Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၅) - ဘုရားသခင်၏ ပြောင်းလဲခြင်းမရှိသော ပညတ်တော်

    ‘‘ကောင်းကင်ဘုံ၌ ဘုရားသခင်၏ဗိမာန်တော်ကိုဖွင့်ထား၍ ဗိမာန် တော်ထဲမှာ ပဋိညာဉ်သေတ္တာတော်ထင်ရှားလေ၏။’’ ဗျာ၊ ၁၁:၁၉။ ပဋိညာဉ်သေတ္တာတော်သည် ကောင်းကင်သန့်ရှင်းရာဌာနတော်၏ အသန့်ရှင်းဆုံးအခန်းထဲတွင် ရှိပါသည်။ ကောင်းကင်အရာများ၏ အရိပ်ဖြစ်သော လောကတဲတော်၌ အမှုတော်ဆောင်ရာတွင် ဗိမာန်တော်ကို ဆေးကြောရန်အတွက် ကျင်းပသောအပြစ်ဖြေရာနေ့တွင်သာ ဤအခန်းကို ဖွင့်ခဲ့ပါသည်။ ထိုကြောင့် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်လှစ်ကြောင်း၊ ပဋိညာဉ်သေတ္တာတော်ကို မြင်တွေ့နိုင်ကြောင်း ကြေညာချက်သည် အပြစ်ဖြေရာအမှုတော်၏နိဂုံးချုပ် အလုပ်ကိုထမ်းဆောင်ရန် ၁၈၄၄ ခုနှစ်တွင် ကောင်းကင်သန့်ရှင်းရာဌာနတော်၏ အသန့်ရှင်းဆုံးအခန်း ထဲသို့ ခရစ်တော်ဝင်တော်မူကြောင်းကို ပြညွှန်နေပါသည်။ ထိုအသန့်ရှင်းဆုံး အခန်းထဲသို့ဝင်သွားစဉ် ယဇ်ပုရောဟိတ်ကြီးနှင့်အတူ ယုံကြည်ခြင်းအားဖြင့် လိုက်ပါသွားသူများသည် ပဋိညာဉ်သေတ္တာတော်ကို မြင်တွေ့ခဲ့ကြရသည်။ ထိုသူတို့သည် သန့်ရှင်းရာဌာနတော်အကြောင်း လေ့လာခဲ့ကြသည်နှင့်အမျှ ကယ်တင်ရှင်၏ အမှုတော်အပြောင်းအလဲအကြောင်းကို နားလည် သဘောပေါက်ခဲ့ကြပါသည်။ ၎င်းပြင် ကိုယ်တော်ရှင်သည် ယခုတွင် ထိုပဋိညာဉ်သေတ္တာတော်ရှေ့တွင် အမှုဆောင်နေကြောင်းကိုလည်း သူတို့ မြင်တွေ့ခဲ့ကြပါသည်။HFB 464.1

    လောကတဲတော်တွင်ရှိသော ပဋိညာဉ်သေတ္တာထဲတွင် ဘုရားသခင်၏ ပညတ်တော်ရေးထားသည့် ကျောက်ပြားနှစ်ပြား ရှိပါသည်။ ကောင်းကင် ဗိမာန်တော်ကို ဖွင့်လှစ်လိုက်သောအခါ ပဋိညာဉ်သေတ္တာတော်ကို မြင်တွေ့ရပါသည်။ ဘုရားသခင်ကိုယ်တော်တိုင် နှုတ်ဖြင့်ပြော၊ လက်ဖြင့် ရေးခဲ့သည့် ပညတ်တော်ကျောက်ပြားများကို ကောင်းကင်သန့်ရှင်းရာ ဌာနတော်၏ အသန့်ရှင်းဆုံးအခန်းထဲတွင် ထားရှိပါသည်။HFB 465.1

