Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နိမိတ်ဆိုးများ

    ယေရုရှလင်မြို့ကြီးသည် ခရစ်တော်အနာဂတ္တိပြုတော်မူသည့် အတိုင်း တစ်သဝေမတိမ်း ပျက်စီးသွားခဲ့ပါသည်။ ပုဗ္ဗနိမိတ်များလည်း ထင်ရှားခဲ့ပေပြီ။ လူတစ်ယောက်သည် ခုနစ်နှစ်ခုနစ်လီ ယေရုရှလင်မြို့ရှိလမ်းများပေါ်မှာ သတိပေးဟောကြားခဲ့သည်။ ထိုသူကို ဖမ်းဆီးချုပ်နှောင်ကာ ကြိမ်ဒဏ်၊ ထောင်ဒဏ်များ ပေးခဲ့သော်လည်း “ယေရုရှလင်မြို့သည် အမင်္ဂလာရှိ၏” ဟု ထပ်ခါတလဲ ဟစ်ကြွေးနေသဖြင့် အဆုံးတွင်ထိုသူကို အဆုံးစီရင်ပစ်လိုက်ကြသည်။HFB 11.1

    ယေရုရှလင်မြို့ကြီး ပျက်စီးသောအချိန်တွင် ခရစ်ယာန် တစ်ဦးတစ်ယောက်မျှ သေကြေပျက်စီးခြင်းမရှိခဲ့ချေ။ ရောမစစ်ဗိုလ်ချုပ် စက်စ်တီးရပ်သည် မြို့ကိုဝိုင်းထားခဲ့သော်လည်း မဖျက်ဆီးဘဲ ပြန်ဆုတ် သွားခဲ့ပါသည်။ ထိုဗိုလ်ချုပ်သည် ခိုင်လုံသော အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ တပ်ဆုတ်သွားခြင်းသည် စောင့်မျှော်နေသော ခရစ်ယာန်များအတွက် ကတိတော်နှင့်ယှဉ်သည့် ပုဗ္ဗနိမိတ်တစ်ခုဖြစ်သည်။ လုကာ ၂၁:၂၀-၂၁။HFB 11.2

    အဖြစ်အပျက်များသည် ထင်မှတ်ထားသည့်အတိုင်း ဖြစ်မလာသဖြင့် ယုဒများသာမက ရောမများပင်လျှင် ခရစ်ယာန်များ ထွက်ပြေးမသွားနိုင်အောင် မဟန့်တားနိုင်ကြချေ။ ရောမစစ်တပ်ကို ပြန်လည် ရုတ်သိမ်းသွားခြင်းအပေါ် အခွင့်ကောင်းယူကာ ယုဒများသည် ဆုတ်ခွာ သွားသည့် ထိုရောမစစ်တပ်ကို နောက်မှလိုက်၍ တိုက်ခိုက်နေချိန် တွင်ခရစ်ယာန်များသည် အဟန့်အတားမရှိ၊ လုံခြုံရာပဲလာမြို့သို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ကြသည်။HFB 11.3

    ယုဒများက ရောမစစ်တပ်အား နောက်မှလိုက်လံတိုက်ခိုက် နေသဖြင့် စက်စ်တီးရပ်သည် ခက်ခက်ခဲခဲဆုတ်ခွာသွားခဲ့ရသည်။ အောင်ပွဲဆင်လာသည့် ယုဒစစ်တပ် ယေရုရှလင်မြို့ထဲသို့ ရင်ကော့ကာ ချီတက်လာနိုင်ခဲ့သော်လည်း ထိုအောင်ပွဲသည် ၎င်းတို့အတွက် မကောင်းမှုကိုဆောင်လာပါသည်။ ရောမများအပေါ် ခေါင်းမာစွာ တုံ့ပြန်ခဲ့ကြသည့် ၎င်းတို့၏လုပ်ရပ်သည် စီရင်ချက်ချခြင်းခံရသော မြို့တော်အပေါ်သို့ မဖေါ်ပြနိုင်လောက်အောင် ဆိုးရွားသည့်အမင်္ဂလာ များကို ကျရောက်စေခဲ့ပါသည်။HFB 12.1

