Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သတိဝီရိယရှိသောရန်သူတစ်ဦး

    သတိဝီရီယရှိသော ထိုရန်သူကြီးသည် အိမ်တိုင်း၊ လမ်းတိုင်း၊ ဘုရားကျောင်းတိုင်း၊ အမျိုးသားကောင်စီတိုင်း၊ တရားရုံးတိုင်း တွင် ကျူးကျော်ရောက်ရှိနေပြီး လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး အားလုံးကို စိတ်ရှုပ်စေလျက်ရှိသည်။ လှည့်ဖြားလျက်ရှိသည်။ သွေးဆောင် ဖြားယောင်းကာ ဖျက်ဆီးလျက်ရှိသည်။ သူသည်အိမ်ထောင်များကို ကွဲပြဲစေလျက် မုန်းတီးခြင်း၊ တိုက်ခိုက်ခြင်း၊ ကွဲပြဲခြင်းနှင့် သတ်ဖြတ်ခြင်း မျိုးစေ့များကိုကြဲနေပါသည်။ လောကရှိလူတို့က ထိုအရာများကို ဘုရားသခင်၏အလိုတော်ဟု မှတ်ယူနေကြသယောင်ဖြစ်နေသည်။ ခရစ်တော်၏နောက်လိုက်ဟု အသတ်မှတ်မခံရသူများသည် စာတန်၏တပည့် တော်များဖြစ်သည်။ ထာဝရဘုရားကိုမယုံကြည်သော လူ့အသိုက်အဝန်းများ တွင်နေထိုင်အသက်ရှင်ရန် ခရစ်ယာန်များရွေးချယ်သောအချိန်တွင် ၎င်းတို့သည် စုံစမ်းနှောင့်ယှက်ခြင်းခံရမည့်အခြေအနေတွင် မိမိကိုယ်ကို ထားရှိခြင်းဖြစ်သည်။ စာတန်မှာမူ ကန့်လန့်ကာနောက်ကွယ်မှ လှည်ဖြားခြင်း လုပ်ရပ်များကို ချုပ်ကိုင်နေပါသည်။HFB 551.2

    လောကီနှင့်ဆိုင်သော ဓလေ့ထုံးစံများအတိုင်း နေထိုင်အသက်ရှင် ခြင်းကြောင့် လောကသည် ခရစ်တော်ထံ၌ ပြောင်းလဲမှုရှိလာခြင်းမရှိဘဲ အသင်းတော်သည်သာ လောကထဲသို့ရောက်သွားတတ်ပါသည်။ အပြစ်တရား နှင့်ရင်းနှီးနေခြင်းသည် အပြစ်တရားကို ရွံရှာမှုနည်းပါးလာစေသည်။ တာဝန် ထမ်းဆောင်ရာတွင် မကျေပွန်မှုများကြောင့် ဒုက္ခနှင့်ရင်ဆိုင်ရသော အချိန်တွင် ကျွန်ုပ်တို့အား ထာဝရဘုရားသခင်ကာကွယ်တော်မူမည်မှာ သေချာသော်လည်း မိမိတို့အလိုအတိုင်း စုံစမ်းနှောင့်ယှက်ခံရမည့်နေရာတွင် သွားရောက် နေထိုင်ပါက ကျွန်ုပ်တို့သည် အနှေးနှင့်အမြန် ကျဆုံးကြပေလိမ့်မည်။HFB 552.1

    စာတန်၏ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု သူတစ်ပါးသံသယ နည်းသောအရာများအားဖြင့် မကြာခဏစာတန်အောင်ပွဲဆင်နေတတ်ပါသည်။ အစွမ်းသတ္တိနှင့်ယဉ်ကျေးမှုများသည် ဘုရားပေးဆုကျေးဇူးများဖြစ်သည်။ သို့ရာတွင် ထိုအရာများသည် လူသားများအား ဘုရားသခင်နှင့်ဝေးကွာစေသော အချိန်တွင် ထောင်ချောက်တစ်ခုဖြစ်လာပါသည်။ ယဉ်ကျေးသိမ်မွေ့၍ နှစ်လို့ဖွယ်သောလက္ခဏာနှင့် ပြည့်စုံသူတော်တော်များများသည် စာတန်၏ လက်ထဲတွင် ဝင်းလက်နေသည့်ပစ္စည်းများဖြစ်သည်။HFB 553.1

    ဝိညာဉ်တော်အားဖြင့် ခေတ်အဆက်ဆက်ဖွင့်ဟခဲ့သော သတိပေးစကားများကို မည်သည့်အခါမျှမမေ့လျော့ကြပါနှင့်။ ‘‘သမ္မာသတိ ရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။’’ ‘‘မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည့်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ဝတ်ဆောင်ကြလော့။’’ ၁ပေ၊ ၅:၈။ ဧဖက် ၆:၁၁။ ကျွန်ုပ်တို့၏ မဟာရန်သူ ကြီးသည် သူ၏နောက်ဆုံးစစ်ဆင်ရေးအတွက် ပြင်ဆင်လျက်ရှိရာ ခရစ်တော်၏ နောက်လိုက်အားလုံးသည် ထိုရန်သူနှင့်မလွဲမသွေတိုက်လှန်ကြ ရပါမည်။ ခရစ်တော်နှင့်ပို၍တူအောင် ကြိုးစားသောခရစ်ယာန်တစ်ဦးသည် မိမိကိုယ်ကိုစာတန်၏ တိုက်ခိုက်ရေးပစ်မှန်ဖြစ်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ (ခရစ်တော်နှင့်တူလေ၊ စာတန်၏အတိုက်အခိုက်ကိုခံရလေ ဖြစ်သည်။)HFB 553.2

    စာတန်သည် ခရစ်တော်အား ပြင်းထန်၊ ယုတ်မာသောစုံစမ်းခြင်း များဖြင့် တိုက်လှန်နေသော်လည်း တိုက်လှန်မှုတိုင်းတွင် သူရှုံးခဲ့ပါသည်။ ခရစ်တော်၏ ထိုအောင်ပွဲများသည် ကျွန်ုပ်တို့အားအောင်ပွဲဆင်နိုင်ဖို့ရန် လမ်းခင်းပေးခြင်းဖြစ်သည်။ ကိုယ်တော်ထံ၌ ခွန်အားတောင်းသောသူများကို ခရစ်တော်သည် ခွန်အားပေးတော်မူလိမ့်မည်။ သဘောတူလိုက်လျောမှု မရှိသော မည်သည့်လူသားကိုမှ စာတန်သည် သွေးဆောင်ဖြားယောင်းနိုင်ခြင်းမရှိပါ။ လူတစ်ယောက်အား အပြစ်ကျူးလွန်အောင် အတင်းအကျပ်လုပ်နိုင်သော တန်ခိုး စာတန်၌မရှိပါ။ သူသည် လူသားများအား စိတ်ဒုက္ခရောက်အောင် လုပ်နိုင်သော်ငြားလည်း ညစ်ညမ်းသွားအောင်မလုပ်နိုင်ချေ။ ခရစ်တော် ရယူခဲ့သောအောင်ပွဲသည် စာတန်နှင့်အပြစ်တရားကို တွန်းလှန်တိုက်ခိုက် နေသော ခရစ်တော်၏နောက်လိုက်များအတွက် ရဲဆေးတစ်ခွက်ဖြစ်ပါသည်။HFB 554.1

    *****