Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၈) - ဘုရားသခင်ထံမှလာသောနောက်ဆုံး သတင်းစကား

    ‘‘ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသောတန်ခိုးနှင့်ပြည့်စုံ၍ ကောင်းကင်ကဆင်းသက်သည်ကိုငါမြင်၏။ သူ၏ရောင်ခြည်အားဖြင့် မြေကြီး ထွန်းလင်းလျက်ရှိ၏။ သူသည် ကျယ်သောအသံဖြင့် ကြွေးကြော်၍ ဗာဗုလုန် မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ။ နတ်ဆိုးနေရာဖြစ်လေပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဖွယ်သောငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။---အခြားသော ကောင်းကင်အသံကား ငါလူမျိုးတို့၊ သူ၏အပြစ် တို့ကိုဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့် လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲကထွက်ကြလော့။’’ ဗျာ၊ ၁၈:၁-၂၊ ၄။HFB 658.1

    ဤကြွေးကြော်သံသည် ဗျာ၊ ၁၄ မှ ဒုတိယကောင်းကင်တမန်၏ ကြွေးကြော်သံကို တစ်ဖန်ကြွေးကြော်ထားသည့်အရာဖြစ်ပြီး ပထမအကြိမ် သတင်းပေးစဉ်ကတည်းက ဗာဗုလုန်ထဲသို့ရောက်ရှိထားပြီးသော ညစ်ညူးခြင်း များနှင့် ထပ်လောင်းပေါင်းစပ်ထားသည့် သတိပေးချက်ဖြစ်သည်။HFB 658.2

    ဤတွင်ဖေါ်ပြထားသည့် ကြောက်စရာအခြေအနေတစ်ခုမှာ သမ္မာတရားကိုလက်ခံရန် ငြင်းဆိုသူများ၏ စိတ်သဘောထားသည် ပို၍ မှောင်မိုက်၊ မာကျောလာခြင်းဖြစ်သည်။ ပညတ်တော် (၁၀) ပါးမှ (၁) ပါးကို အမွန်အမြတ်ထားသူများအား ညှဉ်းပန်းနှိပ်စက်သည်အထိ သူတို့သည် ထိုပညတ်တစ်ပါးကို နင်းချေကြပါလိမ့်မည်။HFB 658.3

    ဘာသာရေးခံဝန်ချက်များသည် အနိမ့်ကျဆုံးဒုစရိုက်ပြစ်မှုများကို ဖုံးကွယ်ရန် ဝတ်ရုံများဖြစ်လာကြပါမည်။ နာမ်ဝိညာဉ်များကို ကိုးကွယ်ယုံကြည်ခြင်းသည် နတ်ဆိုးများ၏ယုံကြည်ချက်ကို လက်ခံရန် တံခါးဖွင့်ခြင်းဖြစ်သဖြင့် အသင်းတော်များတွင် နတ်ဆိုးတို့၏ဩဇာလွှမ်းမိုးမှု များရှိလာပါသည်။ ဗာဗုလုန်သည် ဒုစရိုက်များနှင့် ပြည့်ဝနေပြီဖြစ်ရာ ပျက်စီး တော့မည့်ဆဲဆဲအခြေအနေတွင် ရောက်နေပါသည်။HFB 659.1

    သို့ရာတွင် ထိုဗာဗုလုန်ထဲတွင် ဘုရားသခင်၏သားသမီးများရှိနေကြ ဆဲဖြစ်ရာ ‘‘သူ၏ဘေးဒဏ်များကိုခံခြင်းမှ ကင်းလွတ်အံ့သောငှာ’’ ထိုသစ္စာရှိ တပည့်များအား ဖေါ်ထုတ်ရမည်ဖြစ်သည်။ ထိုကြောင့် ကမ္ဘာကြီးအား မိမိ၏ဘုန်းနှင့်ထွန်းလင်းစေသည့် ကောင်းကင်တမန်တစ်ပါးသည် ကြွဆင်း လာကာ ‘‘ငါ၏လူမျိုးတို့၊ ဗာဗုလုန်ထဲကထွက်ကြလော့’’ ဟု ဟစ်ကြွေး ခေါ်ထုတ်သံကို ကြားနေရပါသည်။ ဤင်္ကြေးကြော်သံသည် ကမ္ဘာသူကမ္ဘာသား များအတွက် နောက်ဆုံးသောသတိပေးချက်ဖြစ်ပါသည်။HFB 659.2

