Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မဟာလိမ်ညာမှုကြီး

    ဘုရားသခင်၏စကားကို နားထောင်လိုက်လျှောက်မှုမပြုခြင်း အားဖြင့် အသက်ရမည်ဟု ကတိပေးခဲ့သည့်ထိုသူသည် လိမ်လည်လှည့်ဖြားသူများတွင် အထွတ်ဖြစ်သည်။ ‘‘သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်’’ ဟု ဧဒင် ဥယျာဉ်၌ မြွေဖွင့်ဆိုခဲ့သောစကားများသည် အသက်ဝိညာဉ်သည် မသေနိုင် ဟူသောခေါင်းစဉ်ဖြင့် ပထမ ဦးစွာဟောသည့်တရားဟောချက်တစ်ခုဖြစ်သည်။ စာတန်၏အမိန့်အာဏာ တစ်ခုတည်းအပေါ်တွင် အခြေခံခဲ့သော ဤဖွင့်ဆိုချက်သည် တရားဟော စင်မြင့်များတွင် ပဲ့တင်ထပ်ခဲ့ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့၏မိဦးဖဦးများက ထိုဖွင့်ဆိုချက်ကို လက်ခံခဲ့သကဲ့သို့ လူအများစုကလည်း လက်ခံနေကြပါသည်။ ‘‘ပြစ်မှားသောသူသည် အသေခံရမည်။ (ယေဇကျေလ ၁၈:၂၀) ဟူသော ဘုရားသခင်၏စီရင်ချက်ကို ‘‘ပြစ်မှားသောသူသည် အသေမခံရ။ ထာဝရကာလအသက်ရှင်လိမ့်မည်’’ ဟု အဓိပ္ပါယ်ဖွင့်ဆိုနေပါသည်။ အပြစ် ကျူးလွန်ပြီးသည့်လူသားများအား အသက်ပင်အနီးသို့ ချဉ်းကပ်ခွင့်ပေးခဲ့မည် ဆိုလျှင် အပြစ်တရားသည် ထာဝရကာလတည်ရှိသွားပေလိမ့်မည်။ သို့ရာတွင် အာဒံတို့မိသားစုမှ တစ်ဦးတစ်ယောက်ကိုမှ အသက်ပင်၏အသီးကို စားခွင့် မပြုခဲ့သည့်အတွက် အသက်မသေနိုင်သည့် အပြစ်သားဟူ၍ တစ်စုံတစ်ယောက် မျှမရှိပါချေ။HFB 581.2

    လူသားများအပြစ်တရားတွင် ကျဆုံးပြီးနောက် ‘‘လူသားများသည် သဘာဝအားဖြင့် သေတတ်သည့်သတ္တဝါမဟုတ်’’ ဟူသောယုံကြည်ချက်ဝါဒကို ဖြန့်ရန် ကောင်းကင်တမန်များအား စာတန်အမိန့်ပေးခဲ့သည်။ ဤမှားယွင်းမှု ကြီးကို လက်ခံလာအောင် လာသားများအား သွေးဆောင်ပြီးနောက် လူသားများသည် ထာဝရအနိဌာရုံထဲတွင် အသက်ရှင်နေကြရသည်ဟူ၍ ထင်လာအောင် သူတို့သွေးဆောင်ကာ ယခုတွင်မူ ထာဝရဘုရားသည် မိမိနှင့် အဆင်မပြေသူများအား ငရဲမီးအိုင်ထဲသို့ပို့ဆောင်ကာ ထာဝရမီးလျှံများ ကြားတွင် ထွန့်ထွန့်လူးနေသည်ကိုကြည့်ပြီး ကျေနပ်အားရနေသည့် ကလဲ့စား ချေတတ်သော အာဏာရှင်တစ်ပါးဖြစ်သည်ဟု စာတန် သရုပ်ဖော်တင်ဆက်နေပါသည်။ ထိုမကောင်းဆိုးဝါးကြီးသည် ဤနည်းများကို အသုံးပြုကာ လူသားများကို အကျိုးပြုနေသူဘုရားရှင်အားသရုပ်ဖော် မိမိအရေခွံဖြင့်ခြုံပေးလိုက်ပါသည်။ အမှန်မှာ ရက်စက်ကြမ်းကြုတ်မှုများသည် စာတန်နှင့်သာပတ်သက်ပါသည်။ လူသားများကို အပြစ်ကျူးလွန်စေဖို့ စုံစမ်း လျက်ရှိသော ရန်သူကြီးမှာ စာတန်ဖြစ်ပါသည်။ အခွင့်သာလျှင် လူသားများအား သုတ်သင်ဖျက်စီးတတ်သော ရန်သူကြီးမှာလည်း စာတန်ပင် ဖြစ်သည်။ လူသေများသည် လောကတွင်တစ်ခဏအသက်ရှင်စဉ် ကျူးလွန်ခဲ့သော အပြစ်အတွက် ဘုရားသခင်အသက်ရှင်သမျှကာလပတ်လုံး ငရဲမီးထဲတွင် ထာဝရကာလဒုက္ခခံစာရလိမ့်မည်ဟူသော ၎င်း၏ဩဝါဒမှာ မနှစ်မြို့စရာအလွန်ကောင်းလှပါသည်။HFB 582.1

    ဘုရားသခင်၏ သမ္မာကျမ်းစာတွင် ထိုကဲ့သို့သောသွန်သင်ချက်များကို တွေ့ရှိနိုင်ပါသလား။ လူသားများ၏ခံစားချက်ကို ထိုလူရိုင်းကြီး၏ရက်စက်မှု များနှင့် ဖလှယ်ရန်ဖြစ်ပါသလား။ မဟုတ်ပါ။ သမ္မာကျမ်းစာက ထိုသို့မသွန်သင်ပါ။ ‘‘အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ငါအသက်ရှင် သည်အတိုင်း ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလအမျိုးသားတို့ သင်တို့လိုက်သောလမ်းဆိုးမှ လွှဲကြလော့၊ လွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း’’ ယေဇကျေလ ၃၃:၁၁။HFB 583.1

    အဆုံးမသတ်သည့် နှိပ်စက်မှုကိုမြင်ရခြင်းအတွက် ထာဝရ ဘုရားသခင်နှစ်ထောင်းအားရရိနေပါသလား။ မီးလျှံထဲမှာ မိမိကိုယ်တိုင် ပစ်ချထားသည့် သတ္တဝါများ၏အော်ဟစ်ညည်းတွားသံများကြောင့် ကိုယ်တော်ရှင်သည် ပီတိဖြစ်နေပါသလား။ ကြောက်လန့်စရာထိုအသံများသည် အနန္တမေတ္တာတော်ရှင်၏နားထဲတွင် သာယာနာပျော်ဖွယ်တေးဂီတသံကဲ့သို့ ဖြစ်နေပါသလား။ ဤအတွေးများသည် ကြောက်စရာကောင်းသည့် စော်ကားမှု တစ်ရပ်ပါတကား။ ခေတ်အဆက်ဆက်အပြစ်တရားတည်တံ့မှုကြောင့် ဘုရား၏တန်ခိုးတော်သည် ပို၍ထွန်းတောက်လာသည်မဟုတ်ပါချေ။HFB 583.2