Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကပ်တိုင်ကိုသတိရစေသည့်အရာ

    ကယ်တင်ရှင်သည် ကပ်တိုင်မှလာသည့်အနာရွတ်များကို ဆက်လက်တည်ရှိစေလိမ့်မည်။ အပြစ်ကြောင့် ဖြစ်ပေါ်လာသည့် ကြောက်စရာဆိုးကျိုးများကို သတိရစေရန်အတွက် ထိုအရာသည် တစ်ခုတည်းသော အစအနတစ်ခုဖြစ်သည်။ ကပ်တိုင်မှရခဲ့သော ထိုအနာရွတ် များသည် ခေတ်အဆက်ဆက်ဘုန်းတော်ကို ထင်ရှားစေရုံသာမက ဘုန်းတော်ကိုလည်း ဖွင့်ဟနေပါသည်။HFB 737.3

    တပည့်တော်များနေစရာဖို့ ခမည်းတော်ဘုရားသခင်၏ အိမ်တော်တွင် မိမိပြင်ဆင်ရန်သွားခဲ့ကြောင်း ခရစ်တော်က တပည့်တော်များကို အာမခံခဲ့ ပါသည်။ ဖြောင့်မတ်သူများရရှိမည့် ဆုကျေးဇူးကိုဖော်ပြရန် လူ့ဘာသာ စကားသည် မစွမ်းနိုင်ပါချေ။ ထိုအရာကို မြော်ကြည့်သောသူတို့သည်သာ သိရှိနိုင်ပါလိမ့်မည်။ ဉာဏ်နည်းသောလူသားများသည် ဘုရားသခင့်နိုင်ငံ တော်၏ ဘုန်းကို နားလည်နိုင်စွမ်းမရှိပါချေ။HFB 738.1

    ကယ်တင်ခြင်းခံရမည့်သူများရရှိမည့်အမွေကို ‘‘ပြည်တစ်ပြည်’’ ဟု ဟေဗြဲ ၁၁:၁၄-၁၆ တွင် ဖော်ပြထားပါသည်။ ထိုပြည်တွင် သိုးထိန်းကြီးသည် မိမိသိုးစုအား အသက်စမ်းရေရှိရာသို့ ပို့ဆောင်လိမ့်မည်။HFB 738.2

    သလင်းကျောက်ပမာ ကြည်လင်သောရေများနှင့် ပြည့်လျှံလျက်ရှိသည့် ချောင်းများစီးဆင်းနေပါသည်။ ထိုချောင်းများနံဘေးတွင် အရိပ်ကောင်းသော သစ်ပင်များရှိသည်။ ၎င်းတို့သည် ရွေးနုတ်ခံရသူများအတွက် ပြင်ဆင်ထားသည့်လမ်းများပေါ်တွင် မိုးနေပါသည်။ ကျယ်ပြန့်ညီညာသည့် လွင်ပြင်ကြီးများသည်လည်း တောင်ကုန်းများ၏အလှကို ပို၍တိုးပွားစေ ပါသည်။ တောင်တန်းကြီးများ၏ တောင်ထိပ်များသည်လည်း မိုးထိအောင် မြင့်မားလျက်ရှိပါသည်။ သာယာသောထိုလွင်ပြင်များနှင့် တသွင်သွင် စီးဆင်းနေသောရေချောင်းများနံဘေးတွင် ဘုရားသခင်၏သားသမီးများ နေထိုင်ကြပါသည်။HFB 738.3

    ‘‘ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူနေမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသူစားရမည်မဟုတ်။--- သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။’’ ‘‘တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်သကဲ့သို့ အပွင့်အပွင့် လိမ့်မည်။’’ ‘‘တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့် အတူအိပ်လိမ့်မည်။--- လူသူငယ်တို့သည် သူတို့ကို ပို့ဆောင်လိမ့်မည်။’’ ‘‘ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။’’ ဟေရှာ၊ ၆၅:၂၁-၂၂။ ၃၅:၁။ ၁၁:၆-၉။HFB 739.1

    နာကျင်မှုဝေဒနာဟူသည် ကောင်းကင်နိုင်ငံတွင်ရပ်တည်နိုင်သည့်အရာ မဟုတ်ချေ။ ထိုနေရာတွင် မျက်ရည်မကျရတော့ချေ။ ဈာပနအခမ်းအနား မကျင်းပရတော့ချေ။ ‘‘နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။’’ ‘‘မြို့သားကလည်း ငါနာသည်ဟု မဆိုရ။ ထိုမြို့၌နေသောသူတို့သည် အပြစ်ဖြေရှင်းခြင်းသို့ ရောက်ရကြလတ္တံ့။’’ ဗျာ၊ ၂၁:၄။ ဟေရှာ၊ ၃၃:၂၄။HFB 739.2

    ယေရုရှလင်မြို့သစ်သည် ကမ္ဘာသစ်၏မြို့တော်ဖြစ်သည်။ ‘‘ထိုမြို့၏ အရောင်အဝါသည် ကျောက်သလင်း၊ နဂါးသွဲ့ကဲ့သို့ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့်တူ၏။’’ ‘‘လူအမျိုးမျိုးတို့သည် ထိုမြို့၏အလင်းကိုအမှီပြု၍ သွားလာကြ၏။ လောကီရှင်ဘုရင်တို့သည်လည်း မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ဆောင်ခဲ့ကြလိမ့်မည်။’’ ‘‘ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိမ်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့် အတူရှိနေ၍ သူတို့၏ ဘုရားသခင်ဖြစ်တော်မူမည်။’’ ဗျာ၊ ၂၁:၁၁၊ ၂၄၊ ၃။HFB 739.3

    ‘‘ထိုမြို့၌ ညမရှိရ။’’ ဗျာ၊ ၂၂:၅။ ထိုနေရာတွင် မောပန်းခြင်းလည်း မရှိပါ။ ကျွန်ုပ်တို့သည် နံနက်မိုးသောက်၏ လန်းဆန်းမှုမျိုးကို အမြဲတမ်း ခံစားကြရလိမ့်မည်။ နေ၏အလင်းကို အခြားသောအလင်းတန်းတ်စခုက စိုးမိုးထားသည်။ ထိုအလင်းတန်းသည် မကြည့်နိုင်လောက်အောင် တောက်ပ လင်းလက်နေခြင်းမဟုတ်သော်လည်း မွန်းတည့်ချိန်အလင်းရောင်ထက် များစွာများစွာပို၍ထွန်းလင်းနေပါသည်။ ကယ်တင်ခြင်းခံရသူများသည် ထာဝရနေ့ကာလ၏ ဘုန်းတော်တွင် လမ်းလျှောက်ကြပါသည်။HFB 740.1

    ‘‘မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်။ အကြောင်းမူကား အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ ဗိမာန်တော်ဖြစ်၏။’’ ဗျာ၊ ၂၁:၂၂။ ကယ်တင်ခြင်းခံရသူများသည် ခမည်းတော်ဘုရား၊ သားတော်ဘုရားတို့နှင့် တိုက်ရိုက်ဆက်သွယ်ခွင့် ရကြပေပြီ။ ယခုမျက်မှောက်အချိန်တွင် ကျွန်ုပ်တို့သည် ဘုရား၏ ရုပ်လုံးတော်ကို မှန်အားဖြင့်ရိပ်မိလျက်သာ ရှိကြသော်လည်း ထိုအခါတွင်မူကား အတားအဆီးမရှိ။ မျက်နှာချင်းဆိုင်ဖူးမြော်ကြရလိမ့်မည်။HFB 740.2