Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စာတန်၏နိုင်ငံထဲသို့ကျူးကျော်ဝင်ရောက်ခြင်း

    ဗိုဒိုအာသာသနာပြုများသည် သမ္မာကျမ်းစာမှ ကူးယူရေးသား ထားသောကျမ်းချက်များကို သတိကြီးစွာဖြင့် ဖြန့်ဝေခဲ့ကြသည်။ ဖြောင့်မတ်ခြင်းနေမင်းကြီးသည် အနာငြိမ်းစေသောတန်ခိုးများဖြင့် နှလုံးသားများတွင် ထွန်းလင်းလာသည့် အချိန်တိုင်အောင် သမ္မာတရား အလင်းများသည် အမှောင်ကျနေသော စိတ်နှလုံးများထဲသို့ စိမ့်ဝင် သွားခဲ့ပါသည်။ သူတို့သည် မှန်မှန်ကန်ကန် ကြားနာခဲ့ရကြောင်း သေချာအောင် လုပ်သည့်အလား ကျမ်းချက်တချို့ကို ထပ်ခါတလဲ နာကြားလိုကြပါသည်။HFB 59.1

    အပြစ်သားတစ်ယောက်ကိုယ်စား အခြားလူသားတစ်ဦးက ကမ္မဋ္ဌာန်း ရှုနေခြင်းသည် အကျိုးမရှိကြောင်း လူအများမြင်တွေ့လာကြပါသည်။ ‘‘ခရစ်တော်သည် ငါရဲ့ယစ်ပုရောဟိတ်မင်း၊ ကိုယ်တော်၏ အသွေးတော်သည် ငါ့အဖို့ယဇစ်ပူဇော်စရာ၊ ကိုယ်တော်၏ ယဇ်ပလ္လင်သည် ငါအပြစ်ဝန်ချရန်နေရာ ဖြစ်၏’’ ဟု ဝမ်းမြောက်ဝမ်းသာသူတို့ဟစ်ကြွေးကြပါသည်။ ၎င်းတို့အပေါ် ကျရောက်လာသည့် အလင်းတော်မှာ ကြီးမားလွန်းလှသည်ဖြစ်ရာ သူတို့သည် ကောင်းကင်သို့ ယူဆောင်ခြင်းခံယူရသည့်အလား ခံစားကြရပါသည်။ သေမှာကို ကြောက်သည့်စိတ်များ ပျောက်လွင့်ကုန်ပြီး အကျဉ်းကျခြင်းဖြင့် ခရစ်တော်ကို ဂုဏ်ပြုရမည်ဆိုလျှင် ယခုတွင် ထောင်နန်းစံရန် အဆင်သင့် ရှိနေကြပါသည်။HFB 59.2

    တစ်ခါတစ်ရံတွင်မူ တစ်ဦးတစ်ယောက်တည်းထံသို့သွား၍ လည်းကောင်း၊ တစ်ခါတစ်ရံတွင် အလင်းကိုတောင့်တနေသောအဖွဲ့ များထံသို့ သွားရောက်လည်ပတ်၍လည်းကောင်း၊ ဆိတ်ကွယ်ရာအရပ် များတွင် နှုတ်ကပတ်တော်ကို လေ့လာဖတ်ရှုကြပါသည်။ ဤသို့သော ပုံစံများဖြင့် မကြာခဏတစ်ညလုံး အချိန်ကုန်လွန်စေတတ်ပါသည်။ ‘‘ဘုရားသခင်သည် ကျွန်ုပ်ကိုမျက်နှာသာပေးတော်မူမည်လား။ ကျွန်ုပ်၏ အပြစ်များကို ဖြေလွှတ်တော်မူလိမ့်မည်လား’’ ဟူသောမေးခွန်းကို မေးကာ ‘‘ဝန်လေး၍ပင်ပန်းသောသူများ၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်’’ ဟူသောကျမ်းချက်များကို မကြာခဏ ရွတ်ဆိုတတ်ကြပါသည။HFB 59.3

