Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၅) - ပြင်သစ်ပြည်၏ ကြောက်စရာ့ကာလ

    နိုင်ငံများစွာတို့က ဘာသာရေးပြုပြင်ပြောင်းလဲရေးကို ကောင်းကင်နိုင်ငံ၏ စေတမန်အဖြစ် ကြိုဆိုခဲ့ကြသော်လည်း မကြိုဆိုခဲ့သည့် နိုင်ငံများတွင်မူ သမ္မာတရား၏ အလင်းသည် ကွယ်ပျောက်လုမတတ် ဖြစ်နေပါသည်။ နိုင်ငံတစ်နိုင်ငံတွင်မူ အမှန်နှင့်အမှားသည် ရာစုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြရာ အဆုံးတွင် သမ္မတရားကို ငြင်းပယ်ခဲ့ကြသည်။ ကျေးဇူးတော်၏ ဆုမင်္ဂလာများကို ငြင်းပယ်ခဲ့သော ထိုနိုင်ငံမှ ဝိညာဉ်တော်သည် ရှောင်ဖယ်သွားတော်မူရာ အလင်းတရားကို ငြင်းပယ်ခြင်း၏ ဆိုးကျိုးများကိုတစ်ကမ္ဘာလုံးက မြင်တွေ့ခဲ့ရသည်။HFB 277.1

    ပြင်သစ်ပြည်တွင် သမ္မာကျမ်းစာနှင့်စစ်ခင်းခဲ့သည့် စစ်ပွဲသည် နှုတ်ကပတ်တော်ကို ချိုးနှိမ်ခဲ့သောရောမများအတွက် ယထာဘူတကျသော အကျိုးဆက်ဖြစ်သော တော်လှန်ရေးကြီးကိုဖြစ်ပေါ်စေခဲ့သည်။ ရောမအသင်းတော် လုပ်ဆောင်မှုများ၏ရလဒ်များကို မျက်မြင်ကိုယ်တွေ့ ဖြစ်သမျှတွင် ထိုတော်လှန်ရေးကြီးသည် အထိမိဆုံးပြယုရ်တစ်ခုဖြစ်ပါသည်။HFB 277.2

    ‘‘ဒုစရိုက်လူ’’ ၏အုပ်စိုးမှုကြောင့် ပြင်သစ်ပြည်အပေါ်တွင် ကျရောက်လာမည့် ကြောက်စရာ့ဆိုးကျိုးများကို ဆရာယောဟန်က ညွှန်ပြခဲ့သည်။HFB 277.3

    ‘‘သူတို့သည် သန့်ရှင်းသောမြို့တော်ကို လလေးဆယ့်နှစ်လပတ်လုံး နင်းကြလိမ့်မည်။ ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျော်တေအဝတ်ကိုဝတ်လျက် အရက်တစ်ထောင့်နှစ်ရာ့ ခြောက်ဆယ်ပတ်လုံး ပုရောဖက်ပြုကြလိမ့်မည်။ သူတို့သည် သက်သေခံ ပြီးသောအခါ အနက်ဆုံးသောတွင်းထဲက တက်သောသားရဲသည် သူတို့ကို စစ်တိုက်၍ အောင်လိမ့်မည်။ အသက်ကိုသတ်ပြီးမှ သူတို့သခင်သည် လက်ဝါးကပ်တိုင်မှ အသေခံတော်မူသောဒုံဟူ၍လည်းကောင်း၊ အဲဂုတ္တုဟူ၍ လည်းကောင်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သောမြို့ကြီး၏လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။----မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကိုမြင်သောအခါ ဝမ်းမြောက်၍ပျော်မွေ့ ခြင်းကိုပြုကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးကြ လိမ့်မည်။ အကြောင်းမူကား အထက်က ထိုပုရောဖက်နှစ်ပါးတို့သည် မြေကြီး ပေါ်မှာနေသောသူတို့ကို ပြင်းစွာနှောင့်ယှက်ညှဉ်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။ ထိုနောက် သုံးရက်ခွဲလွန်ပြီးလျှင် ဘုရားသခင်အထံတော်က အသက်ဝိညဉ်သည် သူတို့၌ဝင်သဖြင့် သူတို့သည် မတ်တတ်ထ၍ မြင်သမျှသော သူတို့သည် အလွန်ကြောက်ရွံ့ကြ၏’’။ ဗျာ၊ ၁၁:၂-၁၁။HFB 277.4

