Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မည်သည့်အရာသည် သန့်ရှင်းခြင်းဖြစ်သနည်း။

    သန့်ရှင်းခြင်းဆိုင်ရာမှားယွင်းသောသီအိုရီများသည် ပညတ်တော်ကို ငြင်းပယ်ခြင်း၊ လျစ်လျူရှုခြင်းများကြောင့် ပေါ်ထွန်းလာပါ သည်။ ယုံကြည်ချက်များတွင်မှားယွင်း၍ လက်တွေ့ရလဒ်များတွင် အန္တရာယ် များလှသော ဤသီအိုရီများသည် များသောအားဖြင့်မျက်နှာပန်းပွင့်ကြသည်။HFB 504.2

    ‘‘ဘုရားသခင်၏အလိုတော်မူကား၊ သင်တို့သည်---သန့်ရှင်းခြင်း’’ ရှိဖို့ဖြစ်ကြောင်း ရှင်ပေါလုကသွန်သင်ပါသည်။ ၁သက်၊ ၄:၃။ သန့်ရှင်းခြင်းသည် မည်သည့်အရာဖြစ်သည်ဆိုသည့် အချက်နှင့် မည်သို့ရယူ ပိုင်ဆိုင်နိုင်ကြောင်းကို သမ္မာကျမ်းစာက ရှင်းလင်းစွာသွန်သင်ထားပါသည်။ ‘‘ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။’’ ယောဟန် ၁၇:၁၇။ ယုံကြည်သူများသည် ‘‘သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန့်ရှင်း စေပါသည်’’ ဟု ရှင်ပေါလုကလည်းဖွင့်ဆိုထားပါသည်။ ရောမ ၁၅:၁၆။HFB 505.1

    မည်သည့်အရာသည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ် ဖြစ်သနည်း။ ‘‘သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့သွန်သင်ပြသ လိမ့်မည်’’ (ယောဟန် ၁၆:၁၃) ဟု ခရစ်တော်ကိုယ်တော်တိုင်လည်း မိန့်ဆို တော်မူခဲ့သည်။ ဆာလံဆရာက ‘‘ကိုယ်တော်၏ပညတ်တော်သည် သမ္မာတရား ဖြစ်၏’’ ဟု ဖွင့်ဟခဲ့ပါသည်။ ဘုရားသခင်၏ပညတ်တော်သည် ‘‘သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်း’’ တို့နှင့်ပြည့်စုံသည် ဖြစ်ရာ ထိုပညတ်တော်ကို စောင့်ရှောက်ခြင်းအားဖြင့် တည်ဆောက်သော စာရိတ္တ သည်လည်း သန့်ရှင်းခြင်းနှင့်ပြည့်စုံပါမည်။ ခရစ်တော်သည် ထိုကဲ့သိုသော စာရိတ္တအတွက် စုံလင်သောနမူနာတစ်ခုဖြစ်သည်။ ‘‘ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကိုစောင့်ရှောက်၏။’’ ‘‘ငါ့ကို စေလွှတ်တော်မူသောသူ---နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ် ငါပြုသည်’’ ဟု ခရစ်တော်မိန်တော်မူခဲ့သည်။ ယောဟန် ၁၅:၁၀။ ၈:၂၉။ ခရစ်တော်၏နောက်လိုက်များသည် ပညတ်တော်၏အလိုနှင့် ကိုက်ညီသည့် စာရိတ္တကို ကျေးဇူးတော်အားဖြင့်ဖွဲ့စည်းကာ ကိုယ်တော်ရှင်နှင့်အတူ လာကြရပါမည်။HFB 505.2