Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆန့်ကျင်မှုများအထွတ်အထိပ်ရောက်ရှိခြင်း

    ဆန့်ကျင်မှုများအထွတ်အထိပ်ရောက်လာချိန်တွင် ဘုရားသခင်၏ တပည့်တော်များမှာ တစ်ဖန်စိတ်ပျက်ရပြန်သည်။ အကြောင်းမှာ သူတို့အား ပြဿနာကိုယူဆောင်လာသူများအဖြစ် အထင်ခံနေရပါ သည်။ သို့ရာတွင် ၎င်းတို့၏လုပ်ဆောင်မှုသည် မှန်ကန်ကြောင်း ၎င်းတို့၏ ဩတ္တပ္ပစိတ်နှင့် သမ္မာကျမ်းစာတို့က အာမခံနေပါသည်။ အရေးပေါ်အခြေ အနေများသည် အရှိန်ကောင်းလာသည်နှင့်အမျှ သူတို့၏ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိတို့မှာလည်း မြင့်မားလာပါသည်။ ‘‘ခရစ်တော်သည် လောကီအာဏာစက်များကို အောင်နိုင်ပြီးဖြစ်ရာ တို့က လောကကိုကြောက်နေ ရဦးမှာလား’’ ဟူ၍ သူတို့သက်သေခံကြပါသည်။HFB 665.3

    မည်သူမျှ အမှောင်ကမ္ဘာ၏ဘုရင်ကို ဆန့်ကျင်ဖက်မပြုဘဲ ထာဝရ ဘုရားကို ကိုးကွယ်နိုင်မည်မဟုတ်ချေ။ မကောင်းဆိုးဝါးကောင်းကင်တမန် များသည် လူတို့ကိုတိုက်ခိုက်ကာ စုံစမ်းနှောင့်ယှက်ခြင်းများဖြင့် သွေးဆောင်လျက် ဘုရားသခင်နှင့်ဝေးစေကြပါသည်။ ထိုသို့လုပ်ဆောင်မှုသည် မအောင်မြင်ပါက ဩတ္တပ္ပစိတ်ကိုဖိအားပေးရန် ခွန်အားသုံးတတ်ပါသည်။HFB 666.1

    သို့ရာတွင် ကောင်းကင်တဲတော်တွင် လူသားများကိုယ်စား အသနားခံ ခြင်းအမှုကို ခရစ်တော်ဆောင်ရွက်နေသမျှ ကာလပတ်လုံး အုပ်ချုပ်သူများနှင့် လူသားအပေါင်းတို့သည် ဝိညာဉ်တော်၏အနိုင်အထက်သွေးဆောင်မှုကို ခံနေကြရပေမည်။ လောကီခေါင်းဆောင်များစွာတို့သည် စာတန်၏ထက်မြက် သောကိုယ်စားလှယ်များဖြစ်ကြသော်လည်း နိုင်ငံခေါင်းဆောင်များတွင် ဘုရားသခင်၏ ကိုယ်စားလှယ်များလည်းရှိပါသေးသည်။ ထိုလူနည်းစု ကလေးက ဒုစရိုက်ရေစီးကြောင်းကြီးကိုတန့်သွားအောင် တားထားကြပါ လိမ့်မည်။ ကောင်းကင်တမန်သုံးပါးသတင်းစကားကို ထွန်းလင်းနိုင်ရန် သမ္မာတရားအား ရန်ဘက်ပြုသူများကို ဆန့်ကျင်သူများအား အနိုင်အထက် သွေးဆောင်ကြလိမ့်မည်။ နိုင်ငံ့ခေါင်းဆောင်များသည်ကောင်းကင်တမန်သုံးပါး သတင်းစကားကို စိတ်ဝင်စားလက်ခံလာကြကာ ဒုက္ခဆင်းရဲခြင်းကာလတွင် ဘုရားသခင်၏သားသမီးများနှင့်အတူ ရပ်တည်ကြပါလိမ့်မည်။HFB 666.2