Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အကြီးဆုံးသောရှေ့ဦးတာဝန်

    မှန်သည်ထင်သဖြင့် ကျင့်ဆောင်ခြင်း (သို့မဟုတ်) တရားဟော ဆရာက မှန်သည်ဟုပြောသည့်အရာများကိုကျင့်ဆောင်ခြင်း စသည့် မှန်ကန်သော သဘောထားများကို ပိုင်ဆိုင်ထားရုံနှင့်မလုံလောက်သေးချေ။ သမ္မာကျမ်းစာကိုဖွင့်ကာ ကိုယ်တိုင်ရှာဖွေလေ့လာသင့်ကြပါသည်။ လူသားများ၌ ကောင်းကင်ခရီးအတွက် လိုအပ်သောမှတ်တိုင်များကို ပြညွှန်ထားသည့် မြေပုံတစ်ခုရှိထားရာ လမ်းမှန်ကိုရွေးရာတွင် မှန်း၍မရွေးချယ် သင့်ပါချေ။HFB 653.3

    သမ္မာတရားကို သမ္မာကျမ်းစာတွင်လေ့ကျက်ကာ ထိုသမ္မာတရား အလင်းအတိုင်း မိမိကိုယ်တိုင်လိုက်လျှောက်ရုံသာမက မိမိအားနမူနာယူကာ လိုက်လျှောက်ပါရန် သူတစ်ပါးကိုလည်း အားပေးရန်မှာ ဆင်ခြင်တုံတရား ရှိသူတိုင်း ကျင့်ဆောင်ရမည့် အကြီးဆုံးသော ရှေ့ဦးတာဝန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့တော်တွင် ကိုယ်တိုင်အစစ်ဆေးခံကြရမည် ဖြစ်သဖြင့် ယူဆချက်များကိုလည်း ကိုယ်တိုင်တည်ဆောက်ကြရပါမည်။HFB 654.1

    သမ္မာကျမ်းစာထဲတွင် အသုံးပြုထားသောဘာသာစကားများက ထင်ရှားအောင်မဖေါ်ပြနိုင်သည့် နက်နဲသောဝိညာဉ်ရေးဆိုင်ရာ အနက် အဓိပ္ပါယ်များရှိနေသည်ဟု ကျမ်းတတ်ပုဂ္ဂိုလ်များက ပညာရှိဟန်ဆောင်ကာ သွန်သင်တတ်ကြပါသည်။ ထိုသူများသည် ဆရာအတုအယောင်များ ဖြစ်ကြပါသည်။ ပုံဆောင်မှုများကို အသုံးပြုမထားလျှင် ကျမ်းစကားများကို ၎င်း၏ထင်ရှားသောရှိရင်းအဓိပ္ပါယ်အတိုင်း ရှင်းပြသင့်ပါသည်။ သမ္မာကျမ်းစာ ကို အရှိအတိုင်း လေ့လာ၊ သင်ယူ၊ ရှင်းလင်း၊ တင်ပြကြမည်ဆိုလျှင် အမှား လမ်းကိုလျှောက်နေသူ ထောင်ပေါင်းများစွာသောလူအပေါင်းတို့အား ခရစ်တော်၏ သိုးစုထဲသို့ ပို့ဆောင်နိုင်ကြပါလိမ့်မည်။HFB 654.2

    အရေးမပါဟုသဘောထားကာ ကျမ်းတတ်ပုဂ္ဂိုလ်များချန်လှပ် ထားခဲ့သည့် ကျမ်းချက်များတို့သည် ခရစ်တော်ထံတွင် နည်းခံသူများအတွက် နှစ်သိမ့်မှုအပြည့်အဝပေးသည့် ကျမ်းချက်များဖြစ်နေတတ်ပါသည်။ သမ္မာကျမ်းစာမှ သမ္မာတရားများကို နားလည်သဘောပေါက်ခြင်းသည် အတန်းပညာများအပေါ်တွင် အခြေမပြုဘဲ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ခင်မွတ်သည့် ခိုင်မာသော ရည်ရွယ်ချက်ဖြင့် ရှာဖွေဆည်းပူးလိုစိတ်ပေါ်တွင် လုံးဝအခြေပြုနေပါသည်။HFB 654.3