Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မီးရှို့သတ်ခြင်းကိုမြင်တွေ့ရခြင်း

    ကဲလ်ဗင်းသည် တစ်နေ့တွင် ပြည်သူ့ပန်းခြံတစ်ခု၌ ဘာသာရေး ဖေါက်ပြန်ရေးသမားတစ်ဦးကို မီးရှို့သတ်သည့်မြင်ကွင်းကို ကြည့်ခွင့်ရခဲ့သည့် ကြောက်စရာကောင်းသော နှိပ်စက်ညှဉ်းပန်းခြင်းများနှင့် သေဒဏ်ချမှတ်ခြင်းကို ခံနေရစဉ်မှာပင် ထိုအာဇာနည်သည် မိမိ၏ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိကိုဖေါ်ပြသွားသည်ကို မြင်တွေ့ရာ ကဲလ်ဗင်းသည် မိမိခံစားခဲ့ရသောဆင်းရဲခြင်းများနှင့် စိတ်ထိခိုက်စွာ နှိုင်းယှဉ် ကြည့်မိပါသည်။ ‘‘ထိုဖေါက်ပြန်ရေးသမားများသည် သမ္မာကျမ်းစာအပေါ်တွင် မိမိတို့၏ ယုံကြည်ခြင်းကိုမှီခိုကြသည်ဟု သူသိထားသဖြင့် ထိုသူများ ခံစားရသည့် ဝမ်းမြောက်မှု၏လျှို့ဝှက်ချက်ကိုရှာဖို့ သမ္မာကျမ်းစာကို လေ့လာရန် သူဆုံးဖြတ်ခဲ့သည်။HFB 226.2

    သမ္မာကျမ်းစာတွင် ခရစ်တော်ကိုသူတွေ့ခဲ့ပါသည်။ ထိုကြောင့် ‘‘အိုအဖဘုရား၊ ခရစ်တော်၏အသေခံခြင်းသည် ကိုယ်တော်ရှင်၏ အမျက်တော်ကိုပြေစေပါ၏။ အသွေးတော်သည် ကျွန်ုပ်၏မစင်ကြယ်မှုများကို ဆေးကြောခဲ့ပါပြီ။ ကပ်တိုင်တော်ဟာ ကျွန်ုပ်ခံရမည့်ကျိန်ခြင်းကို ခံခဲ့ပြီး အသေခံတော်မူခြင်းသည် ကျွန်ုပ်၏အပြစ်ကို ဖြေခဲ့ပါပြီ။ ခရစ်တော်ပြုခဲ့သော ကောင်းမှုကုသိုလ်များမှလွဲပြီး အခြားကောင်းမှုကုသိုလ်များကို ရွံရှာမုန်းတီးလာရန် ကျွန်ုပ်၏နှလုံးကို တို့ထိတော်မူပါဘုရား’’ ဟု သူငိုကြွေး အသနားခံခဲ့ပါသည်။HFB 227.1

    ယခုတွင် သူသည် ဧဝံဂေလိတရားတော်၌ အသက်တာကို မြှုပ်နှံရန် ဆုံးဖြတ်လိုက်ပါသည်။ သဘာဝအားဖြင့် ကြောက်တတ်ပြီး စာပေလေ့လာခြင်း ၌သာ ဝါသနာပါသူတစ်ဦးဖြစ်သော်လည်း မိတ်ဆွေများ၏တိုက်တွန်းမှုအရ လူထုတရားဟောဆရာတစ်ဦးဖြစ်လာရန် သဘောတူခဲ့ပါသည်။ သူ၏ သွန်သင်ချက်များသည် ကမ္ဘာမြေကြီးကို လန်းဆန်းသွားစေသည့် နှင်းမှုန်ကလေးများနှယ်ဖြစ်ပါသည်။ သူသည် ယခုအချိန်တွင် ဧဝံဂေလိတရား တော်ကိုချစ်၍ တပည့်တော်များကို အကာအကွယ်ပေးသည့် မင်းသမီးမာဂရက် ၏အုပ်ချုပ်မှုအောက်တွင် ရှိသော ပြည်နယ်မြို့တစ်မြို့တွင်ရှိနေပါသည်။ ကဲလ်ဗင်းသည် နေအိမ် များတွင်ရှိနေကြသူများထံသို့သွားကာ တရားဟောခြင်းဖြင့် အမှုတော်ကို အစပျိုးခဲ့ပါသည်။ သတင်းစကားကိုကြားနာရသောသူများသည် အခြားသူများ ထံသို့ လက်ဆင့်ကမ်းကြပါသည်။ အမှန်တရားကို မကြောက်မရွံ့တမ်း သက်သေခံမည့် အသင်းတော်များအတွက် အခြေချရင်း သူဆက်လက်လုပ်ဆောင်ခဲ့ပါသည်။HFB 227.2

