Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အပျော်အပါးလိုက်စားသူများသို့တောင်းဆိုချက်

    စိတ်အလိုကိုလိုက်လွန်းသူများ၊ အပျော်အပါးလိုက်စားသူများနှင့် ရမ္မက်ကြီးသူများကို စာတန်သည် သိမ်မွေ့မှုလျော့နည်းသည့် လှည့်ဖြားမှုများကို အသုံးပြုတတ်ပါသည်။ ထိုသူများသည် ထိုရိုင်းစိုင်းသည့်ပုံစံများတွင် ၎င်းတို့၏ အကြိုက်နှင့်ကိုက်ညီသည့်အရာများကိုတွေ့ကြပါသည်။ စာတန်သည် လူအသီးသီးတို့ဖောက်ပြန်လိုသည့် အပြစ်များကို မှတ်သားထားပြီးဖြစ်ရာ လိုလေသေးမရှိအောင် ပြင်ဆင်ပေးပါသည်။ အထူးသဖြင့် လူတို့၏ ကာယ၊ ဉာဏနှင့် စာရိတ္တပိုင်းဆိုင်ရာအစွမ်းများကို အားနည်းသွားစေရန် ချုပ်တည်း ခြိုးခြံခြင်းဆိုင်ရာနိယာမများကို ဖေါက်ဖျက်အောင် စုံစမ်းတတ်ပါသည်။ လူတို့၏ သဘာဝကို လုံးဝရိုင်းစိုင်းသွားစေသည့် ကာမဂုဏ်ခံစားမှုများကို အသုံးချကာ သန်းပေါင်းများစွာသောလူတို့အား သူဖျက်ဆီးနေပါသည်။ ‘‘စစ်မှန်သော အသိတရားများက လူတို့အား ဥပဒေပညတ်အလုံးစုံတို့၏ အထက်မှာထားကြောင်း၊ ခပ်သိမ်းသောအရာတို့သည် မှန်ကန်ကြကြောင်း၊ ဘုရားသခင်သည် လူတို့အားပြစ်ဒဏ်စီရင်မှာမဟုတ်ကြောင်း၊ အပြစ်တရား တိုင်းသည် အပြစ်ကင်းကြောင်း ၎င်းတို့၏လုပ်ငန်းများကို အဆုံးသတ်ရန် ထိုနံဝိညာဉ်များက ဖွင့်ဆိုပါသည်။ အလိုဆန္ဒသည်သာ အမြင့်ဆုံးဥပဒေ ဖြစ်ကြောင်း၊ လွတ်လပ်မှုသည် ခွင့်ပြုမိန့်လိုင်စင်ဖြင်ကြောင်း၊ လူသည် မိမိအတွက်သာ မိမိ၌တာဝန်ရှိကြောင်း လူတို့ယုံကြည်သောအချိန်တွင် နေရာတကာတိုင်းတွင် စာရိတ္တပျက်ပြားမှုများဖြစ်ပွားနေသည်ကို မည်သူ အံ့ဩနေလိမ့်မည်နည်း။ လူအများမှာမူ ကာမဂုဏ်ခံစားမှု၏ စေ့ဆော်မှုကို လက်ခံနေကြရာ စာတန်သည် ခရစ်တော်၏နောက်လိုက် များစွာကို သိမ်းသွင်းထားပါသည်။HFB 605.1

    သို့ရာတွင် ထိုကျော့ကွင်းကိုတွေ့ရှိနိုင်ရန် လုံလောက်သော အလင်းဖြင့် ထာဝရဘုရားပြထားပြီးဖြစ်သည်။ နံဝိညာဉ်ဝါဒ၏ အခြေခံသဘောတရား များသည် သမ္မာကျမ်းစာနှင့် လုံးဝဆန့်ကျင်နေပါသည်။ သေလွန်သူများသည် မည်သည့်အရာကိုမျှ မသိတော့ကြောင်း ၎င်းတို့၏ အတွေးအမြင်များ ပျက်စီးသွားပြီဖြစ်ရာ ဤလောကတွင် ဖြစ်ပျက်နေသည့် ပျော်စရာ၊ ဝမ်းနည်း စရာများကို ၎င်းတို့မခံစားရတော့ကြောင့် သမ္မာကျမ်းစာကဖွင့်ဆိုထားပါသည်။HFB 606.1

    ထို့အပြင် သေဆုံးသွားသူများ၏ ဝိညာဉ်များနှင့် ဟန်ဆောင် ဆက်သွယ်မှုများကို ထာဝရဘုရားတားမြစ်တော်မူခဲ့သည်။ နတ်ဝင်သည်များကို နတ်ဆိုး၏ဝိညာဉ်များဖြစ်သည်ဟုလည်း သမ္မာကျမ်းစာတွင် ဖွင့်ဆိုထား ပါသည်။ တော၊ ၂၅:၁-၃။ ဆာလံ ၁၀၆:၂၈။ ၁ကော၊ ၁၀:၂၀။ ဗျာ၊ ၁၆:၁၄ တို့ကိုကြည့်ပါ။ နတ်ဝင်သည်များနှင့် ပေါင်းဖက်ခြင်းသည် သေပြစ်ထိုက်သော အမှုဖြစ်သဖြင့် ၎င်းတို့နှင့်မဆက်ဆံကြရန် သမ္မာကျမ်းစာက တားမြစ်ထားပါသည်။ ဝတ်၊ ၁၉:၃၁။ ၂၀:၂၇။ သို့စေကာမူ နံဝိညာဉ်ဝါဒသည် သိပ္ပံလောကမှအစ အသင်းတော်များထဲသို့ စိမ့်ဝင်လာရုံသာမက ဥပဒေပြုအဖွဲ့ များနှင့်တကွ မင်းပိုင်းစိုးပိုင်းအထိပင် ပေါက်ရောက်နေလျက်ရှိသည်။ ဤလိမ်လည်လှည့်ဖြားမှုကြီးသည် ရှေးပဝေသဏီကတည်းက ရှုတ်ချခြင်း ခံရသည့် စုန်းအတတ်ကို ပုံစံအသစ်ဖြင့် ပြန်လည်အသက်သွင်းပေးထားသည့် အရာတစ်ခုပင်ဖြစ်ပါသည်။HFB 606.2

    သမ္မာကျမ်းစာက ‘‘မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်းဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌အမိုက်၊ အမိုက်အရာ၌အလင်းကို လည်းကောင်း၊-----အလွဲယူတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏’’ ဟု ဆိုထားသော်လည်း စာတန်ကမူ ‘‘သင်တို့သည် သမ္မာကျမ်းစာနှင့် ဘုရားသခင်ကို ယုံတာ၊ မယုံတာအပထားပြီး ပျော်သလိုသာနေကြပါ။ ကောင်းကင်နိုင်ငံဟာ သင်တို့ရဲ့အိမ်ဖြစ်တယ်’’ ဟူ၍ ဖွင့်ဆိုနေပါသည်။ (ဟေရှာ၊ ၅:၂၀)။HFB 607.1