    ဤအချက်ကိုနားလည်သဘောပေါက်သူများသည် မဿဲ ၅:၁၈ တွင် ခရစ်တော်မိန့်ဆိုခဲ့သော နှုတ်ထွက်စကားများကို သဘောပေါက်လာ ကြပေလိမ့်မည်။ ‘‘ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့်မြေကြီး မပျက်စီးမီ တိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်းသို့ မရောက်မီ မပျက်စီးရ။’’ ဘုရားရှင်၏ အလိုတော်နှင့် စာရိတ္တတော်ကို ဖေါ်ပြနေသော ဘုရားသခင်၏ ပညတ်တော်သည် ကာလအစဉ်မပြတ် တည်မြဲတော်မူမည်။HFB 465.2

    ပညတ်တော်ဆယ်ပါး၏ အချက်အချာနေရာတွင် ဥပုသ်ပညတ် ပါရှိပါသည်။ ဖန်ဆင်းရှင်နားနေသောနေ့ကို ဂရုမထားခြင်းအားဖြင့် ဤပညတ်ကို မသိစိတ်နှင့် ကျူးလွန်ဖေါက်ဖျက်နေသည်ဟု နှုတ်ကပတ်တော်ကို လေ့လာနေသူများအား ဝိညာဉ်တော်က သိသာစေပါသည်။ ထိုကြောင့် ပထမနေ့တွင် ဥပုသ်စောင့်ခြင်း၏ အကြောင်းရင်းကိုဆန်းစစ်ရဿ် သူတို့အစပျိုးခဲ့ရာ စတုတ္ထပညတ်ကို ပယ်ဖျက်ကြောင်း၊ ဥပုသ်နေ့ကို အပြောင်းအလြလုပ်ကြောင်း အထောက်အထားတစ်စုံတစ်ခုမျှ မတွေ့ကြရပါ။ သူတို့သည် အလိုတော်ကို သိရှိလိုက်လျှောက်ရန် ကြိုးစားနေကြရာ ယခုအချိန်တွင် ကိုယ်တော်၏ ဥပုသ်နေ့ကို သန့်ရှင်းစွာတည်ဆောက်ခြင်းဖြင့် ဘုရားသခင်အပေါ် သစ္စာစောင့်သိကြောင်း ဖေါ်ပြခဲ့ကြပါသည်။HFB 465.3

    မြော်လင့်ခြင်းအသင်းသားများ၏ ယုံကြည်ခြင်းကို မှောက်လှန်ရန် ကြိုးစားမှုများပြုလုပ်ခဲ့ကြပါသည်။ ကောင်းကင်သန့်ရှင်းရာဌာနတော်နှင့် စပ်ဆိုင်သည့် အမှန်တရားများကို လက်ခံရာတွင် ဘုရားသခင့်ပညတ်တော် တောင်းဆိုချက်များနှင့် ဥပုသ်တော်နေ့ပညတ် ပါဝင်ပတ်သက်နေသည်ကို မတွေ့မြင်သူမရှိပါ။ ကောင်းကင်သန့်ရှင်းရာဌာနတော်၌ ခရစ်တော်အမှုတော် ဆောင်နေခြင်းကိုဖေါ်ပြသည့် သမ္မာကျမ်းစာ၏ရှေ့နောက်ဆီလျော်သော ဖေါ်ပြချက်များကို ခိုင်ခိုင်မာမာဆန့်ကျင်မှု၏ လျှို့ဝှက်ချက်သည် ဤတွင်ရှိနေပါသည်။ ဘုရားသခင်က ဖွင့်ဟထားသောအရာကို လူများက ပိတ်ဖို့ကြိုးစားကြပြီး ဘုရားသခင်က ပိတ်ထားသောအရာကို လူတို့က ဖွင့်ဖို့ ကြိုးစားခဲ့ကြသည်။ သို့ရာတွင် ခရစ်တော်သည် အသန့်ရှင်းဆုံးအခန်း၏ အမှုတော်ဆိုင်ရာ ကိစ္စများကို ဖွင့်ဟထားပြီးဖြစ်ရာ ထိုနေရာတွင် ဌာပနာထား သည့် ပညတ်တော်တွင် စတုတ္ထပညတ်ပါဝင်နေပါသည်။HFB 466.1