    ပဲရစ်မြို့သည် ဧဝံဂေလိဝမ်းမြောက်ဖွယ်ရာသတင်းစကားကို လက်ခံရန် ဖိတ်ခေါ်မှုတစ်ခုကိုရရှိပြန်သည်။ လက်ဖီးဘားနှင့် ဖားရယ်တို့၏ ဖိတ်ခေါ်မှုကို သူတို့ငြင်းပယ်ခဲ့ပြီးဖြစ်သော်လည်း ယခုတစ်ဖန် ထိုသတင်းစကားကို မြို့ထဲရှိလူတန်းစားအသီးသီးက နာကြားနိုင်ရန် အခြေအနေဖြစ်ပေါ်လာခဲ့ပါသည်။ ဧကရာဇ်မင်းအနေဖြင့် ဘာသာရေး ပြုပြင်ပြောင်းလဲရေးကိုဆန့်ကျင်ကာ ရောမဘက်သို့ လုံးလုံးကြီး ရပ်တည်သွားသည်တော့ မဟုတ်သေးပါ။ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ယုံကြည်ချက်များကို ပဲရစ်တွင်ဟောကြားသင့်သည်ဟုယူဆကာ ပရိုတက်စတင့် တရားဟောဆရာများအား ဘုရားကျောင်းများ၌ ထိုယုံကြည်ချက်များကို ဟောကြားဖို့ မင်းသမီးမာဂရက်က အမိန့်ပေးခဲ့ပါသည်။ ရဟန်းမင်း၏ အာဏာပိုင်များက တားမြစ်ထားသည့်ကြားမှ ဧဝံဂေလိတရားတော်အတွက် နန်းတော်တံခါးကိုသူမဖွင့်ပေးခဲ့သည်။ တစ်နေ့လျှင်တရားဟောချက် တစ်ခုနှုန်း ဟောကြားမည် ဖြစ်သဖြင့် လာရောက်တရားနာကြရန် လူထုအား သူမ ဖိတ်ခေါ်ခဲ့ရာ ထောင်နှင့်ချီသောပရိသတ်သည် နေ့စဉ်လာရောက်တရားနာကြ ပါသည်။HFB 228.1

    ဧကရာဇ်မင်းက ပဲရစ်တွင်ရှိ ဘုရားရှိခိုးကျောင်းများမှ ဘုရားကျောင်း (၂) ကျောင်းကိုဖွင့်လှစ်စေခဲ့ရာ နှုတ်ကပတ်တော်ကြောင့် မကြုံဖူးသောပြောင်းလဲမှုများကို တစ်မြို့လုံးတွင်တွေ့ရပါသည်။ အသောက်အစား၊ အပျော်အပါး၊ အတိုက်အခိုက်နှင့် အပျင်းအရိ အမူအကျင့် များအစား ချုပ်တည်းခြင်း၊ စင်ကြယ်ခြင်း၊ ငြိမ်သက်သာယာခြင်းနှင့် အလုပ်ကြိုးစားလုပ်ဆောင်ခြင်းများ နေရာယူလာကြပါသည်။ လူအတော် များများက ဧဝံဂေလိတရားတော်ကို လက်ခံခဲ့ကြသော်လည်း လူအများစုမှာ ငြင်းပယ်ဆဲဖြစ်ပါသည်။ ထိုကြောင့် ရဟန်းမင်းတို့ပြန်လည်နေရာယူလာနိုင်ပြီး ဘုရားကျောင်းများပိတ်ကာ ကပ်တိုင်များကို ထောင်ခဲ့ပြန်ပါသည်။HFB 228.2