    ရောမစစ်ဗိုလ်ချုပ်တိုက်တပ်စ်၏စစ်တပ်က ယေရုရှလင်မြို့ကို ဝိုင်းထားသောအချိန်တွင် ဖြစ်ပေါ်လာသည့်ကပ်များသည် ကြောက်လန့် စရာအလွန်ကောင်းပါသည်။ သန်းနှင့်ချီသောယုဒလူထုကြီးသည် တံတိုင်းတော်အတွင်း ပသခါပွဲကျင်းပရန် စုရုံးနေစဉ်တွင် မြို့တော် ကိုဝိုင်းခဲ့ကြပါသည်။ ပြိုင်ဘက်ဂိုဏ်းဂဏများ၏ကလဲ့စား ချေမှုကြောင့် ရိက္ခာဂိုဒေါင်များ အဖျက်ဆီးခံခဲ့ရပါသည်။ ထိုကြောင့် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးကိုရင်ဆိုင်ကာ ခါးပတ်သားရေ၊ ဖိနပ် သားရေနှင့် ဒိုင်းလွှား တပ်ဆင်ထားသည့် သားရေများကိုပင် စားရသည့်အခြေသို့ ရောက်ခဲ့ပါသည်။ လူများစွာတို့သည် မြို့ပြင်တွင် ပေါက်နေသည့် တောရိုင်းပင်များကို စားစရာဖို့စုသိမ်းရန် တိတ်တခိုးသွားခဲ့ကြရာ တချို့မှာ ရက်စက်စွာအသတ်ခံကြရပါသည်။ တချို့ မှာမူ ၎င်းတို့စုသိမ်းရရှိခဲ့သောရိက္ခာများကို အလုခံကြရပါသည်။ ဇနီးသည်ကိုခင်ပွန်းက လုယက်သကဲ့သို့ ခင်ပွန်းကလည်း မိမိ၏ ဇနီးကိုလုယက်တိုက်ခိုက်ကြရုံသာမက သားသမီးငယ်များသည် မိမိတို့၏ အဘိုးအဘွားများထံမှ လု၍စားသည်အထိ အခြေအနေဆိုးလာ ပါသည်။HFB 12.2

    ယုဒလူများကြောက်လန့်လာကာ အရှုံးပေးလက်မြှောက်လာရန် ရောမခေါင်းဆောင် များက ရက်စက်ပြကြပါသည်။ အကျဉ်းသားများကို ကြိမ်ဒဏ်ပေးခြင်း၊ ညှဉ်းပန်းခြင်း၊ ကပ်တိုင်တင်ခြင်းများကို တံတိုင်းတော် အတွင်းမှာပင် ပြုလုပ်ခဲ့ကြသည်။ ယောရှဖတ်လွင်ပြင် နှင့်ကရာနီကုန်းတို့တွင် ကပ်တိုင်များနှင့်ပြည့်နှက်နေသည်အထိ “သူ၏ အသွေးသည် ငါတို့ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့၏ ခေါင်းပေါ်၌လည်းကောင်း တည်ရှိပါစေ” ဟု ပိလတ်မင်း၏တရားရုံးတွင် ဖွင့်ဆိုခဲ့သောယုဒတို့၏ ကျန်ဆိုမှုသည် ပြည့်စုံခဲ့ပါသည်။HFB 13.1

    ဗိုလ်ချုပ်တိုက်တပ်စ်သည်ပင် ကွင်းပြင်ကြီး၌ စုပုံနေသည့် အလောင်းများ၏ မြင်ကွင်းများကြောင့် တုန်လှုပ်ချောက်ချားသွားပါသည်။ သူသည် ဗိမာန်တော်ကြီး၏ ကြီးကျယ်မှုကို ကြည့်မြင်ကာ နှလုံးပီတိဖြစ်လျက် ဗိမာန်တော်အား လက်ဖျားနှင့်ပင်မတို့ရန် လူအပေါင်းတို့အား အမိန့်ပေး ခဲ့သည်။ သန့်ရှင်းရာဌာနတော်ကို သွေးထွက်သံယိုမှုဖြင့် ညစ်ညမ်းမှုဖြစ်အောင် မိမိအားကျူးလွန်စေဖို့ ဖိအားမပေးကြရန်လည်း ယုဒခေါင်းဆောင်များအား တိုက်တွန်းခဲ့ပါသည်။ မည်သည့်ရောမစစ်သားကမျှဗိမာန်တော်၏ သန့်ရှင်းခြင်း ကိုမညစ်ညူးစေလိုသည်မှာ ၎င်း၏ဆန္ဒဖြစ်၏။ ဗိမာန်တော်နှင့်တကွ ယေရုရှလင်မြို့ကြီးကိုကာကွယ်ပေးရန်ဂျိုးဇက်ဖတ်စ်ကိုယ်တိုင်လည်းHFB 13.2

