Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သမ္မာကျမ်းစာကိုယုံတမ်းစကားဟုဖွင့်ဆိုနေခြင်း

    နတ်ဆိုးဝိညာဉ်များက တမန်တော်အယောင်ဆောင်လာကာ ၎င်းတို့ လောကတွင်ရှိစဉ်က ရေးသားခဲ့သည့်အရာများနှင့် ဆန့်ကျင်လျက် လုပ်ဆောင် ပြနေပါသည်။ သမ္မာကျမ်းစာအား ရှေးဦးလူသားစုအတွက်သာ သင့်လျော်သည့် ခေတ်နောက်ကျသည့် စာအုပ်တစ်အုပ်အဖြစ် ယုံတမ်းစကားများကိုသာ ဖော်ပြ ထားသည့် စာအုပ်တစ်အုပ်အဖြစ် လူအများယုံကြည်လာအောင်လုပ်ရန်မှာ စာတန်၏အလုပ်ဖြစ်သည်။ ၎င်းနှင့်တကွ ၎င်း၏အပေါင်းပါများအား တရားစီရင်ရာတွင် အသုံးပြုမည့် ထိုစာအုပ်ကြီးကို အမှောင်ထဲတွင် သူပစ်ထားကာ ကမ္ဘာ့ကယ်တင်ရှင်ကို သာမန်ပုဂ္ဂိုလ်တစ်ဦးထက်မပိုသူ တစ်ဦးအဖြစ် အထင်မှားအောင် သူကြိုးစားနေပါသည်။ ကယ်တင်ရှင်၏ အသက်တာတွင် မည်သည့်အံ့ဩဖွယ်ရာကိုမှမတွေ့ရကြောင်း ၎င်းတို့ပြုလုပ် သော ထူးဆန်းအံ့ဩဖွယ်ရာများသည် ခရစ်တော်ပြုခဲ့သည်အရာများထက် အလွန်သာလွန်ကြောင်း လူအများကထင်လာအောင် နံဝိညာဉ်ဝါဒကို ယုံကြည်သူများက ကြိုးစားလုပ်ဆောင်နေပါသည်။HFB 607.2

    နံဝိညာဉ်ဝါဒသည် ခရစ်ယာန်အရေခြုံကာ အလုပ်လုပ်လျက်ရှိပါသည်။ သို့စေကာမူ ၎င်း၏သွန်သင်ချက်များဖုံးဖိထားခြင်းငှာ မရလောက်အောင် ထင်ရှားနေပါသည်။ ၎င်း၏လက်ရှိပုံစံသည် ပို၍အန္တရာယ်များပြီး လှည့်ဖြားမှုနှင့်ပြည့်စုံနေပါသည်။ ထိုဝါဒီများက ခရစ်တော်နှင့် သမ္မာကျမ်းစာကို လက်ခံနေကြသော်လည်း သမ္မာကျမ်းစာကို အသစ်မွေးဖွား ခြင်းမခံရသေးသည့်စိတ်နှလုံးဖြင့် မိမိကြိုက်သလိုအနက်ဖွင့်နေကြပါသည်။ ချစ်ခြင်းမေတ္တာကို ဘုရားသခင်၏အဓိကစာရိတ္တတော်အဖြစ် တွေးနေ၊ ရေးနေ၊ မှတ်ယူနေကြသော်လည်း အမှားနှင့်အမှန်အကြား၊ ခြားနားမှုမထားသလောက် ရှိသော အားနည်းသောစိတ်ကူးယဉ်တစ်ခုအခြေအနေအထိ မေတ္တာတရားများ လျော့ပါးနေကြပါသည်။ အပြစ်ကိုမကျူးလွန်ဖို့ ဘုရား၏ မိန့်ဆိုချက်များနှင့် သန့်ရှင်းသောပညတ်တော်ကို စောင့်ရှောက်ကြဖို့ ဘုရား၏တောင်းဆိုချက် များကို မျက်ကွယ်ပြုနေကြပါသည်။ ယုံကြည်ခြင်း၏အုတ်မြစ်ဖြစ်သော သမ္မာကျမ်းစာကိုငြင်းပယ်စေရန် ဒဏ္ဍာရီပုံပြင်များက လူသားများအား လမ်းပြနေကြပါသည်။ ခရစ်တော်ကို ယခင်ကကဲ့သို့ပင် ငြင်းပယ်နေကြ သော်လည်း ထိုလှည့်ဖြားမှုကို သတိမပြုမိကြသေးချေ။HFB 608.1

