Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ထာဝစဉ်စောင့်ရှောက်ခဲ့သည့်ဥပုသ်နေ့အစစ်

    ထိုနေ့ရက်များမှသည် ယခုပစ္စုပ္ပန်အချိန်အထိ ထိုဥပုသ်နေ့ကို စိုက်လိုက်မတ်တတ် စောင့်ရှောက်ခဲ့ကြသည်။ ဒုစရိုက်လူသား သည် ဘုရားသခင်၏သန့်ရှင်းရာနေ့ကိုနင်းချေရန် ကြိုးစားနေသော်လည်း သစ္စာရှိယုံကြည်သူများသည် လျှို့ဝှက်နေရာများတွင် ဂုဏ်ပြုခဲ့ကြသည်။ ဘာသာရေးပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည့် အချိန်မှစ၍ ယနေ့ထက်တိုင် လူသားမျိုးဆက်အသီးသီးမှ လူတချို့သည် သတ္တမနေ့ဥပုသ်ကို စောင့်ရှောက်ခဲ့ကြပါသည်။HFB 488.3

    ထာဝရ ဧဝံဂေလိတရားတော်နှင့် ဆက်နွှယ်နေသည့် ဤအမှန် တရားသည် ကြွလာတော့မည့်အချိန်တွင် ခရစ်တော်၏ အသင်းတော် ဖြစ်ကြောင်း ထင်ရှားစေလိမ့်မည်။ ‘‘ဘုရားသခင်၏ပညတ်တို့ကို လည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။’’ ဗျာ၊ ၁၄:၁၂။HFB 489.1

    သန့်ရှင်းရာဌာနတော်နှင့် ပတ်သက်သည့် အလင်းတရားနှင့် ဘုရားသခင်၏ပညတ်တော်ကို ရရှိထားသူများသည် သမ္မာတရား၏ ဆီလျော် ညီညွတ်မှုများကို တွေ့ရှိသောအခါ ဝမ်းမြောက်ဝမ်းသာရှိကြလိမ့်မည်။ ထိုသူတို့သည် ထိုအလင်းတရားကို ခရစ်ယာန်အားလုံးထံသို့ သွားရောက် ပေးဝေလိုကြသော်လည်း လောကနှင့်သဘောထားကွဲလွဲသော အမှန်တရား များကို ခရစ်တော်နောက်လိုက်များကပင်လျှင် လက်ခံကြိုဆိုခြင်းမရှိပါချေ။HFB 489.2

    ဥပုသ်နေ့ကိုစောင့်ရှောက်ရန် တင်ပြသည့်အခါတိုင်း ‘‘ငါတို့ တနင်္ဂနွေဥပုသ်စောင့်ခဲ့တာကြာပြီ။ ငါတို့မိဘတွေလည်း ဒီဥပုသ်ကိုပဲ စောင့်ခဲ့တာပဲ။ ဒီဥပုသ်ကိုစောင့်ရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ သေဆုံးသွားခဲ့တဲ့လူတွေ အများကြီးပါပဲ။ ဒီဥပုသ်အသစ်ကို စောင့်ရှောက်မယ်ဆိုရင် လူတွေနဲ့ကန့်လန့် ဖြစ်ကုန်လိမ့်မည်။ တနင်္ဂနွေဥပုသ်ကို စောင့်နေတဲ့ တစ်ကမ္ဘာလုံးနဲ့ဆန့်ကျင်ပြီး စနေဥပုသ်စောင့်တဲ့ လက်တစ်ဆုပ်စာလူစုကလေးက ဘာလုပ်နိုင်မှာလဲ’’ ဟု လူအများက ပြောဆို တတ်ကြပါသည်။ ခရစ်တော်ကိုလက်ခံဖို့ ငြင်းဆိုခဲ့သည့် ယုဒများက သူတို့ လုပ်ဆောင်ခြင်းကို မှန်ကန်သည်ဟု ပြောဆိုခဲ့ခြင်းနှင့်တူနေပါသည်။ ခရစ်ယာန် မှန်ရင် ကာတိုလိတ်ယုံကြည်ခြင်းဖြင့် သေဆုံးကြသည်ဟု လူးသာအချိန်က ရဟန်းမင်းပြောဆိုခဲ့ခြင်းနှင့်လည်း တူနေပါသည်။ ထိုသို့သော ဆင်ခြေပေးမှု များသည် ယုံကြည်ခြင်းတိုးတက်မှုကို အဟန့်အတားဖြစ်စေပါသည်။HFB 489.3