    ၎င်းတို့အား အနူးအညွတ်တောင်းပန်ခဲ့ပါသည်။ သို့ရာတွင် နောက်ဆုံးသော လူသားဖျန်ဖြေရေးသမားသည် ခါးသီးသောကျိန်ဆဲမှုများနှင့်အတူ မြားဒဏ် သင့်၍ သေပွဲဝင်ခဲ့ရပါသည်။ ဗိမာန်တော်ကိုကာကွယ်ရန် ကြိုးစားခဲ့သည့် ဗိုလ်ချုပ်ကြီး တိုက်တပ်စ်၏ အားထုတ်မှုများသည်လည်း အရာမထင်ခဲ့ချေ။ အကြောင်းမှာ ၎င်းထက်ကြီးမြတ်သော သခင်ယေရှုက ကျောက်တစ်လုံး အပေါ်မှာ တစ်တုံးမတည်မရှိရဟု ကျိန်ဆိုခဲ့သောကြောင့် ဖြစ်သည်။HFB 14.1

    တိုက်တပ်စ်သည် ဗိမာန်တော်ကြီးအား အဖျက်ဆီးမခံရစေဖို့ တရကြမ်းစီးနင်းသိမ်းပိုက်ရန် နောက်ဆုံးတွင် ဆုံးဖြတ်ခဲ့သော်လည်း ၎င်း၏အမိန့်ကို မည်သူကမျှ မနာခံခဲ့ချေ။ စစ်သားတစ်ဦးက ပစ်လိုက်သည့် မီးဒုတ်တစ်ခုသည် ဆင်ဝင်တစ်ခုပေါ်သို့ ကျရောက်ကာ သစ်သားဖြင့် တည်ဆောက်ထားသည့်အခန်းများ၌ ချက်ချင်းမီးစွဲလောင်ခဲ့ပါသည်။ မီးစွဲလောင်ရာသို့ တိုက်တပ်စ်ရောက်ရှိလာပြီး မီးကိုအလျင် အမြန်ငြိမ်းသတ်ရန် အမိန့်ပေးခဲ့သော်လည်း မည်သူကမျှ သူ့အမိန့်ကို မနာခံခဲ့ချေ။ စစ်သားများသည် ကပ်လျက်ရှိသော ဗိမာန်တော်အဆောင်များပေါ်သို့ မီးဒုတ်များကို စိတ်ဆိုးမာန်ဆိုးဖြင့် ပစ်လွှတ်ကြရာ ထိုအဆောင်များထဲတွင် ခိုလှုံနေသူများသည် မီးသင့်လောင်ကျွမ်းကာ သွေးချောင်းစီးခဲ့ပါသည်။HFB 14.2

    ဗိမာန်တော်ကြီးအဖျက်ဆီးခံရပြီးသည့်နောက် ယေရုရှလင် မြို့ကြီးသည် ရောမလက်အောက်သို့ကျရောက်သွားပါသည်။ ယုဒ ခေါင်းဆောင်များသည်လည်း ဖြိုဖျက်ရန်မဖြစ်နိုင်အောင် ခိုင်ခံ့လုံခြုံသည်ဟု အထင်ရှိခဲ့သော ၎င်းတို့၏မျှော်စင်များကို စွန့်ခွါထွက်ပြေးသွားကြပါသည်။ ထာဝရဘုရားသခင်သည် မိမိ၏လက်ထဲသို့ ထိုသူHFB 14.3