    လပေါင်းလေးဆယ့်နှစ်လနှင့် ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ ခြောက်ဆယ်သည် အတူတူပင်ဖြစ်သည်။ ထိုကာလအတွင်း ခရစ်တော်၏ အသင်းတော်သည် ရောမအသင်းတော်၏နှိပ်စက်မှုကို ခံခဲ့ကြရသည်။ ရက်ပေါင်းတစ်ထောင့်နှစ်ရာ့ ခြောက်ဆယ်ကို အေဒီ ၅၃၈ တွင်အစပြု၍ ၁၇၉၈ ခုနှစ်တွင် အဆုံးသတ်သည်။ ထိုအဆုံးသတ်ခုနှစ်တွင် ပြင်သစ်စစ်တပ်က ရဟန်းမင်းအား အကျဉ်းသားတစ်ဦးအဖြစ် ဖမ်းဆီးသွားခဲ့ရာ တိုင်းတစ်ပါးတွင်နေထိုင်စဉ်၌ သေဆုံး သွားခဲ့သည်။ ရဟန်းမင်းအဖွဲ့သည် တန်ခိုးအာဏာရခဲ့သည့်အချိန်မှစ၍ ထိုအချိန်လောက် အာဏာတန်ခိုးမှေးမှိန်သောအချိန် မရှိတော့ပြီ။HFB 278.1

    ရောမအသင်းတော်သည် နှိပ်စက်ညှဉ်းပန်းမှုများကို နှစ်ပေါင်း ၁၂၆၀ လုံးလုံးစဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ခဲ့သည်တော့ မဟုတ်ပါချေ။ ဘုရားသခင်သည် မိမိ၏လူတို့အပေါ်ထားရှိသော ကရုဏာတော်အားဖြင့် ဘာသာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းကို အသုံးပြုကာ နှိပ်စက်ညှဉ်းပန်းမှု ကာလကိုလည်း တိုတောင်းသွားစေခဲ့ပါသည်။HFB 279.1

    ထိုသက်သေခံနှစ်ပါးမှာ ကယ်တင်ခြင်းစီမံကိန်းနှင့် ပညတ်တော်တို့၏ မူလအစပျိုးရာနေရာဖြစ်သည့်အပြင် တည်တံ့ခိုင်မြဲမှုများအတွက် အရေးကြီးသော သက်သေများဖြစ်သည့် ဓမ္မသစ်ကျမ်းနှင့် ဓမ္မဟောင်းကျမ်းတို့ ဖြစ်ကြသည်။HFB 279.2

    ‘‘သူတို့သည် လျော်တေအဝတ်ကိုဝတ်လျက် အရက်တစ်ထောင့်နှစ်ရာ့ ခြောက်ဆယ်ပတ်လုံး ပုရောဖက်ပြုကြလိမ့်မည်။’’ သမ္မာကျမ်းစာကို ပိတ်ပင်တားမြစ်ထားသောအချိန်တွင် ကျမ်းစာ၏သက်သေခံချက်သည် လမ်းလွဲသွားခဲ့သည်။ ကျမ်းစာမှအမှန်တရားများကို သက်သေခံသူများအား ၎င်းတို့၏ယုံကြည်ခြင်းကြောင့် အပ်နှံခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ အပြုခံရသလို ရှောင်တိမ်းထွက်ပြေးစေခဲ့ကြသည်။ ထိုအချိန်တွင် ဤသစ္စာရှိ သက်သေခံနှစ်ပါးသည် လျော်တေအဝတ်ကိုဝတ်လျက် ပုရောဖက်ပြုခဲ့ကြသည်။ အမှောင်တကာ့အမှောင်ဆုံးကာလတွင် သစ္စာရှိသူများအား နှုတ်ကပတ်တော်ကို ဟစ်ကြွေးဖွင့်ဆိုရန် ဉာဏ်ပညာနှင့် ဩဇာအာဏာကို ပေးသနားတော်မူခဲ့သည်။HFB 279.3

    ‘‘တစ်စုံတစ်ယောက်သောသူသည် သူတို့ကိုညှဉ်းဆဲခြင်းငှာအလိုရှိလျှင် သူတို့၏ခံတွင်းထဲက မီးထွက်၍ ရန်သူတို့ကိုမျိုတတ်၏။ တစ်စုံတစ်ယောက် သောသူသည် ထိုသူတို့ကိုညှဉ်းဆဲခြင်းငှာအလိုရှိလျှင် ထိုသို့အသေသတ်ခြင်းကို ခံရမည်။’’ ဗျာ၊ ၁၁:၅။ လူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကိုမခံရဘဲ နှုတ်ကပတ် တော်ကို နင်းချေခြင်းငှာ မစွမ်းနိုင်ကြပြီ။HFB 280.1

