Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကမ္ဘာသို့ဟောကြားသည့် ဧဝံဂေလိတရားတော်

    ‘‘တစ်သီတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၏။’’ ယုဒများအတွက် သတ်မှတ်ထားသော သီတင်းခုနစ်ဆယ်မှ နောက်ဆုံး တစ်သီတင်းဖြစ်သည်။ အေဒီ ၂၇ နှင့် ၃၄ အကြား ခရစ်တော်နှင့် တပည့်တော် များသည် အထူးသဖြင့် ယုဒများထံသွား၍ ဧဝံဂေလိတရားတော်ကို ဟောကြားခဲ့ကြသည်။ ‘‘သင်တို့သည် တစ်ပါးအမျိုးသားများရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့မဝင်ကြနှင့်။ ဣသရေလအမျိုး၊ ပျောက်လွင့်သောသိုးများရှိရာသို့ အလျင်သွားကြလော့’’ ဟု ခရစ်တော်ညွှန်ကြားခဲ့ပါသည်။ မဿဲ ၁၀:၅-၆။HFB 348.1

    ‘‘ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။’’ သခင်ယေရှုသည် နှစ်ခြင်းမင်္ဂလာခံယူပြီးနောက် သုံးနှစ်ခွဲအကြာ အေဒီ ၃၁ တွင် ကပ်တိုင်အတင်ခံခဲ့ရပါသည်။ မဟာယဇ်ကောင် ကို ကရာနီကုန်းထက်ဝယ် ပူဇော်လိုက်ခြင်းဖြင့် ပုံဆောင်သောအရာနှင့် ပုံဆောင်ခံရသောပုဂ္ဂိုလ်ကို တွေ့ရှိကြပေပြီ။ ထိုကြောင့် ပုံဆောင်မှုအားဖြင့် ကျင်းပသော ယဇ်ပူဇော်ခြင်းနှင့်ဆက်ကပ်ခြင်းများ အဆုံးသတ်သွားခဲ့ပါသည်။HFB 348.2

    ယုဒများအတွက် သတ်မှတ်ထားသည့် နှစ်ပေါင်း ၄၉၀ သည် အေဒီ ၃၄ တွင်ပြီးဆုံးပါသည်။ ထိုနှစ်တွင် စတီဗင်၏မာတုရသေခြင်းနှင့် ခရစ်ယာန်များ အပေါ်ပြုလုပ်နိုင်သည့်နှိပ်စက်ခြင်းများအားဖြင့် ဧဝံဂေလိတရားတော်ကို ငြင်းပယ်ကြောင်း ယဒနိုင်ငံက တံဆိပ်ခတ်လိုက်ပါသည်။ ထိုအချိန်တွင် ကယ်တင်ခြင်းသတင်းစကားကို ကမ္ဘာသို့ဖြန့်ချိပါတော့သည်။ နှိပ်စက်ညှဉ်းပန်း မှုများကြောင့် ယေရုရှလင်မှထွက်ပြေးကြရသည့် အရပ်ရပ်သို့ကွဲပြားသောတပည့်တော် များသည် လှည့်လည်၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။ တမန်၊ ၈:၄။HFB 348.3

    ထိုအချိန်အထိ အနာဂတ္တိစကားပါအချက်အလက်များသည် တိတိကျကျပြည့်စုံခဲ့ပါသည်။ သီတင်းခုနစ်ဆယ် (သို့မဟုတ်) နှစ်ပေါင်း ၄၉၀ ကို ဘီစီ ၄၅၇ တွင် အစပြုကာ အေဒီ ၃၄ တွင် အဆုံးသတ်ခြင်း၌ စောဒကတက်မှုလုံးဝမရှိချေ။ နှစ်ပေါင်း ၂၃၀၀ မှ နှစ်ပေါင်း ၄၉၀ ကိုပယ်ရှင်း လိုက်ရာ နှစ်ပေါင်း ၁၈၁၀ ကျန်ရှိနေသေးသည်။ အေဒီ ၃၄ မှ နှစ်ပေါင်း ၁၈၁၀ ကိုဆန့်ထုတ်လိုက်ရာ နှစ်ပေါင်း ၂၃၀၀ သည် အေဒီ ၁၈၄၄ တွင် အဆုံးသို့ ရောက်သွားခဲ့ပါသည်။ နှစ်ပေါင်း ၂၃၀၀ ကုန်ဆုံးသောအချိန်တွင် ဗိမာန်တော်ကို ဆေးကြောမည်ဟု ထောက်ပြထားပါသည်။ (ဗိမာန်တော် ဆေးကြောခြင်းကို ကမ္ဘာသို့ ခရစ်တော်ကြွလာခြင်းဖြစ်သည်ဟု အများက ထိုစဉ်ကယုံကြည်ခဲ့ကြပါသည်)။HFB 349.1