Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၆) - ဖြစ်ပျက်အံ့ဆဲဆဲအငြင်းပွားမှုကြီး

    ကောင်းကင်နိုင်ငံတွင် မဟာတိုက်လှန်ပွဲကြီးအစပျိုးသည်အချိန် ကတည်းက စာတန်ကြံရွယ်ခဲ့သောအရာမှာ ဘုရားသခင်၏ပညတ်တော်ကို ဖျက်ပယ်ပစ်ရန်ဖြစ်သည်။ ပညတ်တော်အလုံးစုံကို ဖျက်ပယ်ခြင်းအားဖြင့် လည်းကောင်း၊ ပညတ်တော် (၁၀) ပါးမှ တစ်ပါးပါးကို ဖျက်ပယ်ခြင်းအားဖြင့် လည်းကောင်း ရရှိမည့်ရလဒ်မျာ အတူတူပင်ဖြစ်ပါသည်။ တစ်စုံတစ်ခုသော ပညတ်ကို လွန်ကျူးနေသောသူသည် ပညတ်တော်အားလုံးအပေါ် မလေးစားကြောင်း ဖော်ပြနေသည်။ သူ၏ဩဇာသက်ရောက်မှုနှင့် ပုံသက်သေ များသည် ပညတ်တော်ကိုလွန်ကျူးသည့်ဘက်တွင် ရပ်တည်နေရာ ‘‘ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိလာသည်။’’ ယာကုပ် ၂:၁၀။HFB 635.1

    စာတန်သည် သမ္မာကျမ်းစာပါဩဝါဒများကို လမ်းလွဲစေခဲ့ပြီးဖြစ်ရာ ထောင်ပေါင်းများစွာသောလူတို့၏ယုံကြည်ခြင်းတွင် မှားယွင်းမှုများပါရှိနေပြီး ဖြစ်သည်။ အမှန်နှင့်အမှားအကြား ဖြစ်ပွားနေသည့် နောက်ဆုံးသော တိုက်လှန်ပွဲသည် သမ္မာကျမ်းစာနှင့်ရိုးရာဓလေ့ (ဝါ) ဒဏ္ဍာရီဆန်ဆန် အယူဝါဒများအကြားရှိ ပညတ်တော် (၁၀) ပါးနှင့်ပတ်သက်နေပါသည်။ သမ္မာကျမ်းစာသည် လူအပေါင်းတို့ လက်လှမ်းမမှီသောအခြေအနေတွင် ရှိနေသော်လည်း လူနည်းစုကသာ အသက်တာ၏လမ်းညွှန်တစ်ခုအဖြစ် လက်ခံ ခဲ့ကြသည်။ အသက်တော်ထဲရှိလူများစွာတို့ကပင် ဖန်ဆင်းခြင်း၊ အပြစ်တွင် လူသားများကျဆုံးခြင်း၊ အပြစ်ဖြေခြင်းနှင့်တကွ ပညတ်တော် (၁၀) ပါး အစရှိသည့် ခရစ်ယာန်ယုံကြည်ချက်၏ အခြေခ့အချက်ကြီးများကို လုံးလုံးကြီး ငြင်းပယ်သည့်အခါများရှိသလို တစ်စိတ်တစ်ဒေသ ငြင်းပယ်သည့် အခါများလည်း ရှိပါသည်။ သမ္မာကျမ်းစာကို လုံးဝဥဿုံယုံကြည်အားကို ခြင်းသည် အားနည်းမှုရှိနေကြောင်း၏ အထောက်အထားတစ်ခုဖြစ်သည် ဟုလည်း လူအများက ယူဆနေကြပါသည်။HFB 635.2

    သစ်သားရုပ်တု၊ ကျောက်ရုပ်တုများကို ထုလုပ်ရခြင်းသည် လွယ်ကူ သကဲ့သို့ သီအိုရီအမှားရုပ်တုများကို တီထွင်ရသည်မှာလည်း စာတန်အတွက် အခက်အခဲမရှိပါချေ။ သူသည် ဘုရားသခင်၏ရုပ်လုံးကို မှားယွင်းစွာ ဖော်ပြခြင်းအားဖြင့် လူတို့အား ဘုရားသခင်၏ စာရိတ္တတော်ကို အထင်မှားစေ ခဲ့ပါသည်။ သူသည် သမ္မာကျမ်းစာတွင်လည်းကောင်း၊ ခရစ်တော်၏အသက် တာတွင်လည်းကောင်း၊ ဖန်ဆင်းထားသည့်အရာများတွင်လည်းကောင်း ထင်ရှားစွာဖော်ပြထားသည့် ထာဝရဘုရား၏နေရာတွင် ဒဿနရုပ်တုတစ်ခုကို အစားထိုးနန်းတင်ထားပါသည်။ တက္ကသိုလ်များနှင့် ဘာသာရေးကျောင်းများမှ အတွေးအခေါ်ပညာရှင်များ၊ ကဗျာဆရာများ၊ နိုင်ငံရေးသမားများနှင့် သတင်းစာဆရာများတို့၏ဘုရားသည် ဧလိယအချိန်က ဖိုနီးရှား၊ နေဘုရား ဖြစ်သော ဗာလဘုရားထက်မသာလွန်ပါ။HFB 636.1

    ဘုရားသခင်၏ပညတ်တော်များကို လိုက်နာဆောင်ရွက်ရန် မလိုကြောင်း ဖော်ပြသည့်သွန်သင်ချက်ထက် ဘုရားသခင်၏ အာဏာတော်ကို ထိခိုက်စေသည့်အမှားမျိုးမရှိပါချေ။ ထိုသွန်သင်ချက်ထက်အာဏာတော်ကို မသိမသာပျက်စီးစေသည့်အမှားမျိုး မရှိတော့ပြီ။ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေများသည် ပြည်သူများ၏ လွတ်လပ်မှုကို ချုပ်ချယ်ခြင်းတစ်ရပ်သာဖြစ်သောကြောင့် ထိုဥပဒေများကို လိုက်နာရန်မလိုတော့ဟု နာမည်ကြီးတရားဟောဆရာတစ်ဦးက လူသိရှင်ကြား သွန်သင်နေသည်ဆိုပါစို့။ ထိုပုဂ္ဂိုလ်သည် မည်မျှကြာကြာတရားဟောခွင့် ရတော့မည်နည်း။HFB 636.2

    ပညတ်တော်များဖျက်သိမ်းရန် ဘုရားသခင်စိတ်ပြောင်းလဲ နိုင်သည်ထက် ၎င်းတို့၏ဥပဒေများကိုဖျက်သိမ်းရန် တိုင်းနိုင်ငံများက ပို၍ စိတ်ပြောင်းလဲနိုင်ပါလိမ့်မည်။ ပြင်သစ်နိုင်ငံကို ဘုရားမဲ့ဝါဒီများမင်းမူစဉ် အချိန်က ဘုရား၏ပညတ်တော်များကို ဘေးဖယ်ထားရန် ကြိုးစားစမ်းသပ် ခဲ့ဖူးသည်။ ဘုရားသခင်က စီမံထားသည့် အနှောင်အဖွဲ့များကို ဖယ်ရှားခြင်းသည် မကောင်းဆိုးဝါး၊ နတ်ဆိုးကြီး၏ အုပ်စိုးမှုကိုလက်ခံခြင်း ဖြစ်ကြောင်း ထိုစဉ်ကထင်ရှားခဲ့ပြီး ဖြစ်သည်။HFB 637.1