Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အာဇာနည်တစ်ယောက်၏သူရသတ္တိ

    ဆက်လက်ခရီးနှင်လာသောလူးသာအား လူထုကြီးက အားတက်သရောဝိုင်းကာ ‘‘ဒီလူတွေဟာ ဟပ်စ်ကိုလုပ်သလို မင်းကိုလည်း ပြာဖြစ်သွားအောင်မီးရှို့လိမ့်မယ်’’ ဟု ဝိုင်းဝန်းသတိပေးခဲ့ရာ ‘‘ဒီလူတွေက ဝမ်းစ်ကနေ ဝစ်တင်းဘတ်အထိ မီးတိုင်တေါထွန်းထားရင်လည်း ခရစ်တော်ရဲ့ နာမတော်အားဖြင့် ဒီမီးတိုင်တွေကြားက ကျွန်တော်လျှောက်သွားမှာပဲ။ ခရစ်တော်အကြောင်းကို ဝန်ခံဖို့ သူတို့ရှေ့ကို ကျွန်တော်အရောက်သွားမယ်’’ ဟု လူးသာက ဖြေကြားခဲ့ပါသည်။HFB 149.1

    ဝမ်းစ်မြို့သို့ လူးသာလာနေပြီဆိုသည့်သတင်းကြောင့် တစ်မြို့လုံး လှုပ်လှုပ်ရွရွဖြစ်နေပါသည်။ မိတ်ဆွေများက လူးသာ၏ လုံခြုံရေးအတွက် စိတ်ပူနေကြသကဲ့သို့ ရန်သူများကလည်း ၎င်းတို့၏လုပ်ငန်း မအောင်မြင်မည်ကို စိုးရိမ်နေကြသည်။ ရဟန်းမင်း၏ လှုံ့ဆော်မှုကြောင့် ပြဿနာကို သင့်သင့်မြတ်မြတ်ဖြင့် ဖြေရှင်းနိုင် ပါတယ်ဟု ဖွင့်ဟခဲ့သော မိတ်ဆွေသူရဲကောင်းတစ်ဦး၏ရဲတိုက်တွင် သူနားခိုခဲ့ ရသည်။ ခြိမ်းခြောက်နေသောအန္တရာယ်များကို မိတ်ဆွေများက ပြောပြကြသော်လည်း လူးသာသည် တုန်လှုပ်ချောက်ချားခြင်း မရှိဘဲ ‘‘ခေါင်မိုး ပေါ်က အုတ်ကျွတ်ပြားတမျှ နတ်ဆိုးတွေ ဝမ်းစ်မှာရှိပါစေ၊ ကျွန်တော်ကတော့ သွားမှာပဲ’’ ဟု တုံ့ပြန်ခဲ့သည်။HFB 149.2

