Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ထာဝရညှဉ်းဆဲနှိပ်စက်ခြင်း-မိစ္ဆာအယူဝါဒ

    ဆိုးယုတ်မှုကို ထာဝရညှဉ်းဆဲနှိပ်စက်ခြင်းတည်းဟူသော မိစ္ဆာအယူအားဖြင့် ပုံဖော်ဖြစ်သွားစေခဲ့သည်။ ချစ်ခြင်းမေတ္တာ၊ ကောင်းမြတ်ခြင်းတို့နှင့်ပြည့်ဝသည့် သမ္မာကျမ်းစာပါ ဘာသာရေးအယူဝါဒကို အယူသီးမှုအားဖြင့် အမှောင်ကျစေခဲ့သည်။ ကြောက်လန့်စရာများဖြင့်လွှမ်းခြုံ ခဲ့ကြသည်။ စာတန်သည် ဘုရား၏စာရိတ္တတော်ကို မှားယွင်းစွာဖော်ပြခဲ့သည်။ ထိုကြောင့် ကရုဏာတော်အရှင်၊ ဖန်ဆင်းရှင်သည် ကြောက်ရွံ့မုန်းတီးမှုကို ခံနေရသည်။ တရားဟောစင်မြင့်များမှ သွန်သင်ချက်များအားဖြင့် ကမ္ဘာအနှံ့သို့ ဖြန့်ဝေနေသည့် ဘုရားသခင်နှင့်ပတ်သက်သော ချောက်ချားစရာမြင်ကွင်း များကြောင့် သန်းပေါင်းများစွာသောလူတို့သည် ဘာသာတရားအပေါ် မယုံကြည်သူများ၊ ဘုရားတရားမဲ့သူများဖြစ်လာကြပါသည်။HFB 584.1

    ထာဝရနှိပ်စက်ညှဉ်းပန်းခြင်းအယူအဆသည် လူမျိုးအပေါင်းတို့အား ဗာဗုလုန်မှ တိုက်ကျွေးမည့် မတရားသောမေထုန်၏စပျစ်ရည် တည်းဟူသော မှားယွင်းသောဩဝါဒများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ခရစ်တော်၏အမှုဆောင်များသည် မှားယွင်းသောဥပုသ်ကို လက်ခံသော အချိန်တွင် ရောမများထံမှ ဤမိစ္ဆာအယူဝါဒကို လက်ခံရရှိခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်တော်ထွက်စကားများကိုကျောပေးကာ မှားယွင်းသောဩဝါဒများကို ဘိုးဘေးများက သွန်သင်ခဲ့သည်ဟုဆိုပြီး လက်ခံကြလိမ့်မည်ဆိုလျှင် ဗာဗုလုန်အပေါ် ချမှတ်ထားသည် ပြစ်ဒဏ်စီရင် ချက်ကို ကျွန်ုပ်တို့လည်း ခံယူကြရပါလိမ့်မည်။ အမျက်တော်စပျစ်ရည်စစ်ကို ကျွန်ုပ်တို့သောက်ကြရပါလိမ့်မည်။HFB 584.2

    လူအများစုသည် မှားယွင်းသောဆန့်ကျင်ဖက်အင်အားစုထဲသို့ ရောက်ရှိနေကြပါသည်။ ထာဝရဘုရားကို ချစ်ခြင်းမေတ္တာအရှင်၊ ကရုဏာ အရှင်အဖြစ် သမ္မာကျမ်းစာတွင် ပုံဖော်ထားသည်ကို ၎င်းတို့တွေ့မြင်ထားသဖြင့် ထာဝရမီးအိုင်ထဲသို့ လူသားများအား စွန့်ပစ်တော်မူသည်ဆိုသည့်အချက်ကို သူတို့ လက်မခံကြချေ။ သို့ရာတွင် အသက်ဝိညာဉ်သည် သဘာဝအားဖြင့် သေတတ်သောအရာမဟုတ်ပါဆိုသည့် ယုံကြည်ချက်ကိုစွဲကိုင်လျက် လူသားအားလုံးသည် ကယ်တင်ခြင်းခံရလိမ့်မည်ဟု သူတို့မှတ်ယူကြပါသည်။ ထိုကြောင့် အပြစ်သားများသည် ဘုရားသခင်၏တောင်းဆိုချက်များကိုဂရု မထားဘဲ ပျော်သလိုနေသော်လည်း ဘုရားသခင်၏မျက်နှာသာပေးခြင်းကို ခံရမည်ဟု သူတို့ယုံကြည်ကြသည်။ ဘုရားသခင်၏ ကရုဏာတော်ကို အလေးပေးသော်လည်း ကိုယ်တော်၏တရားမျှတမှုကို မသိကျိုးကျွံပြုသည့် ထိုဩဝါဒမျိုးကို ဇာတိပကတိစိတ်နှလုံးပိုင်ရှင်များက နှစ်သက်ကြပါသည်။HFB 585.1