    ကဲလ်ဗင်းသည် ပဲရစ်တွင်ပင်ရှိနေဆဲဖြစ်ရာ အဆုံးတွင် သူ့အားမီးရှို့ သတ်ရန် အာဏာပိုင်တို့က ဆုံးဖြတ်ခဲ့ကြပါသည်။ သူ့အားဖမ်းဆီးရန် အရာရှိများလာနေကြောင်း သူ့သူငယ်ချင်းများက သူ့အခန်းသို့ အဆောတလျင် လာရောက်သတင်းပေးသည့်အချိန်အထိပင် မိမိ၌အန္တရာယ်ရှိသည်ဟု သူမထင်မိခဲ့ချေ။ ထိုအခိုက်မှာပင် အပြင်တံခါးမကြီးကို ခေါက်နေသံ ထွက်ပေါ်လာပါသည်။ မိတ်ဆွေတချို့က သူ့အားပြတင်းပေါက်မှလျောဆင်း နိုင်ရန် ကူညီနေစဉ်မှာပင် မိတ်ဆွေတချို့က ထိုအရာရှိများအား တံခါးမကြီးတွင် ကြန့်ကြာစေခဲ့ကြသည်။ ထိုနောက် ကဲလ်ဗင်းသည် မိတ်ဆွေ အလုပ်သမားတစ်ဦး၏တဲသို့ အမြန်သွားရောက်ခဲ့သည်။ မိမိကိုယ်ကို အလုပ်သမားတစ်ဦးကဲ့သို့ ဝတ်ဆင်ကာ ပေါက်ပြားကိုထမ်းလျက် တောင်ယွန်းယွန်းသို့ ခရီးနှင်ခဲ့ရာ မာဂရက်၏နယ်ထဲသို့ လုံခြုံစွာရောက်ရှိ နေထိုင်နိုင်ခဲ့ပါသည်။HFB 229.1

    ကဲလ်ဗင်းသည် အလုပ်မလုပ်ဘဲ အကြာကြီးနေတတ်သူတစ်ဦး မဟုတ်ချေ။ ထိုမုန်တိုင်းကြီးစဲသွားလျှင် စဲသွားချင်း ၎င်းတို့၏ ထင်မြင်ယူဆချက်အသစ်များကို နှစ်သက်လက်ခံပြီးဖြစ်သော ပွိုက်တီးယားနယ်သို့ ဦးလှည့်ခဲ့ပါသည်။ လူတန်းစားအလွှာအသီးသီးမှ လူထုကြီးသည် ဧဝံဂေလိသတင်းစကားကို ဝမ်းပန်းတသာနာကြားခဲ့ကြ ပါသည်။ တရားနာပရိသတ်ဦးရေများပြားလာသည်နှင့်အမျှ ပိုမို၍ လုံခြုံမှုရရှိ စေရန် မြို့ပြင်ရှိသစ်ပင်များ၊ ကျောက်ဆောင်များဖြင့် ဖုံးအုပ်နေသည့်ဂူတစ်ခုကို ဝတ်ပြုကိုးကွယ်ရာနေရာအဖြစ် ရွေးချယ်ခဲ့ကြပါသည်။ ထိုနေရာတွင် သမ္မာကျမ်းစာကို ဖတ်ကြားခဲ့ကြသည်။ ရှင်းလင်းတင်ပြခဲ့ကြသည်။ ထိုနေရာတွင်ပင် ပထမဦးဆုံးပွဲတော် မင်္ဂလာကို ပြင်သစ်ပရိုတက်စတင့်များ စားခဲ့ကြပါသည်။ ထိုအသင်းတော်ကလေးမှ များစွာသော သစ္စာရှိတရားဟော ဆရာများကို မွေးထုတ်ပေးခဲ့ပါသည်။HFB 229.2