    ဘုရားသခင်၏ပညတ်တော်နှင့် ခရစ်တော်၏အမှုတော်အကြောင်း အလင်းတရားများကို လက်ခံထားသူများသည် ခရစ်တော်ကြွလာခြင်းအတွက် ကမ္ဘာသူကမ္ဘာသားများကိုပြင်ဆင်ရန် သတင်းစကားသုံးမျိုးဖြင့် ဗျာ၊ ၁၄ ကို တည်ဆောက်ထားကြောင်း တွေ့ရှိခဲ့ကြသည်။ ‘‘တရားစီရင်တော်မူသော အချိန်ရောက်လာပြီ’’ ဟူသောကြေညာချက်သည် ခရစ်တော်၏ ကြားဖျန်ဖြေရေးလုပ်ငန်းရပ်နားကာ မိမိလူတို့အားခေါ်ရန် ကိုယ်တော် ကြွလာခြင်း မပြုမီတိုင်အောင် ကြွေးကြော်ရမည့် တရားတော် ဖြစ်သည်။ ၁၈၄၄ ခုနှစ်မှစ၍ ပြုလုပ်ခဲ့ သော ထိုတရားစီရင်ခြင်းကို သေသူများနှင့် အသက်ရှင်နေသေးသူများ၏ အမှုအရာများကို ဆုံးဖြတ်မပြီးမချင်း ဆက်လက်လုပ်ဆောင်နေလိမ့်မည်။ ထိုကြောင့် တရားစီရင်ခြင်းကာလသည် ကရုဏာတံခါးပိတ်သည့် အချိန်အထိ ကြာရှည်လိမ့်မည်။HFB 466.2

    လူတို့သည် တရားစီရင်သောအခါတွင် ရပ်တည်ရင်ဆိုင်နိုင်ဖို့ ပြင်ဆင် နိုင်ရန်အလို့ငှာ ‘‘ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ ကောင်းကင် မြေကြီးသမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့’’ ဟု ကောင်းကင်တမန် သတင်းစကားက မိန့်မှာနေပါသည်။ ဤသတင်းစကားကို လက်ခံပါလျှင်ဖြစ်ပေါ်လာမည့် ရလဒ်မှာ ‘‘ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကို လည်းကောင်း စောင့်ရှောက်ကြလိမ့်မည်’’ ဟူ၍ဖြစ်၏။ ဗျာ၊ ၁၄:၇၊ ၁၂။HFB 467.1

    တရားစီရင်ခြင်းအတွက် ပြင်ဆင်သည့်အနေဖြင့် တရားစီရင်ခြင်းတွင် အကျင့်စာရိတ္တ၏စံအဖြစ်အသုံးပြုမည့် ဘုရားသခင်၏ ပညတ်တော်ကို လူသားများ စောင့်ရှောက်သင့်ပါသည်။ ပညတ်တရားကို သိလျက်ပင် ပြစ်မှားသောသူတို့သည် ပညတ်တရား၏စီရင်ခြင်းကို ခံကြရလိမ့်မည်။---ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှားသောအမှုအရာတို့ကို စစ်ကြောစီရင်တော်မူသောနေ့၌ ထိုသို့စီရင်တော်မူလတ္တံ့။’’ ‘‘တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။’’ ‘‘ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။’’ ‘‘ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။’’ ရောမ ၂:၁၂-၁၆။ ဟေဗြဲ ၁၁:၆။ ရောမ ၁၄:၂၃။HFB 467.2

    ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကာ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသောဖန်ဆင်းရှင်ကိုကိုးကွယ်ရန် လူသားများအား ပထမကောင်းကင် တမန်က ဆင့်ဆိုနေပါသည်။ သူတို့သည် ဤအရာကိုလုပ်ဆောင်ရန် ကိုယ်တော်၏ပညတ်တော်ကို စောင့်ရှောက်ရပါမည်။ နားထောင်လိုက်လျှောက် ခြင်းမရှိသေးသော မည်သည့်ကိုးကွယ်ခြင်းကိုမျှ ဘုရားသခင်နှစ်သက်တော် မူနိုင်မည်မဟုတ်ချေ။ ‘‘ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။’’ ၁ယော၊ ၅:၃။ (သု၊ ၂၈:၉)။HFB 468.1