    တနင်္ဂနွေဥပုသ်စောင့်ခြင်းသည် ကမ္ဘာနှင့်အဝန်း ရာစုနှစ်ပေါင်းများစွာ ကြာကြာကျင့်သုံးခဲ့သော အသင်းတော်ဓလေ့ဖြစ်ကြောင်း တချို့ကပြောကြသည် နည်းတူ တချို့ကလည်း စနေဥပုသ်ကို ဤကမ္ဘာကြီးအား ဘုရားသခင် ဖန်ဆင်းပြီးကတည်းက စောင့်လာကြခြင်းဖြစ်ကြောင်း ဖွင့်ဆိုကြပါသည်။HFB 490.1

    တနင်္ဂနွေဥပုသ်စောင့်ခြင်းနှင့်ပတ်သက်သည့် အထောက်အထားများကို သမ္မာကျမ်းစာတွင် မတွေ့ရသောအခါတွင် လူအများက ‘‘တို့ရဲ့ပညာတတ် ဘိုးဘေးတွေဟာ ဘာကြောင့်ဒီသတ္တမနေ့ဥပုသ်ကို မစောင့်ခဲ့ကြတာလဲ။ စနေနေ့မှာ ဥပုသ်စောင့်တဲ့ ခင်ဗျားတို့လို လူတွေက နည်းနည်းကလေးပဲ။ ပညာတတ်လူအများစုကမှားပြီး ခင်ဗျားတို့ လူအနည်းစုကလေးက မှန်တယ် ဆိုတာတော့မဖြစ်နိုင်ဘူး’’ ဟု ငြင်းချက်ထုတ်ကြသည်။HFB 490.2

    ဤကဲ့သို့သောငြင်းချက်များကို ဖြေရှင်းရန် လုပ်ဆောင်သင့်သည့် အရာမှာ သမ္မာကျမ်းစာကိုဖွင့်ကာ ခေတ်အဆက်ဆက်လူသား များအပေါ် ဘုရားသခင်ဆက်ဆံပြုမူပုံကိုလေ့လာရန်သာ ရှိတော့သည်။ ပညာတတ်များနှင့် ရာထူးရာခံရှိသူများကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များတွင် ဦးဆောင်ရဿ် အခါအားလျော်စွာ ဘုရားသခင် မရွေးချယ်ရခြင်း၏ အကြောင်းမှာ ထိုသူများသည် မိမိတို့၏ယုံကြည်ချက်အပေါ်တွင်လည်းကောင်း၊ ဘုရားသခင်အကြောင်း လေ့လာမှုစနစ်များအပေါ်တွင်လည်းကောင်း အားကိုးပြီး ဘုရားသခင်၏ သွန်သင်မှုကိုမလိုအပ်တော့ဟု အထင်ရှိနေကြ သောကြောင့်ဖြစ်သည်။ ကျောင်းပညာနည်းသောသူများကို တစ်ခါတစ်ရံ ခေါ်ယူအသုံးချရခြင်းမှာ ထိုသူများ၏ပညာမဲ့မှုကြောင့်မဟုတ်ဘဲ ၎င်းတို့၏ အသွန်သင်ခံမှုကြောင့်ဖြစ်ပြီး ၎င်းတို့၏နှိမ့်ချမှုနှင့် နားထောင်လိုက်လျှောက်မှု တို့ကြောင့် ၎င်းတို့သည် ကြီးကျယ်သောပုဂ္ဂိုလ်များ ဖြစ်လာသည်အထိ အသုံးချခြင်းခံခဲ့ရပါသည်။HFB 490.3

    ရှေးခေတ်ဣသရေလများ၏ရာဇဝင်သည် မြော်လင့်ခြင်းအဖွဲ့၏ အတိတ်အတွေ့အကြုံများနှင့် ထပ်တူထပ်မျှ ဖြစ်နေပါသည်။ ကိုယ်တော်ရှင် သည် ဣသရေလများအား အီဂျစ်ပြည်မှထုတ်ဆောင်လမ်းပြခဲ့သည်နည်းတူ မိမိ၏လူတို့ကို ကြွလာခြင်းဆိုင်ရာလှုပ်ရှားမှုတွင် လမ်းပြတော်မူခဲ့ပါသည်။ ၁၈၄၄ ခုနှစ်တွင် အမှုတော်ကိုစည်းလုံးညီညွတ်စွာ လုပ်ဆောင်ခဲ့သူအားလုံး သည် တတိယကောင်းကင်တမန် သတင်းစကားကိုရရှိကာ ဝိညာဉ်တန်ခိုး အပြည့်ဖြင့် ကြွေးကြော်ခဲ့ကြမည်ဆိုလျှင် လွန်ခဲ့သောနှစ်ပေါင်းများစွာ ကတည်းက တစ်ကမ္ဘာလုံးအလင်းတရားရရှိကာ ခရစ်တော်လည်း မိမိလူတို့ကို ကယ်တင်ဖို့ ကြွလာတော်မူပြီးဖြစ်ခဲ့လိမ့်မည်။HFB 491.1