Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နေမိုက်၍လကြတ်ခြင်း

    လစ္စဘွန်းမြေငလျင်လှုပ်ပြီးသည့်နောက် (၂၅) နှစ်အကြာတွင် အနာဂတ္တိစကားကိုပြည့်စုံစေမည့် နေမိုက်ခြင်း၊ လကြတ်ခြင်းတို့ ဖြစ်ပျက်ခဲ့ပါသည်။ ထိုအနာဂတ္တိစကားပြည့်စုံရမည့်အချိန်ကိုလည်း သံလွင် တောင်ပေါ်တွင် တပည့်တော်များနှင့် စကားလက်ဆုံကျနေစဉ် ခရစ်တော်က ‘‘ထိုကာလ၏ဒုက္ခဆင်းရဲခြင်းနောက်မှ နေသည် မိုက်လိမ့်မည်။ လသည်အရောင်မပေး’’ ဟူ၍ အတိအကျမိန့်ဆိုတော်မူခဲ့သည်။ မာကု ၁၃:၂၄။ နှစ်ပေါင်း ၁၂၆၀ သည် ၁၇၉၈ ခုနှစ်တွင် အဆုံးသတ်ခဲ့ပါသည်။ ထိုကာလထက် (၂၅) နှစ်လောက်စော၍ နှိပ်စက်ညှဉ်းပန်းခြင်းသည် လုံးလုံးနီးပါးအဆုံးသတ် ခဲ့ပြီးဖြစ်သည်။ ဤနှိပ်စက်ညှဉ်းပန်းခြင်းပြီးသည်နောက် ၁၇၈၀ ခုနှစ်၊ မေလ ၁၉ ရက်တွင် နေမိုက်ခဲ့ရာ ဤအနာဂတ္တိစကားသည် ပြည့်စုံခဲ့ပါသည်။HFB 321.1

    မက်ဆက်ကျူးဆက်မှ မျက်မြင်သက်သေတစ်ဦးက ‘‘တိမ်မည်းကြီး တစ်ခုဟာ ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးအုပ်လိုက်တာ မိုးကုပ်စက်ဝိုင်းဆီက အလင်းတန်းသေးသေးလေးပဲ ထွက်နိုင်တော့တယ်။ မှောင်လိုက်တာကတော့ နွေရာသီ၊ ညကိုးနာရီအချိန်ကျနေတာပဲ’’ ဟု ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ ပြောသွားပါသည်။HFB 321.2

    ‘‘လူတွေရဲ့စိတ်ထဲမှာ ကြောက်စိတ်၊ စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်တွေနဲ့ ပြည့်နေတယ်။ အမျိုးသမီးတွေက အမှောင်ထုလွှမ်းမိုးနေတဲ့ အိမ်အပြင်ကို လှမ်းကြည့်နေကြတယ်။ အမျိုးသားတွေကလည်း လယ်တောတွေကနေ အလုပ်သိမ်းပြီးပြန်လာကြတယ်။ လက်သမား တွေက ထွန်ထယ်တွေကိုချန်ထားပြီးပြန်လာကြသလို ပန်းပဲဆရာတွေကလည်း ပန်းပဲဖိုကိုစွန့်ပစ်ထားခဲ့ကြသည်။ အရောင်းအဝယ်သမားတွေကလည်း ဆိုင်တွေကိုပစ်ထားခဲ့ကြတယ်။ စာသင်ကျောင်းတွေကလည်း ဆင်းပေးလိုက်တော့ ကျောင်းသားတွေဟာ ကြောက်အားလန့်အားနဲ့ မိမိတို့ရဲ့ အိမ်ဘက်ဆီကိုပြေးကြတော့တယ်။ ခရီးသည်တွေဟာလည်း နီးရာအိမ်တွေမှာ ဝင်ပြီးတည်းကြရင်း ‘‘ဘယ်လိုဖြစ်ကုန်ပြီလဲ’’ ဟု စပ်စုကြတယ်။ ထိုအခြေအနေဟာ လေမုန်တိုင်းကြီးတစ်ပြည်လုံးမှာကျတော့မယောင် ဖြစ်နေတယ်။ အရာခပ်သိမ်းဟာ ဆုံးခန်းတိုင်တော့မည့်ပုံမျိုးလည်း ပေါ်နေတယ်။’’ ‘‘ဖယောင်းတိုင်တွေကိုထွန်းပြီး မီးလင်းဖိုတွေဟာလည်း ဆောင်းဦး ကာလရဲ့ လမိုက်တဲ့ညမှာလိုပဲ လင်းနေတာပဲ။ ကြက်တွေလည်း အိပ်တန်း တက်ကုန်ကြပြီး နွားများလည်း စားကျက်မှ နွားခြံသို့ပြန်လာခဲ့ကြသည်။ ဖားကလေးများအော်မြည်ကြသလို ငှက်ကလေးတွေလည်း ညနေချမ်း သီချင်းသီဆိုနေကြတယ်။ လင်းနို့များဟာ ဟိုဟိုဒီဒီပျံဝဲနေကြသော်လည်း လူသားများကတော့ ညအချိန်မရောက်သေးမှန်း သိထားကြပါတယ်။’’ ‘‘နေရာအတော်များများတွင် လူများစုရုံးနေကြပါတယ်။ ထိုအမှောင်ထုကြီး ကျရောက်ခြင်းဟာ အနာဂတ္တိစကားများနဲ့ ကိုက်ညီကြောင်း ဖေါ်ပြထားတဲ့ ကောက်ကာငင်ကာဟောရတဲ့ တရားဟောချက်များအတွက် ကျမ်းချက်များကိုဖတ်၍ တရားဟောကြတယ်။ မနက် (၁၁) နာရီထိုးပြီးခါစ လေးမှာ အမှောင်ဆုံးပဲ။’’ ‘‘ကျွန်တော်တို့နိုင်ငံရဲ့ နေရာတော်တော်များများမှာ အချိန်နာရီအားဖြင့် နေ့အချိန်ဖြစ်လင့်ကစား ဖယောင်းတိုင်မထွန်းဘဲ ဘာမှလုပ်လို့မရဘူး’’ ဟု ထိုသူကဆက်လက်သက်သေခံခဲ့ပါသည်။HFB 321.3