Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သေရေးရှင်ရေးတမျှအရေးပါသောအမှား

    ထိုကဲ့သို့သော အင်္ဂလာများကိုဖြစ်ပေါ်စေသည့် အမှားတကာတို့တွင် အကြီးဆုံးသောအမှားမှာ သမ္မာတရားကို မသိကျိုးကျွန်ပြုခြင်းပင်ဖြစ်သည်။ စစ်မှန်သောလွတ်လပ်မှုသည် ဘုရားသခင့်ပညတ်တော်ဖွင့်ဆိုချက်များ အတွင်း၌ နေထိုင်ခြင်းဖြစ်သည်။ ‘‘သင်သည်ငါ၏ပညတ်တို့ကို စောင့်ရှောက် ပါစေသော။ သို့ဖြစ်လျှင် သင်၏ချမ်းသာသည် မြစ်ရေကဲ့သို့လည်းကောင်း၊ သင်၏ ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။’’ ဟေရှာ ၄၈:၁၈။ ဘုရားသခင်၏ သမ္မာကျမ်းစာထဲမှ ထိုသင်ခန်းစာကို မဖတ်ရသေးသူများအား ရာဇဝင်တွင် ထိုအရာကိုဖတ်ရှုရန် ဖိတ်ခေါ်သည်။HFB 299.1

    လူတို့အား နှုတ်တော်ထွက်စကားများကိုနားမထောင်ရန် ရောမ အသင်းတော်ကိုအသုံးပြုလျက် စာတန်လုပ်ဆောင်သောအချိန်တွင် သူ့လုပ်ဆောင်မှု၏ သရုပ်မှန်ကိုဖုံးကွယ်ထား၏။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ မစမှုအားဖြင့် သူလုပ်ချင်သည့်အတိုင်းအတာအတိုင်း မလုပ်နိုင်အောင် ဘုရားသခင်တားဆီးတော်မူခဲ့သည်။ လူတို့သည် အကြောင်းရင်းအထိရောက်အောင် အကျိုးသက်ရောက်မှုများကို ခြေရာကောက်လေ့လာခြင်းရှိသဖြင့် ထိုနက်နဲမှုများ၏ အရင်းအမြစ်ကို သူတို့ ရှာဖွေမတွေ့ရှိခဲ့ကြချေ။ သို့စေကာမူ ပြင်သစ်တော်လှန်ရေးကာလအတွင်းတွင် သမ္မာကျမ်းစာကို နိုင်ငံတော်ကောင်စီမှနေ၍ ပြောင်ပြောင်တင်းတင်း ဘေးဖယ်ထားခဲ့ရာ ကြောက်မက်ဖွယ်ကာလနှင့်ရင်ဆိုင်ရကာ အကြောင်းနှင့် အကျိုး ဆက်နွှယ်နေမှုများကို လူအပေါင်းမြင်တွေ့နိုင်ခဲ့ကြပါသည်။HFB 299.2

    ဖြောင့်မတ်သောပညတ်တော်ကို လွန်ကျူးခြင်း၏ရလဒ်သည် ပျက်စီးခြင်းပင်ဖြစ်၏။ စာတန်၏ရက်စက်သောတန်ခိုးကို နှိပ်ကွပ်ထားသည့် ဘုရားသခင်၏ဝိညာဉ်တော်ကို အတိုင်းအတာများစွာ ဖယ်ရှားပစ်လိုက်ကြရာ လူသားတို့အား ဒုက္ခပေးလိုသည့် ထိုသူသည် ထင်တိုင်းကြဲခွင့်ရသွား ပါတော့သည်။ ပုန်ကန်ခြားနားလိုသူများအား ပုန်ကန်ခြားနားခြင်း၏ အသီးအပွင့်များကို ရိတ်သိမ်းစေခဲ့ရာ တစ်နိုင်ငံလုံးသည် ရာဇဝတ်မှုများနှင့် ပြည့်နှက်နေသည်။ ပျက်စီးယိုယွင်းနေသော ပြည်နယ်မြို့ကြီးများမှ ကြောက်လန့်ဖွယ်ငိုကြွေးသံများကို ဝမ်းနည်းဖွယ်ကြားနေရပါသည်။ မြေငလျင် အလှုပ်ခံရသလို ပြင်သစ်ပြည်ကြီးတစ်ခုလုံးသည် မတည်မငြိမ် လှုပ်ရှားနေပါသည်။ ဘုရားသခင်၏ ပညတ်တော်များထက်ပို၍ မြှောက်စားခြင်းခံရသည့် ဘုရားတရားမဲ့အာဏာရှင်က ဘာသာရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုရေးငြိမ်ဝပ်ပိပြားမှု၊ မိသားစုအရေးမှစ၍ နိုင်ငံတော်နှင့် အသင်းတော်များအားလုံးကို ထိုးနှက်လိုက်ပါသည်။HFB 300.1

