Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဖုံးကွယ်ထားသောအတ္တစိတ်များကိုဖေါ်ပြခံရခြင်း

    ဖုံးကွယ်ထားသောအတ္တကြီးမှုများသည် ကောင်းကင်မှတ်တမ်း များတွင် အထင်အရှားပေါ်လွင်လျက်ရှိ၏၏။ ခရစ်တော် ပိုင်ဆိုင်သည့် အချိန်၊ စဉ်းစားဉာဏ်နှင့် ခွန်အားများကို ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ စာတန်အား ပေးမိခဲ့ပြီလဲ။ ခရစ်တော်၏နောက်လိုက်များသည် လောကစည်းစိမ်၊ လောကီ ပျော်မွေ့ခြင်းများတွင် နစ်မျောနေခဲ့ကြသည်။ ပိုက်ဆံအချိန်နှင့်ခွန်အားများကို အတ္တဆန္ဒပြည့်စေရန် အသုံးပြုနေကြသည်။ မပြောပလောက်သောလူ အနည်းငယ်ကသာ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းနှင့် အပြစ်ဝန်ချမှုများကို လုပ်ဆောင်နေကြသည်။HFB 527.1

    စာတန်သည်ခရစ်တော်ပြုခဲ့သောအပြစ်ဖြေရာအသေခံခြင်းနှင့် တန်ခိုး တော်အပေါင်းနှင့်ပြည့်စုံသော ကြားဖျန်ဖြေခြင်းအမှုတို့ကို ထင်ရှားစေသည့် သမ္မာတရားများကို မုန်းတီးသည်ဖြစ်ရာ ထိုသမ္မာတရားများမှ လူတို့အား ဝေးစေရန် လူတို့၏စိတ်ကိုပိုင်စီးထားနိုင်သည့် နည်းမျိုးစုံကို တီထွင်ထား ပါသည်။ သူ့ကြောင့် စိတ်နှလုံးအသီးသီးသည် ယေရှုထံမှ လမ်းလွဲသွားကြပါသည်။HFB 527.2

    ကယ်တင်ရှင်၏ ကြားဖျန်ဖြေခြင်းဆိုင်ရာ အကျိုးကျေးဇူးများကို မျှဝေသူအပေါင်းတို့သည် စုံလင်သောသန့်ရှင်းခြင်းသို့ရောက်ရန် ဘုရားသခင်အားကြောက်ရွံ့စွာဖြင့် ကျင့်ဆောင်နေမှုတွင် အဟန့်အတားဖြစ်စေမည့် မည်သည့်အရာကိုမျှခွင့်ပြုကြလိမ့်မည်မဟုတ်ချေ။ တန်ဖိုးရှိသောအချိန်နာရီများကို အပျော်အပါးများအတွက်သော်လည်းကောင်း၊ လောကစည်းစိမ်ရှာဖွေရန်အတွက်သော်လည်းကောင်း အသုံးပြုမည့်အစား နှုတ်ကပတ်တော်ကို ဆုတောင်းလေ့လာရန် အသုံးပြုကြပါသည်။ တဲတော်နှင့် စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ တရားစီရင်ခြင်းအကြောင်းကို ရှင်းလင်းစွာ နားလည်သင့်ပါသည်။ ယဇ်ပုရောဟိတ်မင်းယေရှုခရစ်၏ အဆင့်အတန်းနှင့် လုပ်ဆောင်နေမှုများကို လူအားလုံးသိရှိနားလည်ထားဖို့လိုသည်။ သိရှိနားလည် ခြင်းမရှိခဲ့ပါလျှင် ဤအချိန်တွင် ယုံကြည်ခြင်းကိုလေ့ကျက်ပေးရန် ဖြစ်နိုင် တော့မည်မဟုတ်ချေ။HFB 527.3

    ကောင်းကင်ဗိမာန်တော်သည် လူသားများကိုယ်စား ကိုယ်တော် ဆောင်ရွက်တော်မူသည့် အမှုတော်၏ဗဟိုအချက်အချာဖြစ်ပါသည်။ ဤအရာသည် ဖြောင့်မတ်ခြင်းနှင့် အပြစ်တရားအကြား ဖြစ်ပွားနေသော တိုက်လှန်မှု၏အဆုံးကို ကျွန်ုပ်တို့အား ပို့ဆောင်ပေးမည့် ကယ်တင်ခြင်း စီမံကိန်းကိုလည်း ဖေါ်ပြပေးပါသည်။HFB 528.1