    လူနည်းစုကသာ နံဝိညာဉ်ဝါဒ၏လှည့်ဖြားခြင်းတန်ခိုးကို အမြင် ရှင်းနေကြပါသည်။ အများစုမှာမူ စပ်စုချင်သည့်သဘောဖြင့် နံဝိညာဉ်ဝါဒကို ကလိနေကြပါသည်။ ထိုဝိညာဉ်များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားလျှင် ဒုက္ခလှလှကြီးရောက်သွားမည်ကို သိလျက်နှင့် တားမြစ်ထားသောနယ်မြေထဲသို့ အရဲစွန့်ကာ သူတို့ဝင်သွားခဲ့ကြပါသည်။ စာတန်သည် ၎င်းတို့၏အလိုဆန္ဒကို ဆန့်ကျင်ကာ ၎င်းတို့၏အား တန်ခိုးပြနေပါသည်။ ၎င်းတို့သည် သူ၏လမ်းညွှန်မှုအောက်သို့ တစ်ခါရောက်သွားရုံနှင့် သူ၏အကျဉ်းသားများဖြစ်သားကြပါလိမ့်မည်။ ဆုတောင်းမှုကြောင့် တုံ့ပြန်မည့် ဘုရားသခင်၏ တန်ခိုးတော်တစ်ခုတည်း ကသာ ဤဝိညာဉ်များကို ကယ်ဆယ်နိုင်ပါသည်။HFB 608.2

    သိသာလျက်ရှိသောအပြစ်များကို ဆန္ဒအလျောက်ကျူးလွန်နေသူ အပေါင်းတို့သည် စာတန်အား စုံစမ်းနှောင့်ယှက်မှုပြုရန် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။ ထိုသူများသည် မိမိကိုယ်ကို ဘုရားသခင်ထံမှလည်းကောင်း၊ ကောင်းကင်တမန်များ၏ ကာကွယ်စောင့်ရှောက်မှုများမှလည်းကောင်း ကျောခိုင်းခဲ့ကြသဖြင့် အကာအကွယ်မဲ့သူများဘဝသို့ ရောက်နေကြပါသည်။ ‘‘တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ်ဝင်နှင့်စုန်းတို့၌ ဆည်းကပ် ကြလော့ဟု သင်တို့အားဆိုလျှင်မူကား လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော။ အသက်ရှင်သောသူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။ တရားတော်ကိုလည်းကောင်း၊ သက်သေခံတော် မူချက်ကိုလည်းကောင်း နားထောင်ကြကုန်အံ့။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင် သူတို့၌ အရုဏ်မတတ်သေး။’’ ဟေရှာ၊ ၈:၁၉-၂၀။HFB 609.1

    အကယ်၍သာ လူတို့သည် လူ၏သဘာဝ၊ လူသေတို့၏အခြေအနေနှင့် ပတ်သက်သည့်အမှန်တရားကို သိရှိလိုစိတ်ပြင်းပြခဲ့ကြမည်ဆိုလျှင် စာတန်၏ တန်ခိုးနှင့် ၎င်း၏လိမ်ညာမှုများကို နံဝိညာဉ်ဝါဒတွင် မြင်တွေ့ကြရလိမ့်မည်။ လူထုကြီးသည် အလင်းကိုမမြင်အောင် မျက်စိအစုံကိုပိတ်ထားကြသဖြင့် ၎င်းတို့အား ကျော့ကွင်း များတွင်ဖမ်းမိစေဖို့ စာတန်၌အခွင့်သာလျက်ရှိပါသည်။ ‘‘ထိုသူတို့သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ သမ္မာတရား၌ မွေ့လျော်သောစိတ်ကို မခံယူကြ။--- မုသာစကားကို ယုံစိမ့်သောငှာ မိစ္ဆာဒိဌိပြုပြင်အားထုတ်ခြင်း အခွင့်ကို သူတို့၌ ဘုရားသခင်လွှတ်တော်မူလိမ့်မည်။’’ ၂သက်၊ ၂:၁၀-၁၁။HFB 609.2