    ထိုဝမ်းမြောက်ပျော်ရွှင်နေသော ယုံကြည်သူများသည် မိမိတို့၏ အတွေ့အကြုံသစ်များကို တတ်နိုင်သမျှ ပြန်လည်ပြောပြရန်နှင့် အလင်းများကို ထွန်းလင်းရန် နေရပ်ဌာနေသို့ ပြန်လာခဲ့ကြပါသည်။ သူတို့သည် မှန်ကန်၍ အသက်ရှင်းခြင်းသို့ ပို့ဆောင်သောလမ်းကို တွေ့ခဲ့ကြလေပြီ။ သမ္မတရားကို ဆာငတ်နေသော ထိုသူများအား နှုတ်ကပတ်တော်က အလင်းပေးခဲ့ချေပြီ။HFB 60.1

    သမ္မာတရားတမန်သည် လျှောက်ရမည့်လမ်းကိုဆက်လျှောက်ခဲ့သည်။ လုပ်ရမည့်အလုပ်ကို ဆက်၍လုပ်ခဲ့သည်။ တရားနာပရိသတ်ကလည်း သူ့အား ဘယ်ကလာ၍ ဘယ်ကိုသွားမည်ကို မမေးခဲ့ကြချေ။ ထိုပရိသတ်ကြီးသည် ထိုတမန်ဟောသောတရားတော်ကြောင့် အကျေနပ်ကြီး ကျေနပ်ကာ သူ့အပေါ် သံသယကင်းခဲ့ကြသည်။ ထိုတမန်သည် ကောင်းကင်နိုင်ငံမှလာသော ကောင်းကင်တမန်တစ်ပါးများ ဖြစ်နေမလားဟူ၍တော့ မေးခွန်းထုတ်ခဲ့ကြ ပါသည်။HFB 60.2

    ထိုသမ္မာတရားတမန်သည် နယ်ခြားမြေဝေးများသို့တိုင် ခြေဆန့် ခဲ့ပါသည်။ တချို့အဖြစ်အပျက်များတွင် ထိုတမန်သည် မိမိ၏အသက် ကိုမြေအောက်အချုပ်ခန်းများ၌ပင် အဆုံးသတ်ခဲ့ပါသည်။ သမ္မာတရား အကြောင်း သူသက်သေခံခဲ့သောနေရာများကိုလည်း ထိုတမန်၏ အရိုးများက ဖြူဖွေးလှပစေခဲ့ပါသည်။HFB 60.3

    ရဟန်းမင်း၏ ခေါင်းဆောင်များက ထိုခရီးသွားတရားဟော ဆရာများ၏ အန္တရာယ်ကို မြင်တွေ့လာကြပါသည်။ သမ္မတရား၏ အလင်းတော်သည် လူတို့အပေါ်မှာဖုံးအုပ်ထားသည့် မှားယွင်းမှု တိမ်တိုက်ကို ဖယ်ရှားလိုက်ကာ ၎င်းတို့အား ဘုရားသခင်တစ်ပါးတည်း ထံသို့သာ လမ်းညွှန်ခဲ့သည်ဖြစ်ရာ နောက်ဆုံးတွင် ရောမ၏အစိုးတရပြုမှုကို ချေဖျက်လိုက်ကြပါသည်။HFB 61.1

    ရှေးဦးအသင်းတော်၏ ယုံကြည်ခြင်းကို ဆွဲကိုင်ထားသည့် ဤလူများသည် ရောမအသင်းတော်၏ မှားယွင်းမှုအတွက် မပြောင်းလဲသော သက်သေတစ်ခုဖြစ်နေရာ ၎င်းတို့အား မုန်းတီးမှု၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် ရင်ဆိုင်စေပါသည်။ သမ္မာကျမ်းစာကို ငြင်းပယ်ရန် သူတို့ငြင်းဆန်နေကြ ခြင်းသည်လည်း ရောမအသင်းတော်သည်းမခံနုင်သော ပြစ်မှုတစ်ခု ဖြစ်နေပါသည်။HFB 61.2