    များအား ပေးအပ်တော်မူလိုက်ပြီဟု တိုက်တပ်စ်ကကြေညာခဲ့သည်။ အကြောင်းမှာ မည်သည့်အရာကမျှ ထိုအံ့ဖွယ်လိလိတိုက်ခိုက်မှုကို မကျော်လွှား နိုင်တော့ချေ။ မြို့တော်နှင့်တကွ ဗိမာန်တော်၏ အုတ်မြစ်များသည် မြေလှန်ဖျက်ဆီးခြင်းခံရသည်။ သန့်ရှင်းသောအိမ်တော်တည်ဆောက်ထားသည့် မြေကိုလည်း လယ်ထွန်သကဲ့သို့အထွန်ခံခဲ့ရသည်။ ယေရမိ ၂၆:၁၈။ ယုဒလူများ သန်းနှင့်ချီ၍ သေပွဲဝင်ခဲ့ရပြီး အသက်မသေဘဲ ကျန်ရစ်သူများမှာလည်း စစ်သုံ့ပန်းအဖြစ်အဖမ်းခံရ သူရှိသလိုကျွန်အဖြစ် ရောင်းစားခြင်းခံခဲ့ရသူများ လည်းရှိသည်။ ထိုကျွန်များကိုရောမသို့ခေါ်သွားကာ ခြင်္သေ့စာ၊ ကျားစာ ကျွေးခဲ့ ကြပါသည်။ တချို့မှာလည်းအိုးအိမ်မဲ့ဘဝဖြင့် အရပ်ရပ်ကွဲလွင့်သွားကြပါသည်။HFB 15.1

    ဟောရှေ ၁၃:၉ နှင့် ၁၄:၁ တွင် “အိုဣသရေလ၊ သင့်ကို ကယ်တင်နိုင်သောအရှင်၊ ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။” “အိုဣသရေလ၊ သင်သည် ကိုယ်ပြုသော ဒစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိ၏” ဟု ဖွင့်ဆိုထားသကဲ့သို့ ယုဒများသည် အမျက်တော်ခွက်ဖလားကို ကိုယ်တိုင်ဖြည့်ခဲ့ကြသည်။ နောက်ဆက်တွဲ ဖြစ်ပေါ်လာသောဆိုးကျိုးအသီးများသည် မိမိတို့ကိုယ်တိုင် စိုက်ခဲ့သည့်အပင်မှ ဆွတ်ခူးခဲ့ရသော အသီးများဖြစ်သည်။ သူတို့ခံစားခဲ့ရသည့်အခက်အခဲများကို ဘုရားသခင်က တိုက်ရိုက်ချမှတ် သည့်အပြစ်ဒဏ်များကဲ့သို့ မကြာခဏသူတို့ဖော်ပြခဲ့ကြပါသည်။ ထိုနည်းအားဖြင့် စာတန်သည်သူ၏လုပ်ဆောင်မှုများကို ဖုံးကွယ်ခဲ့သည်။ အမှန်မှာယုဒသည် ဘုရားသခင်၏ ချစ်ခြင်းနှင့်ကရုဏာတော်ကို ခေါင်းမာစွာငြင်းဆန်ခြင်းဖြင့် သူတို့အား ကွယ်ကာတော် မူသည့်ဘုရားသခင်၏ လက်တော်ကို ရုတ်သိမ်းစေခဲ့ကြခြင်းသာ ဖြစ်သည်။HFB 15.2