    တွင်းနက်ကြီးထဲမှတက်လာသော ဘုရားကိုစော်ကားသူ သားရဲက ကွပ်မျက်ခဲ့သော သက်သေခံများသည်လည်း ကြာရှည်စွာ ငြိမ်မနေနိုင်ကြချေ။ ‘‘ထိုနောက်သုံးရက်ခွဲလွန်ပြီးလျှင် ဘုရားသခင့် အထံတော်က အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့် သူတို့သည် မတ်တတ်ထ၍ မြင်သမျှသောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။’’ ဗျာ၊ ၁၁:၁၁။ ပြင်သစ်လွှတ်တော်က သမ္မာကျမ်းစာကို ဘေးဖယ်ထားရန် ၁၇၉၃ ခုနှစ်တွင် အတည်ပြုခဲ့သည်။ နောင်သုံးနှစ်ခွဲကြာသောအချိန်တွင် ထိုလွှတ်တော်ကပင် ထိုအတည်ပြုချက်ကို ပယ်ဖျက်ခဲ့ပါသည်။ ကောင်းသောသီလနှင့် စာရိတ္တများ တို့၏ အခြေခံအဖြစ် ဘုရားသခင်နှင့်တကွ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ယုံကြည်မှ ဖြစ်တော့မည်ကို သူတို့အသိအမှတ်ပြုခဲ့ကြပါသည်။HFB 300.2

    ‘‘ကောင်းကင်ကထွက်သော အသံကြီးကား၊ ဤအရပ်သို့ တက်ကြလော့ဟု မိမိတို့အားပြောဆိုသည်ကို သူတို့သည်ကြားလျှင် မိုးတိမ်ဖြင့် ကောင်းကင်သို့တက်၍ ရန်သူတို့သည်မြင်ကြ၏’’ ဟူ၍ ထိုသက်သေခံနှစ်ပါး နှင့်ပတ်သက်၍ ရှင်ယောဟန်ကဖွင့်ဆိုခဲ့ပါသည်။ ဗျာ၊ ၁၁:၁၂။ ဘုရားသခင်၏ သက်သေခံနှစ်ပါးတည်းဟူသော ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများသည် မကြုံစဖူးအောင် အမြှောက်စားခံခဲ့ရပါသည်။ ဗြိတိသျှနှင့် နိုင်ငံခြားကျမ်းစာ အသင်းကြီးကို ၁၈၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ဥရောပတိုက်တွင် ထိုအဖွဲ့ အစည်းမျိုးကို ဆက်တိုက်ဖွဲ့စည်းခဲ့ကြသည်။ ၁၈၁၆ ခုနှစ်တွင် အမေရိကန် ကျမ်းစာအသင်းကို တည်ထောင်ခဲ့သည်။ ထိုအချိန်ကတည်းကပင် သမ္မာကျမ်းစာကို ဘာသာစကားပေါင်းများစွာဖြင့် ဘာသာပြန်ဆိုပြီးဖြစ်သည်။HFB 301.1