    ဘုရားသခင်၏ပညတ်တော်များကို ဆန့်ကျင်တိုက်ခိုက်ရန် စုစည်းနေ ကြသည့် လောကီအာဏာပိုင်များက ‘‘ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ’’ ရှိသမျှတို့အား မှားယွင်းသောဥပုသ်နေ့ကို စောင့်ခြင်းအားဖြင့် အသင်းတော်၏ ဓလေ့ထုံးစံများနှင့်အညီ ကျင့်ဆောင်ရန် အမိန့်ထုတ်ကြလိမ့်မည်။ (ဗျာ၊ ၁၃:၁၆)။ လိုက်နာရန် ငြင်းဆန်သူများအား သေဒဏ်ထိုက်သည်ဟု အဆုံးတွင်စီရင်ကြလိမ့်မည်။ တစ်ဘက်တွင်လည်း ဖန်ဆင်းရှင်၏ နားနေရာ နေ့တွင် ဥပုသ်စောင့်ရန် ပြဌာန်းသည့်ပညတ်တော်ကို ချိုးဖေါက်သူများအား အမျက်တော်သင့်လိမ့်မည်ဟု သတိပေးဖွင့်ဆို နေပါသည်။HFB 659.3

    ဘုရားသခင်၏ပညတ်တော်ကို နင်းချေသောသူအပေါင်းတို့သည် ဤအချက်များကိုကောင်းစွာသိရှိလျက်ပင် လူတို့တီထွင်ပြဌာန်းထားသည့် သားရဲ၏တံဆိပ်ကိုလက်ခံကြလိမ့်မည်။ အာဏာရှိသူများ၏ မဟာမိတ်ပြုခြင်း အထိမ်းအမှတ်ဖြစ်သော ထိုတံဆိပ်ကို ဘုရားသခင်၏တံဆိပ်အစားနေရာတွင် သူတို့ရွေးချယ်လိမ့်မည်။ ‘‘အကြင်သူသည် သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်၍ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည် ဖြစ်စေ ထိုသူသည် ဘုရားသခင်၏ဒေါသဖလား၌လောင်းသော အမျက်တော် စပျစ်ရည်စစ်ကိုသောက်ရလိမ့်မည်။ သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။’’ ဗျာ၊ ၁၄:၉-၁၀။HFB 660.1

    သမ္မာတရားကိုကြားနာစစ်ဆေးပြီး မငြင်းပယ်မီတိုင်အောင် မည်သူမျှ ဘုရားသခင်၏အမျက်တော်ကိုခံရမည်မဟုတ်ချေ။ လူများစွာတို့သည် ဤအချိန်အခါအတွက် အထူးသောသမ္မာတရားကိုကြားနာခွင့်မရခဲ့သေးချေ။ အငြင်းပွားစရာပြဿနာများနှင့်ပတ်သက်၍ အလှည့်ဖြားမခံရစေရန် လူသား တိုင်း၏စိတ်နှလုံးကို ဖတ်လေ့ရှိသောကိုယ်တော်ရှင်သည် သမ္မာတရားကို သိရှိ နားလည်လိုသူတစ်ဦးတစ်ယောက်ကိုမျှ ချန်ထားတော်မူလိမ့်မည်မဟုတ်ချေ။ လူအသီးသီးတို့သည် သတိပညာနှင့်ပြည့်စုံစွာ ဆုံးဖြတ်ချက်ချနိုင်ရန် လုံလောက်သောအလင်းတရားများကို ရရှိကြပါလိမ့်မည်။HFB 660.2