    ကျွန်ုပ်တို့သည်လည်း ခံစားရသောငြိမ်သက်ခြင်းနှင့် အကွယ်အကာများ အတွက် ခရစ်တော်အား မည်မျှအကြွေးတင်နေသည်ကို မသိရှိနိုင်ကြချေ။ ဘုရားသခင်၏ အနိုင်အထက်ပြုသော တန်ခိုးတော်သည် စာတန်၏ ထိန်းချုပ်မှုမှ လုံးလုံးကင်းလွတ်လာအောင် လူသားများအား ကာကွယ်တော်မူသည်။ နားထောင်မှုမရှိသူများနှင့် ကျေးဇူး မသိတတ်သူများပင် ဘုရားသခင်၏ ကရုဏာတော်အတွက် ကျေးဇူး တင်သင့်သည်ဟု နားလည်သိရှိကြသည်။ သို့ရာတွင် လူသားများသည် ဘုရားသခင်၏ သည်းခံမှုအတိုင်းအတာကို ကျော်လွန်သွားပါလျှင် ဘုရားသခင်၏အနိုင်အထက်ပြုသော တန်ခိုးတော်သည်ပယ်ရှားပျောက် လွင့်သွားပါသည်။ ဘုရားသခင်သည် ကျူးလွန်သောဒုစရိုက်များအတွက် အပြစ်သားများကိုစီရင်သည့် အာဏာပါးကွက်သားတစ်ဦး မဟုတ်ဘဲ ကရုဏာတော်ကိုငြင်းဆန်သူများအား မိမိတို့စိုက်သည့်အတိုင်း ရိတ်စေရန် စွန့်ပစ်ထားတော်မူခြင်းသာဖြစ်သည်။ ၎င်းတို့ ငြင်းပယ်သော အလင်းတန်းတစ်ခုစီသည် မဖြစ်မနေရိတ်သိမ်းမှုကို ဖြစ်စေသည့် အစေ့တစ်ခုစီဖြစ်သည်။ ထပ်ခါတလဲငြင်းဆန်နေပါလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် အဆုံးတွင် တပ်ဆုတ်ရုတ်သိမ်းသွားမည်သာတည်း။ ထိုအချိန်တွင် ကျွန်ုပ်တို့၌ မကောင်းသော ကိလေသာစိတ်ကိုထိန်းချုပ်နိုင်သည့် တန်ခိုးမရှိတော့ချေ။ စာတန်၏ ရန်ညှိုးဖွဲ့မှုမှ ကာကွယ်ပေးသည့် အကာကွယ်လည်းရှိတော့မည်မဟုတ်ချေ။HFB 16.1

    ယေရုရှလင်မြို့ကြီး ပျက်စီးသွားခြင်းအကြောင်းအရာများသည် ဘုရားသခင်၏ ကရုဏာတော်ကိုလက်ခံရန် ငြင်းဆန်နေသူများ အားလုံးအတွက် ပြင်းထန်သော သတိပေးချက်တစ်ရပ်ဖြစ်သည်။ ခရစ်တော်ဖွင့်ဆိုသည့် ယေရုရှလင်မြို့ပေါ်သို့ကျရောက်မည့် တရားစီရင်HFB 16.2

    ခြင်းဆိုင်ရာအနာဂတ္တိစကား၌ အခြားပြည့်စုံစရာတစ်ခုရှိနေသေးသည်။ ကျွန်ုပ်တို့သည် ထိုမြို့တော်ရင်ဆိုင်ခဲ့ရသောကြမ္မာဆိုးတွင် ဘုရားသခင်၏ ကရုဏာတော်ကိုငြင်းပယ်သူများနှင့် ပညတ်တော်ကို နင်းခြေသူများတွင် ကျရောက်မည့်ပြစ်ဒဏ်ကိုတွေ့မြင်ရသည်။ မှောင်မိုက်ခြင်းသည် ကမ္ဘာကြီး တွေ့မြင်ခဲ့သောလူသားများ၏ ဒုက္ခမှတ်တမ်းဖြစ်ပြီး ကြောက်လန့်ဖွယ်ရာ များသည် ဘုရားသခင်၏အာဏာတော်ကို ငြင်းဆန်ခြင်းရလဒ်များ ဖြစ်သည်။ သို့ရာတွင် ပို၍မှောင်မိုက်သော မြင်ကွင်းကို အနာဂတ်ဗျာဒိတ်တော်တွင် တင်ပြထားပါသည်။ ဘုရားသခင်၏ဝိညာဉ်တော်ကို ရုတ်သိမ်းသွားသော အချိန်တွင် လူသားများ၏ ကိလေသာစိတ်နှင့် စာတန်၏အမျက်ကို ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ ကမ္ဘာကြီးသည် စာတန်အုပ်ချုပ်မှု၏ ရလဒ်ကို ထူးခြားစွာ တွေ့မြင်ရလိမ့်မည်။HFB 17.1