    နံဝိညာဉ်အယူဝါဒကို ဆန့်ကျင်သူများက စာတန်နှင့် အပေါင်းပါများ အား တွန်းလှန်တိုက်ခိုက်ကြပါသည်။ ကောင်းကင်တမန်များ၏ တိုက်ခိုက်မှု မှလွဲ၍ မည်သည်၏တွန်းလှန်တိုက်ခိုက်မှုကြောင့်မျှ စာတန်သည် နောက်သို့ တစ်လက်မဆုတ်ပေးလိမ့်မည် မဟုတ်ချေ။ သူသည် ကျမ်းချက်များကို ကိုးကားကာ ထိုကျမ်းချက်များ၏ သွန်သင်ချက်များကို နားလည်မှုမှားအောင် လုပ်နိုင်စွမ်းရှိသူတစ်ဦးဖြစ်နေရာ ဤသို့သောခေတ်ကာလတွင် အသက်ရှင် နေထိုင်လျက်ရှိသော ယုံကြည်သူများသည် သမ္မာကျမ်းစာ၏ သက်သေခံချက် များကို နားလည်သဘောပေါက်ထားကြရပါမည်။HFB 610.1

    ဆွေမျိုး၊ မိတ်ဆွေများ၏အယောင်ကိုဆောင်ထားသည့် နတ်ဆိုးဝိညာဉ်များသည် ၎င်းတို့အား ကျွန်ုပ်တို့ခင်မင်လာအောင် ဆွဲဆောင်ကြလိမ့်မည်။ ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြလိမ့်မည်။ ထိုကြောင့် သေလွန်သောသူသည် မည်သည့်အရာကိုမျှ မသိရှိတော့ကြောင်း၊ မိမိတို့အား ယခုဆွဲဆောင်နေသူများသည် နတ်ဆိုးဝိညာဉ်များသာ ဖြစ်ကြောင်း ဖော်ပြထားသည် သမ္မာကျမ်းစာမှ ကျမ်းစကားများကို အခြေပြုအားယူကာ ကျွန်ုပ်တို့သည် မားမားမတ်မတ်ရပ်တည်ကြရမည်။HFB 610.2

    မိမိ၏ယုံကြည်ခြင်းကို နှုတ်ကပတ်တော်တွင် တည်ဆောက်ထားခြင်း မရှိသူများမှာ စာတန်၏လှည့်ဖြားခြင်းထဲတွင် ဆုံးရှုံးကြရလိမ့်မည်။ စာတန်သည် ‘‘မတရားသောလှည်ဖြားခြင်းအမျိုမျိုး’’ ကိုအသုံးပြုကာ သွေးဆောင်လျက်ရှိသော်လည်း သမ္မာတရားကို ဆည်းပူးပြီး နားထောင် လိုက်လျှောက်ခြင်းအားဖြင့် အသက်တာကို ဖြူစင်သန့်ရှင်းစေခဲ့သူများသည် ထာဝရဘုရား၌ ကွယ်ကာရာဌာနတော်ကိုတွေ့ကြလိမ့်မည်။ ကယ်တင်ရှင်သည် မိမိကို ကိုးစားသည့် အသက်ဝိညာဉ်တစ်ခုလုံးအား စာတန်၏လက်ထဲသို့ ထည့်လိုက်မည့်အစား ကောင်းကင်မှ ကောင်းကင်တမန်များကို စေလွှတ်ကာ ၎င်းအား ကာကွယ်တော်မူလိမ့်မည်။ အပြစ်သားများကို ပြစ်ဒဏ်စီရင်မှုမရှိပါ ဟူသောအာမခံချက်ဖြင့် ကျေနပ်နေသူများနှင့် ဒုက္ခဆင်းရဲခြင်းကာလအတွက် အကာအကွယ်တစ်ခုအဖြစ် ဘုရားသခင်စီမံထားသည့် သမ္မာတရားများကို လက်မခံသောပုဂ္ဂိုလ်များသည် စာတန်၏လိမ်ညာမှုများကို လက်ခံကြလိမ့်မည်။ နံဝိညာဉ်အယူဝါဒ၏ လွဲမှားသောအယောင်ဆောင်မှုများကိုလက်ခံကြလိမ့်မည်။HFB 611.1

