Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆက္ကဆိုနီမှ ဖရက်ဒရစ်အား ဘုရားသခင်အသုံးပြုခြင်း

    လူးသာလုပ်ဆောင်သမျှကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေကြသည်။ သို့ရာတွင် မြင့်မြတ်၍ စိတ်ထားမှန်သူတစ်ဦးက လူးသာ၏ လွတ်မြောက်ရေးကို ဖြေရှင်းပေးခဲ့သည်။ ဘုရားသခင်သည် လူးသာ ဆက်လက်အသက်ရှင်ရေးအတွက် စီမံချက်တစ်ခု ကို ဖရက်ဒရစ်အားဖြင့် ပေးတော်မူ၏။ အိမ်အပြန်ခရီးစဉ်တွင် လူးသာအား ၎င်း၏မိတ်ဆွေများနှင့်ခွဲလိုက်ပြီး သစ်တောများကိုဖြတ်ပြီး လူသူမနီးသည့် ဝပ်ဘတ်တောင်ပေါ်ရဲတိုက်ကြီးသို့ ကသောကမျောခေါ်ဆောင်သွားကြပါသည်။ သူ့အားဝှက်ထားသည့်နေရာကို ဖရက်ဒရစ်ကိုယ်တိုင်ပင်မသိခဲ့ချေ။ ဤတွင်လည်း ဘုရားသခင်၏အကြံအစည် ရှိတော်မူ၏။ အကြောင်းမှာ ဖရက်ဒရစ်သည် ဘာမှမသိသမျှကာလပတ်လုံး ဘာမျှမဖေါ်ပြနိုင်တော့ချေ။ လူးသာလုံခြုံမှုရလျှင်ပင် သူကျေနပ်ခဲ့ပါသည်။HFB 169.1

    နွေရာသီနှင့် မိုးရာသီကုန်ဆုံးကာ ဆောင်းရာသီသို့ရောက်ခဲ့ချေပြီ။ လူးသာသည် အကျဉ်းသားဘဝတွင်ပင် ရှိနေသေးသည်။ အော်လင်းဒါးနှင့် သူ့ဘက်တော်သားများသည် ဝမ်းမြောက်နေကြပါသည်။ ဧဝံဂေလိအလင်းသည် ပျောက်ကွယ်သွားတော့မယောင် ဖြစ်နေသည်။ သို့သော် လူးသာ၏ အလင်းသည် တောက်ပတောအလင်းနှင့် ထွန်းတောက်ရန်ဖြစ်သည်။HFB 170.1