Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဧဝံဂေလိတရားတော်ကို ပထမအကြိမ်သစ္စာဖေါက်ခြင်း

    ထိုအသင်းတော်သည် ဧဝံဂေလိတရားတော်ကို ပထမအကြိမ်အဖြစ် မည်သို့မည်ပုံသစ္စာဖေါက်ခဲ့သနည်း။ ခရစ်ယာန်ဘာသာကို တစ်ပါးအမျိုးသားများ လက်ခံနိုင်အောင် ပြင်ဆင်သည့်အနေဖြင့် ရုပ်တု ကိုးကွယ်မှုများနှင့်ဆီလျော်လာအောင် ပြုပြင်ခြင်းအမှုအားဖြင့် သစ္စာဖေါက်ခဲ့သည်။ ‘‘၂ ရာစုနောက်ပိုင်းအချိန်များတွင် အသင်းတော်များသည် ပုံစံအသစ်တစ်ခုကို ကျင့်သုံးခဲ့ပါသည်။ ရှေးတပည့်တော်ကြီးများသည် ခရစ်တော်၌အိပ်ပျော်သွားခဲ့ကြပြီးနောက် မျိုးဆက်သစ်များသည် အသစ်ဝင်ရောက်လာသည့် ယုံကြည်သူများနှင့်အတူ ပုံစံအသစ်ဖြင့် အမှုတော်ကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။’’ ‘‘အသင်းတော်ထဲသို့စီးဝင်လာသော ရုပ်တုကိုးကွယ်မှုဆိုင်ရာ ရေများနှင့်အတူ ၎င်းတို့၏အကျင့်ဓလေ့များ၊ ကျင့်ဆောင်မှုများနှင့် ရုပ်တုများကို သယ်ဆောင်လာခဲ့ကြပါသည်။’’ ထိုကြောင့် ခရစ်ယာန်သာသနာသည် လောကမင်းများ၏ ထောက်ခံမှုကိုရခဲ့ပါသည်။ လူထုကြီးသည် ဖြစ်ရိုးဖြစ်စဉ်အတိုင်း လက်ခံခဲ့ကြသော်လည်း များစွာသော ထိုပြောင်းလဲသူများသည် ရုပ်တုများကို တိတ်တဆိတ် ကိုးကွယ်နေကြဆဲ ဖြစ်ပါသည်။HFB 413.1

    ပရိုတက်စတင့်ဟု မိမိကိုယ်ကိုမှည့်ခေါ်နေကြသည့် အသင်းတော်တိုင်း လိုလိုသည် ထိုကဲ့သို့ဖြစ်နေခဲ့ကြသည် မဟုတ်ပါလား။ ပြုပြင်ပြောင်းလဲရေး အပေါ် စိတ်သဘောထားအမှန်ရှိသော ထိုတည်ထောင်သူများသည် ခရစ်တော်၌ အိပ်ပျော်ခဲ့ကြသည့်နောက် နောင်လာနောက်သားများက ထိုအမှုတော်ကို ပုံစံအသစ်ဖြင့်လုပ်ဆောင်ခဲ့ကြသည်။ မိမိတို့၏ ဘိုးဘေးများ ကြိုတင်တွေ့ရှိ ခဲ့သည့် အမှန်တရားများကို မျက်စိစုံပိတ်ပြီးငြင်းဆန်လျက် ပြုပြင်ပြောင်းလဲရေးသမားကြီးများ၏ သားမြေးများသည် လောကအလိုကို မလိုက်ခြင်း၊ ကိုယ်အလိုကိုမလိုက်ခြင်းဆိုင်ရာ နမူနာပုံစံများကို ကျောခိုင်းခဲ့ ကြပါသည်။HFB 414.1

    ရေပန်းစားနေသောအသင်းတော်များစွာတို့သည် သမ္မာကျမ်းစာ၏ စံကို ကျောခိုင်းခဲ့ကြပါတကား။ ငွေကြေးကိစ္စနှင့်ပတ်သက်၍ ဂျွန်ဝက်စလေက ‘‘စျေးကြီး၍ လိုသည်ထက်ပိုကောင်းနေသည့် အဝတ်အစားများအတွက် တန်ဖိုးရှိလှသောငွေတစ်ပြားကိုမျှ မသုံးပါနှင့်။ မရှိလျှင်လည်းဖြစ်နေသော လက်ဝတ်ရတနာများအတွက်လည်း ငွေတစ်ပြားမှမသုံးပါနှင့်။ အိမ်ကို အလှပြင်ဖို့နှင့် တန်ဖိုးကြီးလှသော ပရိဘောဂများအတွက်လည်း ငွေကိုမဖြုန်း ပါနှင့်။ တန်ဖိုးကြီးပြီး ဗန်းပြကောင်းသည့်ပန်းချီကားများအတွက်လည်း မဖြုန်းပါနှင့်။ သင်သည် ဝတ်ကောင်းစားလှများကို ဆင်ယင်ကာ နေ့စဉ်နှင့်အမျှ ခမ်းခမ်းနားနားကျွေးမွေးခဲ့မည်ဆိုလျှင် သင်၏ရက်ရောမှု၊ ဧည့်ဝတ်ကျေပွန်မှု နှင့် ကြီးကျယ်ခမ်းနားမှုများကို သေချာပေါက်ချီးမွမ်းကြပေလိမ့်မည်။ သို့သော် ဘုရားသခင်ထံမှလာသည့် ဂုဏ်ပြုခြင်းကိုရရှိမှသာ ပို၍ကျေနပ်သင့်ပါသည်’’ ဟု သွန်သင်ခဲ့ပါသည်။HFB 414.2