    ‘‘သူတို့သည် သက်သေခံပြီးသောအခါ’’ အနက်ဆုံးတွင်းထဲက တက်လာသောသားရဲ၏ ရန်ပြုခြင်းကိုခံကြရသည်။ ဤတွင် စာတန်၏ အသစ်သောတိုက်ကွက်ကို တွေ့မြင်ရပြန်သည်။HFB 280.2

    သမ္မာကျမ်းစာကို ရိုသေလေးစားထိုက်သည်ဟုဆိုကာ လူအများမဖတ် နိုင်သော ဘာသာဖြင့်ရိုက်နှိပ်တံဆိပ်ခတ်ထားရန်မှာ ရောမ၏ဝါဒဖြစ်ပါသည်။ ထိုကြောင့် ရောမအုပ်ချုပ်သောကာလတွင် ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းစာ များသည် လျော်တေအဝတ်ကိုဝတ်လျက် ပုရောဖက်ပြုခဲ့ကြရပါသည်။ သို့ရာတွင် အနက်ဆုံးတွင်းထဲမှတက်လာသောသားရဲမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ပါတော့သည်။HFB 280.3

    လမ်းများပေါ်တွင် သက်သေခံများကိုကွပ်မျက်ခဲ့သော ထိုမြို့တော်ကြီး၊ အသေကောင်များ အတုံအရုံးဖြစ်နေသော ထိုမြို့တော်ကြီးမှာ ဝိညာဉ်ရေး ဆိုင်ရာအီဂျစ်ဖြစ်သည်။ ကျမ်းစာသမိုင်းတွင် အီဂျစ်ပြည်သည် အခြားတိုင်းပြည် များထက် ထာဝရဘုရား၏ တည်ရှိမှုကိုငြင်းဆန်သည်။ ပညတ်တော်များကို အန်တုသည်။ အီဂျစ်ပြည်မှ ဖာရောဘုရင်လောက် အခြားမည်သည့်ဘုရင်ကမှ ကောင်းကင်ဘုံရှင် ထာဝရဘုရားကို အန်တုဖက်ပြိုင်ရဲခြင်းမရှိခဲ့ချေ။ ‘‘ထာဝရဘုရားကိုငါမသိ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်’’ ဟု သူပြောဝံ့ခဲ့သည်။ ဤအရာသည် ‘‘ဘုရားမရှိဝါဒ’’ ပင်ဖြစ်သည်။ အီဂျစ်ပြည်ကို ကိုယ်စားပြုသော ထိုနိုင်ငံသည်လည်း ဘုရားကိုငြင်းဆန်သည့် အလားတူ စကားများကိုပြောကာ အန်တုလိုသော စိတ်ထားမျိုးကို ဖော်ပြလိမ့်မည်။HFB 280.4

    ‘‘ထိုမြို့တော်ကြီးကို ဝိညာဉ်ရေးဆိုင်ရာ သောဒုံမြို့နှင့်လည်း ခိုင်းနှိုင်းထားပါသည်။ သောဒုံမြို့၏ ဖေါက်ပြန်ပျက်စီးမှုများတွင် အပျော်ကျူးခြင်းသည် အထင်ရှားဆုံးဖြစ်သည်။ ကျမ်းစာကို ပြည့်စုံစေသည့် ထိုတိုင်းပြည်၏ ထူးခြားချက်မှာလည်း ဤဒုစရိုက်ပင်ဖြစ်၏။ HFB 281.1

    ပုရောဖက်၏အနာဂတ်ပြုချက်အရ ၁၇၉၈ ခုနှစ်မတိုင်မီကလေးတွင် စာတန်၏ဇာတိရုပ်မှန်ကို ဖေါ်ပြသည့် တချို့အာဏာတန်ခိုးများသည် သမ္မာကျမ်းစာကိုစစ်ပြုရန် ထွက်ပေါ်လာခဲ့လိမ့်မည်။ ဘုရား၏ ဤသက်သေခံ နှစ်ပါးကို နှုတ်ဆိတ်စေသည့် ဤနိုင်ငံတွင် ဖာရောဘုရင်၏ ဘုရားမရှိဝါဒနှင့် သောဒုံမြို့၏ အပျော်ကျူးမှုများသည် ထင်ရှားစွာထွက်ပေါ်လာလိမ့်မည်။HFB 281.2