    ၁၇၉၂ ခုနှစ် မတိုင်မီကာလများတွင် နိုင်ငံခြားသာသနာပြု လုပ်ငန်းများကို အာရုံအပြုနည်းခဲ့ကြသည်။ သို့သော် ၁၈ ရာစုနှစ်ကုန်ခါနီးတွင် ပြောင်းလဲမှုများအကြီးအကျယ်ရှိခဲ့သည်။ လူတို့သည် ကျိုးကြောင်းဆင်ခြင်ရေး ဝါဒအပေါ်တွင် ကျေနပ်မှုမရှိကြတော့ဘဲ ဘုရားသခင်ထံမှဖွင့်ဆိုချက်နှင့် စမ်းသပ်မှုခံနိုင်သည့် ဘာသာအယူဝါဒများ လိုအပ်ကြောင်း သဘောပေါက်လာကြသည်။ ထိုအချိန်မှစ၍ နိုင်ငံခြားသာသနာ လုပ်ငန်းများသည် အစဉ်အလာမရှိသော တိုးတက်မှုများကို ရရှိခဲ့ကြသည်။HFB 301.2

    ပုံနှိပ်ခြင်းအတတ်ပညာတိုးတက်လာခြင်းသည်လည်း သမ္မာကျမ်းစာ ဖြန့်ချိမှုအရှိန်အဟုန်ကို အားကောင်းစေခဲ့သည်။ အာဃာတ စိတ်များလျော့နည်းသွားခြင်းနှင့် ရှင်ဘုရင်များအပေါ်မှာသက်ရောက်ခဲ့သည့် ရဟန်းမင်း၏ ဩဇာအာဏာကျဆင်းလာခြင်းများသည် နှုတ်ကပတ်တော် ဖြန့်ချိမှုအတွက် လမ်းပွင့်သွားစေပါသည်။ ယခုတွင်မူ သမ္မာကျမ်းစာကို ကမ္ဘာအနှံ့သို့သယ်ဆောင်သွားနိုင်ခဲ့ချေပြီ။HFB 301.3

    ‘‘ပုဂ္ဂိုလ် (၁၂) ဦးက ခရစ်ယာန်ဘာသာကိုတည်ထောင်ခဲ့တယ်လို့ လူတွေထပ်ခါတလဲပြောနေတာကြားရတာ နားထောင်ငြီးနေပြီ။ ဒီအယူဝါဒကို ဖျက်ဆီးပစ်ဖို့ လူတစ်ယောက်ဆို လုံလောက်တယ်ဆိုတာကို ကျွန်တော် သက်သေပြမယ်’’ ဟု ဘုရားတရားမရှိသူ ဗေါလ်တာရီကပြောခဲ့သည်။ သမ္မာကျမ်းစာကို တိုက်လှန်သည့်စစ်ပွဲမှာ လူသန်းပေါင်းများစွာပါဝင်ခဲ့ ကြပါသည်။ သမ္မာကျမ်းစာကို ဖျက်ဆီးပစ်နိုင်ဖို့နေနေသာသာ ဗေါလ်တာရီ အချိန်တုန်းက ကျမ်းစာအုပ်ရေ တစ်ရာလောက်ပဲရှိခဲ့ပေမယ့် ယခုအချိန်မှာ သိန်းချီရှိနေပေပြီ။ သမ္မာကျမ်းစာသ် လူအတော်များများကို ပျက်စီးသွားစေသည့် ပေတုံးတစ်တုံးဖြစ်ပါသည်။HFB 302.1

    လူသားများ၏ အာဏာတန်ခိုးအပေါ်တွင် တည်ဆောက်သမျှတို့သည် ပျက်စီးသွားကြမည်ဖြစ်သော်လည်း နှုတ်ကပတ်တော် ကျောက်အပေါ်မှာ တည်ဆောက်သမျှတို့သည် ထာဝရတည်မြဲကြလိမ့်မည်။HFB 302.2

    *****