    အုပ်ချုပ်သူမင်းများ၊ နိုင်ငံရေးသမားများ၊ ဥပဒေပညာရှင်များ၊ ဆရာဝန်များ၊ ကုန်သည်များတို့သည် ၎င်းတို့၏လောကီအကျိုးအလို့ငှာ အသင်းတော်ထဲသို့ဝင်လာကြပါသည်။ ထိုဘာသာရေးအဖွဲ့အစည်းများသည် နှစ်ခြင်းခံလာသည့် ထိုအထင်ကရ ပုဂ္ဂိုလ်များ၏စည်းစိမ်များဖြင့် ပံ့ပိုးကူညီ မှုကြောင့် ပို၍ရေပန်းစားလာပါသည်။ ကြီးကျယ်ခမ်းနားသည့် ဘုရားကျောင်းများကို တည်ဆောက်ခဲ့ကြသည်။ လူထုကိုဖြေဖျော်ရန် တရားဟောကောင်းသည့် တရားဟောဆရာများကို လစာကောင်းကောင်း ပေးခဲ့သည်။ သူမ၏တရားဟောချက်များသည် အများကိုအကြိုက်တွေ့စေမည့် နားဝင်ချိုသည့်တရားဟောချက်များဖြစ်ရပါမည်။ ဤနည်းအားဖြင့် ခေတ်မီသောဒုစရိုက်များကို ဘုရားဝတ်၌မွေ့လျော်သည့် ဟန်ဆောင်မှု အောက်တွင် ဖုံးကွယ်ထားခဲ့သည်။HFB 415.1

    ‘‘ယုံကြည်သူနှင့် မယုံကြည်သူများအကြား ခွဲခြားထားသည့် လိုင်းကလေးသည် မှေးမှိန်သွားလိုက်သည်မှာ ရေးရေးကလေးသာ မြင်ရပါတော့သည်။ နှစ်ဖက်စလုံးတွင်ရှိနေသော စိတ်အားထက်သန် သူများသည် ပြုမူလုပ်ဆောင်မှုခြားနားချက်များကို ရှင်းထုတ်ပစ်ရန် ကြိုးစားနေကြသည်’’ ဟု နယူးရော့အင်ဒီပင်းဒင့်တွင် ဖေါ်ပြခဲ့သည်။HFB 415.2

    လောကသာယာမှုကိုရှာဖွေနေသည့် ဤဒီလှိုင်းဒဏ်ကြောင့် ခရစ်တော် အတွက်အနာခံရန် စိတ်ဓါတ်များသည် လုံးလုံးကွယ်ပျောက်လုမတတ် ဖြစ်နေပါသည်။ ‘‘ရန်ပုံငွေလိုလျှင် ထည့်ဝင်ဖို့ မည်သူ့ကိုမျှ ခေါ်စရာမလိုပါဘူး။ လုံးဝမလိုပါဘူး။ ဈေးအရောင်းပွဲတော်ကလေးကျင်းပလိုက်၊ သရုပ်ဖေါ်ပြဇာတ် တိုလေးတစ်ခုပြလိုက် (သို့မဟုတ်) ရှေးဟောင်း ညစာစားပွဲကလေးကျင်းပလိုက်၊ လူတွေရဲ့စိတ်ကိုမြူးကြွ သွားစေမည့်တစ်ခုခုကို စီစဉ်ပေးလိုက်ရင် ရန်ပုံငွေရနိုင်တယ်’’ ဟုလည်း ဖေါ်ပြထားပါသည်။HFB 415.3

    ရောဘတ်အက်တကင်းသည် အင်္ဂလန်ပြည်၏ဝိညာဉ်ရေးကျဆင်းခြင်း သရုပ်ဖေါ်သည့် ရုပ်ပုံတစ်ခုကိုရေးဆွဲပါသည်။ ‘‘အယူဝါဒဖေါက်ပြန်ခြင်း ဆိုသည့် စကားလုံးများကို ဘုရားကျောင်းတိုက်၏ရှေ့တွင် ရေးသားစိုက်ထူ ထားသည်။ ဒါကိုသူတို့သိပြီး သဘောပေါက်ရင် သူတို့မှာမြော်လင့်ချက် ရှိသေးတယ်။ ဒါပေမယ့် သူတို့က ငါတို့ဟာချမ်းသာတယ်။ ဥစ္စာပစ္စည်းတွေ တိုးပွားနေတယ်။ ဘာမှမလိုဘူး’’ ဟု အော်နေကြပါတကား။HFB 416.1