    ဝမ်းစ်မြို့သို့ ဆိုက်ရောက်လာသောလူးသာကို လူထုကြီးကမြို့အဝင်မှ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါသည်။ အလွန်စိတ်လှုပ်ရှားစရာ ကောင်းလှပါသည်။ လူးသာက ‘‘ထာဝရဘုရားသခင်သည် ငါ၏ကွယ်ကာရာ ဖြစ်တော်မူ၏’’ ဟု ရထားပေါ်မှဆင်းစဉ် ဟစ်ကြွေးခဲ့သည်။ သူရောက်ရှိ လာသဖြင့် ရဟန်းမင်းအဖွဲ့သည် အလွန်ထိတ်လန့်နေကြပါသည်။ ဧကရာဇ်ဘုရင်သည်လည်း အကြံပေးအရာရှိများကိုခေါ်ကာ ဆက်လုပ်ရမည့် လုပ်ငန်းစဉ်အကြောင်းကို ဆွေးနွေးနေပါသည်။ ‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ဆွေးနွေးခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ ဧကရာဇ်အနေဖြင့် ဒီလူကို တစ်ချက်တည်းသုတ်သင်ပစ်လိုက်ပါ။ ဆီဂျစ်မန်သည် ဟပ်စ်ကို မီးရှို့သတ် ခဲ့တယ်မဟုတ်လား။ ဒီဖေါက်ပြန်ရေးသမားရဲ့ လုံခြုံရေးလက်မှတ်ကို တို့မပေးခဲ့တာသေချာသလို ဒီလက်မျတ်ကို ဂရုစိုက်စရာလည်းမလိုဘူး’’ ဟု ရက်စက်ကြမ်းကြုတ်သော ရဟန်းမင်း၏ခေါင်းဆောင်များက ကြွေးကြော်ခဲ့ကြ သော်လည်း ‘‘မဖြစ်နိုင်ဘူး၊ တို့ကတိတည်ရမယ်’’ ဟု ဧကရာဇ်က တုံ့ပြန်ခဲ့သည်။ သို့နှင့် လူးသာကို ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါသည်။၏ထိုမြို့တော်မှ လူအပေါင်းတို့သည် ထင်ရှားကြော်ကြားသည့် ထိုပုဂ္ဂိုလ်ကို မြင်တွေ့ရန် စိတ်ဆန္ဒပြင်းပြနေပါသည်။ ခရီးပန်းနေသော လူးသာသည် အေးအေးဆေးဆေးအနားယူဖို့လိုသည်။ သို့ရာတွင် အချိန်အနည်း ငယ်သာ သူအနားယူခဲ့ရပါသည်။ မကြာမီမှာပင် ဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ သူရဲကောင်းဘွဲ့ရသူများ၊ ယဇ်ပုရောဟိတ်များနှင့် မြို့လူထုကြီးသည် သူ့အနားတွင် စုရုံးလာကြပါသည်။ ထိုသူများထဲမှ ပုဂ္ဂိုလ်ကြီးတစ်ယောက်က သာသနာ့ခေါင်းဆောင်များ၏ မတရားလုပ်ဆောင်မှုများကို ပြန်လည်ပြုပြင် ပေးပါရန် ဧကရာဇ်အား ရဲဝံ့စွာတောင်းဆိုခဲ့ပါသည်။ အကြောက်အလန့် ကင်းသော ထိုရဟန်းပျိုကလေးကိုကြည့်ရန် မိတ်ဆွေများသာမက ရန်သူများပင်လျှင် စုရုံးလာကြပါသည်။ သူ့ပုံပန်းလက္ခဏာမှာ တည်ကြည်၍ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသူဖြစ်၏။ သူ၏မျက်နှာသည် ပိန်လှီ၍ ဖျော့တော့တော့ ဖြစ်နေသော်လည်း ကြင်နာမှု၊ ဝမ်းမြောက်မှုတို့နှင့် ပြည့်စုံနေသည်။ သူ့နှုတ်ထွက်စကားများ၏ နက်ရှိုင်းသော ခိုင်မာမှုများကြောင့် ရန်သူများပင်လျှင် ဆောက်တည်ရာမရဖြစ်ခဲ့၏။ သူနှင့်အတူ ဘုရားသခင် ပါရှိနေသည်ဟု တချို့က သဘောပေါက်ခဲ့ကြသော်လည်း ‘‘ဒီလူနတ်ဆိုး စွဲနေပြီ’’ ဟု ဖာရိရှဲများက ခရစ်တော်ကိုပြေသလို တချို့ကပြောနေကြပါသည်။ ယောဟန် ၁၀:၂၀။HFB 150.1

    လူးသာအား ပရိသတ်စုရုံးရာခန်းမထဲသို့ ဦးဆောင်ခေါ်ယူခဲ့ရန် နောက်တစ်နေ့တွင် ဘုရင့်အရာရှိတစ်ဦးကို တာဝန်ပေးခဲ့ပါသည်။ ရဟန်းမင်းကို အာခံဝံ့သူရဟန်းပျိုကလေးအား ကြည့်လိုကြသည့် လူထုကြီးသည် လမ်းဘေးဝဲယာတွင် ပြည့်လျက်ရှိသည်။ တိုက်ပွဲအလီလီတွင် အောင်ပွဲဆင်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ‘‘သနားစရာရဟန်းပျို ကလေးရေ၊ ငါနဲ့စစ်ဗိုလ်တွေ စစ်မြေပြင်မှာ လုပ်ဆောင်ခဲ့တဲ့အရာတွေထက် မြင့်မြတ်တဲ့အရာတွေကို မင်းအခုလုပ်နေတယ်။ မင်းရဲ့လမ်းစဉ်က တရားမျှတမယ်ဆိုရင် နာမတော်ကိုခိုလှုံပြီး ဆက်လုပ်ပါ။ ဘာကိုမှမကြောက်နဲ့။ ဘုရားသခင်က မင်းကိုပစ်ထားမှာမဟုတ်ပါဘူး’’ ဟု ကြင်နာစွာအားပေးခဲ့သည်။HFB 151.1