Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ပြန်လည်ရုတ်သိမ်းရန်ဝစ်ကလစ်ငြင်းဆိုခြင်း

    သို့ရာတွင် ဝစ်ကလစ်သည် မိမိသွန်သင်ထားချက်များကို ပြန်လည် ရုတ်သိမ်းခြင်းမပြုသည့်အပြင် သူ့အားစွပ်စွဲချက်အားလုံးကို ပယ်ချပါသည်။ ထိုနောက် တရားနာပရိသတ်ကို ထိုတရားခွင်သို့ဖိတ်ကြားကာ ၎င်းတို့၏ စဉ်းလဲမှု၊ လိမ်လည်မှုများကို ထာဝရသမ္မာတရားနှင့် ချိန်ထိုးပြခဲ့ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးသည် ထိုတရားနာပရိသတ်အပေါ်သို့ ကျရောက်ရာ ဝစ်ကလစ်၏ နှုတ်ထွက် စကားများသည် ဘုရားသခင်၏မြားအိမ်ထဲမှမြားများအလား ပရိသတ်ကြီး၏ နှလုံးသားများကို ဖြိုခွင်းခဲ့ပါသည်။ ဘာသာရေးဖေါက်ပြန်သည်ဆိုပြီး သူ့အပေါ်တွင်တင်ထားသည့်စွဲချက်များကို ထိုဘာသာရေးခေါင်းဆောင်များ အပေါ်သို့ သူပြန်၍စွဲချက်တင်ခဲ့ပါသည်။HFB 76.2

    ‘‘မည်သူနှင့်ဆိုင်ပြိုင်တိုက်လှန်နေသည်ဟု သင်တို့ထင်ကြသလဲ။ သင်္ချိုင်းနှုတ်ခမ်းရောက်နေသည့် သက်ကျားရွယ်အိုတစ်ယောက်နှင့်လား၊ မဟုတ်ပါ။ သမ္မာတရားနှင့် သင်တို့တိုက်လှန်ကြခြင်း ဖြစ်သည်။ သမ္မာတရားသည် သင်တို့ထက်စွမ်းအားကြီးသဖြင့် သင်တို့ကိုအောင်နိုင်သွား လိမ့်မည်’’ ဟု သူဖွင့်ဟခဲ့သည်။ သူသည် ထိုသို့ပြောနေစဉ်မှာပင် ထိုအခန်းထဲမှ ထွက်သွားရာ မည်သူကမှ တားဆီးရန်မကြိုးစားခဲ့ကြပါ။HFB 77.1

    ဝစ်ကလစ်လုပ်ဆောင်ရမည့်အလုပ်သည် ပြီးစီးလုနီးချေပြီ။ သို့ရာတွင် ဧဝံဂေလိတရားတော်ကို နောက်ထပ်တစ်ကြိမ်သူ သက်သေခံရပေးဦးမည်။ သူတော်စင်များ၏ အသွေးသွန်းတတ်လေ့ရှိသော ရောမရှိရဟန်းမင်း၏ တရားရုံးတွင် အစစ်ဆေးခံရန် သူဆင့်ခေါ်ခြင်းခံခဲ့ရပါသည်။ တစ်ကြိမ် လေဖြတ်ခံထားရသောသူ့အနေဖြင့် ဤခရီးကို သွားရန်မဖြစ်နိုင်ပါချေ။ သို့သော် သူသည် ထိုတရားရုံးတွင် အသံအားဖြင့် မပြောနိုင်သော်လည်း စာအားဖြင့် ပြောနိုင်ခဲ့ပါသည်။ သို့နှင့်ဝစ်ကလစ်သည် ရဟန်းမင်း၏အဖွဲ့ချုပ်၏ မာနထောင်လွှားမှုနှင့် ပကာသနဟန်ပြမှုများကို ထိထိရောက်ရောက်အပြစ်တင် ပြောဆိုထားသည့် စာတစ်စောင်ကို ရိုသေလေးစားတတ်သောခရစ်ယာန် စိတ်ဖြင့် ရဟန်းမင်းထံသို့ပေးပို့ခဲ့ပါသည်။HFB 77.2

    ရဟန်းမင်းကြီး၏အဖွဲ့နှင့်တကွ ခရစ်ယာန်ဘာသာဝင်များနှင့် ၎င်းတို့ကိုယ်စားပြုနေသောခရစ်တော်အကြားရှိ ကွဲပြားခြားနားမှုများကို ထင်ရှားစေသည့် ခရစ်တော်၏ နူးညံ့သိမ်မွေ့ခြင်းနှင့် နှိမ့်ချခြင်းများ အကြောင်းကို ရဟန်းမင်းနှင့်တကွ ၎င်း၏ဂိုဏ်းချုပ်များအား သူတင်ပြခဲ့ပါသည်။HFB 77.3

    ဘာသာတရား၌ခိုင်မြဲမှုအတွက် သူ့အသက်ကိုအဖိုးအခအဖြစ် ပေးရမည်ဟု ဝစ်ကလစ်တထစ်ချမျှော်လင့်ထားပါသည်။ ရှင်ဘုရင်၊ ရဟန်းမင်းနှင့် ဂိုဏ်းချုပ်များသည် သူ့အားသုတ်သင်ရန် ပူးပေါင်း လုပ်ဆောင်နေကြသည်ဖြစ်ရာ လအနည်းငယ်အတွင်း မီးရှို့တိုင်၌ အတင်ခံရပုံ ပေါ်နေပါသည်။ သို့စေကာမူ သူ၏ရဲစိတ်များသည် လျော့ပါးသွားခြင်းမရှိခဲ့ချေ။HFB 78.1

    အသက်တာတစ်လျှောက်လုံး သမ္မာတရားကိုရဲဝံ့စွာကာကွယ် စောင့်ရှောက်သူဝစ်ကလစ်သည် ရန်သူများ၏ အမုန်းတရားအောက်တွင် သားကောင်တစ်ကောင်တော့မဖြစ်ခဲ့ပါချေ။ ဘုရားသခင်သည် သူ့အား ကာကွယ်စောင့်ရှောက်နေတော်မူရာ ရန်သူများအနေဖြင့် သူတို့၏ သားကောင်ဖြစ်ပြီဟု သေချာပေါက်တွက်ထားသောအချိန်တွင် ဘုရား သခင်သည် ၎င်းတို့လက်လှမ်းမမီသည့်နေရာသို့ သူ့အား ရွှေ့ထားတော် မူခဲ့သည်။ လပ်တာဝတ်အသင်းတော်တွင် ပွဲတော်မင်္ဂလာပေးခါနီး ဆဲဆဲကလေးမှာ သူသည်လေငန်းဖြတ်သွားကာ အချိန်အနည်းငယ် အတွင်းမှာပင် ခရစ်တော်၌အိပ်ပျော်သွားခဲ့ပါသည်။HFB 78.2

    Larger font
    Smaller font
    Copy
    Print
    Contents