Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပိလတ်မင်း၏လှေကားပေါ်မှအမှန်တရား

    ‘‘ပိလတ်လှေကား’’ ဟုခေါ်သော လှေကားကို ဒူးထောက်၍ တက်နိုင်သူအားလုံးကို ပစားပေးမည်ဟု ရဟန်းမင်းကြီးက ကတိပြုပါသည်။ တစ်နေ့တွင် လူးသာသည် ထိုလှေကားကို ဒူးဖြင့်ထောက်၍ တက်နေစဉ် မိုးကြိုးသံကဲ့သို့သောအသံဖြင့် ‘‘ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်’’ ဟူ၍ ကြွေးကြော်သည်ကို သူကြားရ၏။ ထိုကြောင့် ရှက်စိတ်၊ ကြောက်စိတ်များဖြင့် သူသည်မတ်တတ်ထရပ်လိုက်ပါသည်။ ကယ်တင်ခြင်းရရန် အကျင့်ကိုကိုးစားခြင်းသည် ကျဆုံးခြင်းသက်သက်သာ ဖြစ်ကြောင်းကို ထိုနေ့မှစ၍ ရှင်းလင်းစွာသူသိရှိလာခဲ့သည်။ ထိုကြောင့် ထိုနေ့မှစ၍ ရောမအသင်းတော်ကို သူကျောခိုင်းလိုက်ရာ အဆုံးတွင် ရောမအသင်းတော်နှင့် လုံးလုံးအဆက်အသွယ်ပြတ်သွားခဲ့ပါသည်။HFB 117.1

    လူးသာသည် ရောမမြို့မှပြန်လာပြီးသည့်နောက်ပိုင်းတွင် Doctor of Divinity ဟုခေါ်သည့် ပါရဂူဘွဲ့ကိုရခဲ့သည်။ ယခုတွင် သူမြတ်နိုးသော သမ္မာကျမ်းစာကို လုံးလုံးဆက်ကပ်လေ့လာဖို့ လွတ်လပ်နေ ပေပြီ။ ရဟန်းမင်း၏ယုံကြည်ချက်များကို လုံးဝမဟောကြားဘဲ နှုတ်ကပတ်တော် သက်သက်ကိုသာ သစ္စာရှိစွာ ဟောကြားမည့်အကြောင်း သူကတိသစ္စာပြုခဲ့ပါသည်။ သူသည် သာမန်ရဟန်းပျိုတစ်ပါး မဟုတ်တော့ချေ။ ဘုရားသခင်၏ သမ္မာတရားကို ဆာငတ်မွတ်နေသော သိုးစုကို ကျွေးမွေးရန် အတွက် ခေါ်တော်မူခြင်းခံရသည့် သိုးထိန်းတစ်ဦးကဲ့သို့သော သမ္မာကျမ်းစာ၏ အာဏာရစေတမန် ရှေ့ပြေးတစ်ဦးဖြစ်နေပေပြီ။ သန့်ရှင်းသော နှုတ်ကပတ်တော်ကို အခြေပြုသော ယုံကြည်ချက်များမှလွဲ၍ မည်သည့် ယုံကြည်ချက်ကိုမျှ ခရစ်ယာန်များအနေဖြင့် လက်မခံသင့်ကြောင်း သူခိုင်ခိုင်မာမာကြွေးကြော်ခဲ့ပါသည်။HFB 117.2

    စိတ်အားတက်ကြွနေသော လူထုကြီးသည် သူ့ဟောကြားချက်များကို မှီတွယ်လာခဲ့ချေပြီ။ ကယ်တင်ရှင်၏ မေတ္တာတော်ဆိုင်ရာ ဝမ်းမြောက်ဖွယ် သတင်း၊ ခရစ်တော်၏ အပြစ်ဖြေရာအသွေးတော်အားဖြင့် ပေးတော်မူသည့် အပြစ်ဖြေလွှတ်ခြင်းနှင့် ငြိမ်သက်ခြင်းဆိုင်ရာ အာမခံချက်များတို့သည် လူထုကြီး၏ စိတ်နှလုံးကိုရွှင်လန်းစေပါသည်။ ကပ်ကမ္ဘာဆုံးတိုင်အောင် တောက်ပစွာထွန်းလင်းမည့် အလင်းကလေးတစ်ခုကို ဝစ်တင်းဘတ်တွင် ထွန်းညှိခဲ့ပါသည်။HFB 118.1

    သို့ရာတွင် အမှားနှင့်အမှန်အကြားတွင် တိုက်လှန်မှုသည် ရှိစမြဲတည်း။ ‘‘မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟု မထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ဓါးကိုစေလွှတ်အံ့သောငှါ ငါလာသတည်း’’ ဟုလည်း ခရစ်တော်ကိုယ်တိုင် မိန့်တော်မူဖူးပါသည်။ (မဿဲ ၁၀:၃၄)။ ဘာသာရေးပြုပြင်ပြောင်းလဲမှုကို အစပြုပြီးနောက် နှစ်အနည်း ငယ်အကြာတွင် ‘‘ဘုရားသခင်သည် ကျွန်တော့်ကိုရှေ့သိုတိုးရန်ကိုပဲ တွန်းပို့နေသည်။ အေးအေးဆေးဆေးပဲ နေလိုသော်လည်း ရုန်းရင်းခတ်မှုများ၊ တော်လှန်မှုများအလယ်သို့ တွန်းပို့ခြင်းကို ကျွန်တော်ခံခဲ့ရတယ်’’ ဟု လူးသာပြောခဲ့ပါသည်။HFB 118.2