    သရော်ကဲ့ရဲ့သူများက ကယ်တင်ခြင်းစီမံကိန်းနှင့်ပတ်သက်သည့် သမ္မာကျမ်းစာ၏ဖွင့်ဆိုချက်များကိုလည်းကောင်း၊ သမ္မာတရားများကို ငြင်းပယ်သူများအား ၎င်းတို့၏အကျင့်အလျှောက်၊ အကျိုးအပြစ်များ ပေးတော်မူမည်ဟူသော ကျမ်းစာသွန်သင်ချက်များကိုလည်းကောင်း ပြက်ရယ်ပြုနေကြပါသည်။ ပညတ်တော်ကို စောင့်ရှောက်နေသူများအား အယူသီးသူ၊ အားနည်းသူ၊ သဘောထားကျဉ်းမြောင်းသူများအဖြစ် သနားဟန် ပြကြပါသည်။ ထိုသူတို့သည် စာတန်၏နောက်သို့ လုံးလုံးလျားလျား လိုက်ပါသွားကြပြီဖြစ်သဖြင့် စာတန်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်နေကြလေရာ စာတန်၏ကျော့ကွင်းမှ ရုန်းထွက်လိုစိတ်မရှိလောက်သည်အထိ စာတန်၏စိတ်ဓာတ်သည် ၎င်းတို့အား လွှမ်းမိုးထားချေပြီ။HFB 611.2

    ‘‘သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်း ကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတ္တံ့’’ ဟူသော အာမခံချက်ပေါ်တွင် စာတန်၏အမှုတောင်၏ အုတ်မြစ်ကို အခြေပြုထားပါသည်။ သူ၏လှည့်ဖြား မှုကို နောက်ဆုံးသော ကျန်ကြွင်းသူများ၏ခေတ်အခါအထိ အသုံးချပါလိမ့်မည်။ ‘‘ဖားကဲ့သို့ညစ်ညူးသောဝိညာဉ်သုံးပါးထွက်သည်ကို ငါမြင်၏။ နိမိတ်လက္ခဏာပြသော နတ်ဆိုး၏ဝိညာဉ်ဖြစ်သတည်း။ ထိုဝိညာဉ် တို့သည် လောကီတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်း အလိုငှာ စုဝေးစေကြ၏။ ဗျာဒိတ် ၁၆:၁၃-၁၄။HFB 612.1

    ကိုယ်တော်ရှင်၏နှုတ်တော်ထွက်စကားများအပေါ် ယုံကြည်ကိုးစား သောကြောင့် တန်ခိုးတော်အားဖြင့် ကွယ်ကာထားခြင်းခံရသူများမှတစ်ပါး ကျန်လူသားအပေါင်းတို့သည် စာတန်၏လှည့်ဖြားခြင်းကို ခံကြရလိမ့်မည်။ အန္တရာယ်မကင်းသည့် လုခြုံမှုတွင် နှစ်သိမ့်ကျေနပ်နေသူများသည် ဘုရား သခင်၏ အမျက်တော်ကျရောက်သောအခါကျမှသာ နိုးထလာကြလိမ့်မည်။HFB 612.2