    ထိုနေ့ရက်တွင် ယေရုရှလင်မြို့ကြီး ပျက်စီးသွားတုန်းကကဲ့သို့ပင် ဘုရားသခင်၏ သားသမီးများသည် ကယ်မခြင်းကိုခံရလိမ့်မည်။ (ဟေရှာယ ၄:၃။ မဿဲ ၂၄:၃၀-၃၁ ကိုကြည့်ပါ)။ ခရစ်တော်သည် မိမိအပေါ် သစ္စာစောင့်သိသူများအား ကယ်တင်ရန် ဒုတိယအကြိမ် ကြွလာလိမ့်ဦးမည်။ “မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေး မြည်တမ်းကြ၍ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ လူသားသည် မိမိတမန်တို့ကို စေလွှတ်၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့် သူတို့သည် ရွေးချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးကြလိမ့်မည်။” မဿဲ ၂၄:၃၀-၃၁။HFB 17.2

    ခရစ်တော်၏ မိန့်မှာချက်များကို လျစ်လျူရှုမိမည်စိုးသဖြင့် လူအပေါင်းတို့ကို သတိပေးကြပါ။ ယေရုရှလင်မြို့သားများအား အသက်ဘေးမှလွတ်မြောက်အောင် အချိန်မီ လုပ်ဆောင်နိုင်ရန် ယေရုရှလင် မြို့ကြီးပျက်စီးမည့်အရေးကို သတိပေးတော်မူသကဲ့သို့ နောက်ဆုံးသော နေ့ရက်များအကြောင်းကို ကမ္ဘာကြီးအား ကိုယ်တော် သတိပေးနေပါသည်။ ဆန္ဒရှိသူအပေါင်းသည် ရောက်ရှိလာတော့မည့် အမျက်တော်မှ ရှောင်ပြေးနိုင်ကြပါသည်။ “ထိုအခါ နေ၊ လ၊ ကြယ် နက္ခတ်တို့၌ ပုဗ္ဗနိမိတ် ထင်ရှားလာလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း --- ဖြစ်ကြလိမ့်မည်။” လုကာ ၂၁:၂၅။ ထိုကြောင့် “သင်တို့ --- သတိနှင့် စောင့်နေကြလော့” ဟု ခရစ်တော် မိန့်မှာခဲ့သည်။ မာကု ၁၃:၃၅။ ထိုသတိပေးစကားကို ဂရုထားသော သူများသည် အမှောင်ထဲတွင် ထားခဲ့ခြင်းခံရမည် မဟုတ်ချေ။HFB 18.1

    ယေရုရှလင်မြို့နှင့်ပတ်သက်သော သတိပေးစကားကို ယုဒများ လက်ခံရန် အဆင်သင့် မဖြစ်သေးသကဲ့သို့ ယနေ့ကမ္ဘာကြီးသည်လည်း ယခုခေတ်အတွက်ပေးသည့် သတင်းစကားကိုလက်ခံရန် အဆင်သင့် မရှိကြသေးချေ။ ဘုရားတရားမကိုင်းရှိုင်းသော သူများထံသို့ ဘုရား သခင်၏နေ့ရက်ကြီးသည် မထင်မှတ်သောအချိန်တွင် ရောက်လာလိမ့်မည်။ အသက်တာများသည် ပုံမှန်အနေအထားဖြင့် ဆက်လက် လှုပ်ရှားနေသော အချိန်၊ လူသားများသည် အပျော်အပါးတွင် လည်းကောင်း၊ စီးပွားရေး လုပ်ငန်းများတွင်လည်းကောင်း၊ ငွေရှာခြင်းတွင်လည်းကောင်း နစ်မြုပ်နေသော အချိန်၊ ဘာသာရေးခေါင်းဆောင်များသည် ကမ္ဘာ့တိုးတက်မှုကို ပုံကြီးချဲ့ ဟောကြားနေသောအချိန်၊HFB 18.2

    လူအပေါင်းတို့သည် မစစ်မှန်သောလုံခြုံမှုတွင် ငြိမ်သက်အိပ်ပျော်နေ သောအချိန်၊ ထိုအချိန်တွင် အစောင့်အကြပ်မဲ့အိမ်ထဲသို့ ညသန်းခေါင် အချိန်သူခိုးဝင်သကဲ့သို့ ပျက်စီးခြင်းသည်လည်း ဘုရားတရားမရှိသူများနှင့် နမော်နမဲ့နေသူများထံသို့ ရောက်ရှိလာလိမ့်မည်။ မည်သူမျှ “လွတ်ခြင်းအခွင့် မရှိမရကြ။” ၁သက်၊ ၅:၃။HFB 19.1

    *****