သို့ဆက်လက်ဆောင်ရွက်ရန် ဝိညာဉ်တော် ဘုရားသခင်၏တိုက်တွန်းခြင်းကိုခံရသည်။ သို့စေကာမူ ‘‘ကျွန်တော် ဟောကြားနေတဲ့ ဧဝံဂေလိတရားဟာ လူတစ်ဦးတစ်ယောက်အား မထိခိုက်နိုင်တာ မှန်တယ်ထားဦး၊ အကယ်၍များ နိမ့်ကျဆင်းရဲတဲ့ သူတစ်ယောက်ယောက်ကိုဖြစ်ဖြစ် ထိခိုက်စေခဲ့မယ်ဆိုရင် ကျွန်တော်ဟောခဲ့ တာတွေအတွက် နောက်ဆုတ်မနေတော့ဘဲ ဆယ်ခါသေပစ်လိုက်မယ်’’ ဟုဆိုကာ မိမိလုပ်ဆောင်မှုမှ ထွက်ပေါ်လာသောရလဒ်အတွက် မကြာခဏ လူးသာစိုးရိမ်တတ်သည်။HFB 190.2

    ဝစ်တင်းဘတ်မြို့မှာမူ အယူသီးခြင်း၊ ဥပဒေမဲ့ခြင်းတန်ခိုးအောက်တွင် ကျဆုံးလျက်ရှိသည်။ လူးသာကြောင့် ထိုသို့ဖြစ်ရသည်ဟု ဂျာမနီအနှံ့ရှိ လူးသာ၏ရန်သူများက စွပ်စွဲနေကြသည်။ ‘‘ဒီလိုမျိုးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီးဟာ အဆုံးသတ်သွားပြီလား’’ ဟု သူခါးခါးသီးသီးမေးကာ ထာဝရဘုရားသခင်ထံတွင် ဆုတောင်းပတ္ထနာပြုခဲ့ရာ စိတ်၏ငြိမ်သက်ခြင်းကို သူတစ်ဖန်ပြန်လည်ရရှိခဲ့ပါသည်။ ‘‘ဤအမှုတော်သည် ကျွန်ုပ်၏အမှုတော် မဟုတ်၊ ကိုယ်တော်၏ အမှုတော်ဖြစ်၏’’ ဟုဆိုကာ ဝစ်တင်းဘတ်သို့ပြန်ရန် သူဆုံးဖြတ်ချက်ချခဲ့သည်။HFB 191.1

    သူသည် ထိုအင်ပါယာ၏တားမြစ်ပိတ်ပင်ခြင်းကို ခံထားရသူ တစ်ဦးဖြစ်သည်။ ရန်သူများသည် သူ့အား လွတ်လွတ်လပ်လပ် သုတ်သင်ပစ်နိုင်သည်။ သူ့အားလက်မခံရန် မိတ်ဆွေများကိုလည်း တားမြစ်ထားသည်။ သို့ရာတွင် ဧဝံဂေလိအမှုတော်သည် အန္တရာယ်စက်ကွင်းထဲ ကျရောက်နေကြောင်း သူတွေ့မြင်သောအခါ သမ္မာတရားအတွက် တိုက်ပွဲဝင်ရန် ခရစ်တော်၏နာမတော်၌ ရဲဝံ့စွာထွက်ခွာခဲ့ပါသည်။ ‘‘ကျွန်ုပ်ဟာ မင်းညီမင်းသားများနဲ့ လွှတ်တော်အမတ်များပေးတဲ့အကာအကွယ်ထက် များစွာသာလွန်သောကာကွယ်မှုအောက်တွင် ဝစ်တင်းဘတ်ကိုသွားနေပါတယ်။ အမတ်မင်းထံမှ ထောက်ခံမှုကိုတောင်းဖို့ ကျွန်တော်မစဉ်းစားပါ။ အမတ်မင်းထံမှ အကာအကွယ်ကိုတောင်းဖို့နေနေသာသာ ကျွန်တော်ကိုယ်တိုင် အမတ်မင်းကိုကာကွယ်ပေးပါမယ်။---ဤအမှုတော်ကြီးကို စစ်သူရဲ အလုံးအရင်းအားဖြင့် ပြီးမြောက်အောင်မလုပ်ဆောင်နိုင်ပါ။ ဘုရားသခင် တစ်ပါးတည်းသာ အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူ၏။’’ ဟု လူးသာက ထိုအမတ်မင်းထံသို့စာရေးခဲ့ပါသည်။ ၎င်းပြင်ဒုတိယ စာတစ်စောင်တွင် ‘‘ကျွန်တော်ဟာ အမတ်မင်းရဲ့သဘောမတွေ့မှုနှင့် တစ်ကမ္ဘာလုံးရဲ့ စိတ်ဆိုးမှုကိုခံဖို့ အဆင်သင့်ရှိပါတယ်။ ဝစ်တင်းဘတ်မြို့သား တွေဟာ ကျွန်တော့်သိုးတွေမဟုတ်ပါလား။ အကယ်၍လိုအပ်ခဲ့လျှင် သူတို့ ကောင်းစားရေးအတွက် အသက်ဆုံးရှုံးနိုင်တဲ့နေရာကို ကျွန်တော်မသွားသင့် ဘူးလား’’ ဟု ထပ်လောင်းရေးသားခဲ့ပါသည်။HFB 191.2