    ကဲလ်ဗင်းသည် တစ်ကြိမ်ထပ်မံ၍ ပဲရစ်သို့ပြန်လာခဲ့ရာ အမှုတော် လုပ်ဆောင်နိုင်မည့် လမ်းစအားလုံးနီးပါးအား ပိတ်ထားသည်ကို တွေ့ရှိရာ ဂျာမနီပြည်သို့ ထွက်ခွာရဿ် ဆုံးဖြတ်ခဲ့ပါသည်။ ပြင်သစ်ပြည်က သူထွက်ခွာသွားပြီး ရုံကလေးတွင် မုန်တိုင်းတစ်ခုသည် ပရိုတက်စတင့်များ အပေါ်သို့ ကျရောက်ခဲ့ပြန်သည်။ ယခုတွင် ပြင်သစ်တစ်ပြည်လုံးကို လှုပ်ရှားထကြွစေမည့် ရောမ၏ အယူသီးမှုများကို အပြင်းအထန်ပြန်လည် တိုက်လှန်ရန် ပြင်သစ်ပြုပြင်ရေးသမားများက ဆုံးဖြတ်ခဲ့ကြသည်။ ရောမ အသင်းတော်မှ ကျင်းပသည့် ပွဲတော်ကို ဆန့်ကျင်တိုက်ခိုက်သောစာတမ်း များကို တစ်ညတည်းနှင့် ပြင်သစ်ပြည်အနှံ့တွင် ကပ်ခဲ့ကြပါသည်။ စိတ်အား ထက်သန်မှုရှိသော်လည်း လုပ်ပုံလုပ်နည်းမမှန်ကန်မှုကြောင့် ပြင်သစ်ပြည်၏ ငြိမ်းချမ်းရေးနှင့် ဧကရာဇ်၏အာဏာတော်ကို အန္တရာယ်ပြုနိုင်သည့် လှုံ့ဆော်ရေးသမားများအဖြစ် ပြုပြင်ပြောင်းလဲရေးသမားများအား စွပ်စွဲကာ သုတ်သင်ပေးဖို့တောင်းဆိုရန် ရောမအသင်းတော်အတွက် အကွက်တစ်ကွက်ရသွားခဲ့သည်။HFB 230.1

    စာတမ်းတစ်ခုကို ဧကရာဇ်မင်း၏သီးသန့်အခန်းရှိ တံခါးမတွင် ကပ်ခဲ့ကြသည်။ ဘုရင့်နန်းတော်ထဲသို့ဝင်၍ ကြောက်လန့်စရာ အော်ဟစ်ဖွင့်ဟ သံများ၏ နမူနာမယူသင့်သော သတ္တိပြမှုကြောင့် ဧကရာဇ်မင်းသည် ဒေါသထွက်သွားပါသည်။ သို့နှင့် ‘‘လူးသာရဲ့ နောက်လိုက်ဖြစ်မဖြစ် ခွဲခြားမနေတော့ဘဲ ဝင်လာသမျှလူအားလုံးကို ဖမ်းလိုက်၊ သူတို့အားလုံးကို ငါအပြတ်ရှင်းမယ်’’ ဟု ကြောက်စရာ စကားလုံးများဖြင့် အမိန့်ပေးကာ ရောမဘက်သို့လိုက်ပါသွားရန် သူလုံးလုံးဆုံးဖြတ်ချက်ချလိုက်ပါသည်။HFB 231.1