Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်၏နေ့ရက်ကြီး

    ‘‘ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဖို့ မိမိတို့လုပ်ဖူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များ၌ပစ်ထားကြလိမ့်မည်။ ထာဝရ ဘုရားသည် မြေကြီးကိုခြောက်လှန့်အံ့သောငှာ ထတော်မူသောအခါ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်းချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။’’ ဟေရှာ၊ ၂:၂၀-၂၁။HFB 695.1

    ခရစ်တော်အတွက် အရာခပ်သိမ်းကို ဆက်ကပ်အပ်နှံခဲ့သူများသည် ယခုတွင် လုံခြုံစိတ်ချစွာအသက်ရှင်ခွင့်ရကြပါသည်။ သူတို့သည် မိမိတို့အတွက် အသေခံတော်မူခဲ့သည့် ကိုယ်တော်အပေါ် သစ္စာစောင့်သိကြောင်းကို လောကသားများရှေ့တွင်လည်းကောင်း၊ သေခြင်းကိုရင်ဆိုင်လျက် လည်းကောင်း ဖော်ထုတ်ခဲ့ကြချေပြီ။ တစ်ချိန်က ဖြူဖတ်ဖြူရော်မျက်တွင်း ဟောက်ပက်ဖြစ်ခဲ့သည့် ၎င်းတို့၏မျက်နှာကလေးများမှာ ယခုတွင်မူ အံ့ဩဝမ်းမြောက်မှုများဖြင့် တောက်ပနေပါသည်။ ‘‘ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သောကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။ ထိုကြောင့် ပထဝီမြေကြီးသည်ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒ္ဒရာသို့ ကျသော်လည်း ငါတို့သည် ကြောက်လန့်ခြင်းမရှိ သမုဒ္ဒရာရေသည် ဟုန်းဟုန်း မြည်၍ မွှေနှောက်ပါလေစေ။ လှိုင်းတံပိုးထဖြင့် တောင်များတုန်လှုပ်ပါလေစေ’’ ဟူသော အောင်ပွဲခံဓမ္မသီချင်းကို သူတို့သီဆိုကြပါသည်။ ဆာလံ ၄၆:၁-၃။HFB 695.2

    သန့်ရှင်းသာယာသော ထိုဓမ္မသီချင်းသံများသည် ဘုရားသခင့် နားတော်သို့ပေါက်သွားသောအချိန်တွင် ကောင်းကင်တံခါးများသည် အနည်းငယ်ပွင့်ဟလာကာ ကောင်းကင်ရွှေမြို့တော်မှ ဘုန်းရောင်ခြည်တော်များ ကွန့်မြူးလာကြပါသည်။ ထိုစဉ်တွင် ပညတ်တော်ကျောက်ပြား (၂) ပြားကို ကိုင်ထားသည့်လက်တစ်ခု ကောင်းကင်ယံတွင်ပေါ်လာပါသည်။ သိနာတောင်တွင် ဖွင့်ဟတော်မူခဲ့သည့် ထိုပညတ်တော် (၁၀) ပါးကို တရားစီရင် ခြင်းအတွက် ဥပဒေတစ်ခုအဖြစ် ယခုတွင်ဖော်ပြနေပါသည်။ ပညတ်တော်တွင် အသုံးပြုထားသည့် စကားရပ်များသည် လူတိုင်းဖတ်ရှုနားလည်နိုင် လောက်အောင် ရှင်းလင်းပါသည်။ မှတ်မိမှတ်သားသောဉာဏ်များလည်း ပြန်လည်နိုးကြားလာပါပြီ။ အယူသီးခြင်းနှင့် အယူမှားခြင်း မှောင်မိုက်များလည်း ယခုတွင် သူတို့စိတ်ကို မစိုးမိုးနိုင်တော့ပြီ။HFB 696.1

    ဘုရားသခင်၏ပညတ်တော်ကို နင်းချေခဲ့သူများခံစားနေရသည့် ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများသည် စာဖွဲ့၍မပြနိုင်လောက်အောင် ကြီးကျယ်ပါသည်။ လောကီသားများ၏ ထောက်ခံမှုကိုရရှိရန် သူတို့ကိုယ်တိုင် ပညတ်တော်ကို ဘေးဖယ်ထားရုံသာမက အခြားသူများကိုလည်း ပညတ်တော်ကိုငြင်းပယ်ရန် သူတို့သွန်သင်ခဲ့ကြပါသည်။ ယခုတွင်မူ သူတို့ မထီမဲ့မြင်ပြုခဲ့သည့် ပညတ်တော်ဖြင့် သူတို့ကိုတရားစီရင်နေပါသည်။ ဆင်ခြေပေးစရာ မရှိတော့သည်ကိုလည်း သူတို့သိထားပါသည်။ သမ္မာတရားနှင့် ပတ်သက်သည့် သဘောတရားအသစ်များနှင့် ကျင့်ဆောင်ရမည့်တာဝန်များကို သူတို့သိရှိနားလည်လာကြပါပြီ။ သတ္တမနေ့ဥပုသ်သည် ဘုရားသခင်၏ တံဆိပ်ဖြစ်သည်ကို သူတို့နားအလည်နောက်ကျခဲ့ချေပြီ။ သဲပေါ်မှာ သူတို့ဆောက်ခဲ့မိပြီဆိုသည့်အချက်ကိုလည်း အသိနောက်ကျခဲ့ချေပြီ။ သူတို့သည် ထာဝရဘုရားကို ဆန့်ကျင်တိုက်ခိုက်နေကြပါတကား။ ဘာသာရေးဆရာကြီးများသည် လူသားများအား ကောင်းကင်ဘုံသို့ ပို့ဆောင်မည်ဟုပြောကာ ငရဲသို့ပို့နေကြပါတကား။ ဘုရားသခင်၏ အမှုတော်တွင် ပါဝင်လုပ်ဆောင်နေသူများ၏ တာဝန်ဝတ္တရားမှာ ကြီးလေးလှ ပါတကား။ ၎င်းတို့၏သစ္စာမရှိမှုကြောင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်များ သည်လည်း အလွန်ကြောက်စရာ ကောင်းလှပါတကား။HFB 696.2