    ဗာဗုလုန်အစွပ်စွဲခံရသောအပြစ်ကြီးတစ်ခုမှာ ‘‘မိမိမတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်စစ်ကို လူမျိုးအပေါင်း တို့အား တိုက်’’ သည့်အပြစ်ဖြစ်သည်။ ထိုခွက်ဖလားသည် လောကနှင့်မိတ်ဖွဲ မိသဖြင့် သူမရရှိခဲ့သည့် မှားယွင်းသောယုံကြည်ချက်များကို ပုံဆောင်ပါသည်။ သမ္မာကျမ်းစာ၏ ရှင်းလင်းသောဖွင့်ဆိုချက်များနှင့်ဆန့်ကျင်သည့် ယုံကြည်ချက်များကို သွန်သင်ခြင်းဖြင့် သူမက ကမ္ဘာကြီးအား ဖေါက်ပြန်ပျက်စီးသောဩဇာလွှမ်းမိုးမှုတစ်ခုကို တစ်ပြန်ဖြစ်စေပါသည်။HFB 416.2

    လူထုကြီးသည် ဗာဗုလုန်၏စပျစ်ရည်ဖြင့် မယစ်မူးခဲ့ဘူးဆိုလျှင် နှုတ်ကပတ်တော်မှရှင်းလင်းသော အမှန်တရားများကို သဘောပေါက်ကာ ပြောင်းလဲလာခဲ့ကြလိမ့်မည်။ သို့ရာတွင် မည်သည့်အရာကို ယုံကြည်ရမည်ကို ဝေခွဲခြင်းငှာ မတတ်နိုင်လောက်အောင် ဘာသာရေးဆိုင်ရာ ယုံကြည်ချက် များသည် ရှုပ်ထွေးနေပါသည်။ နောင်တမရခြင်းအပြစ်သည် အသင်းတော် တံခါးဝတွင်စုပုံနေပါသည်။HFB 416.3

    ဒုတိယကောင်းကင်တမန်၏သတင်းစကားသည် ၁၈၄၄ ခုနှစ်တွင် လုံးလုံးပြည့်စုံခြင်းသို့မရောက်ခဲ့သေးပါ။ မြော်လင့်ခြင်းသတင်းအလင်းတရား များကို ငြင်းပယ်ခဲ့ကြသဖြင့် အသင်းတော်များသည် ကိုယ်ကျင့်တရားများ ဖေါက်ပြန်ပျက်စီးခဲ့သည်မှာမှန်သော်လည်း ကျဆုံးခြင်းသည် အဆုံးတိုင် မရောက်သေးပါ။ အထူးသတင်းစကားကိုလက်ခံရန် ဆက်၍ငြင်းပယ်လေ၊ ဆက်၍နိမ့်ကျသွားလေဖြစ်နေပါသည်။ သို့ရာတွင် ‘‘မိမိမတရားသောမေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်စစ်ကို လူမျိုးအပေါင်းတို့ကို တိုက်သောကြောင့် ဗာဗုလုန်မြို့ကြီးပြိုလဲသွားပြီ’’ ဟုတော့ မပြောနိုင်သေး ပါချေ။ ပရိုတက်စတင့်အသင်းတော်များပင် ဒုတိယကောင်းကင်တမန်၏ သတင်းစကားကို ငြင်းပယ်သည့်အထဲတွင် ပါဝင်နေပါသည်။ သို့ရာတွင် အယူဝါဒဖေါက်ပြန်မှုမှာ အဆုံးတိုင်သို့မရောက်ရှိသေးပါ။HFB 417.1

    ခရစ်တော်ကြွလာခြင်းမတိုင်မီတွင် စာတန်သည် ‘‘ပြုပြင် သောအားဖြင့် မုသားနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုအမျိုးမျိုးနှင့်လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သော သူတို့တွင် မတရားသောလှည့်ဖြားခြင်းအမျိုးမျိုးနှင့်လည်းကောင်း လာလိမ့်မည်။ ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ သမ္မာတရား၌ မွေ့လျော်သောစိတ်ကို မခံယူသူများသည်---မုသားစကားကိုယုံစိမ့်သောငှာ မိစ္ဆဒိဌိပြုပြင်အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင်လွှတ်တော် မူလိမ့်မည်။’’ ၂သက်၊ ၂:၉-၁၁။ အသင်းတော်သည် လောကနှင့်မပေါင်းစည်းမီ ဗာဗုလုန်၏ပြိုလဲမှုသည် ဆုံးခန်းတိုင်သို့မရောက်သေးချေ။ ပြောင်းလဲမှုများမှာ တိုးတက်လျက်ရှိပြီ ဗျာ၊ ၁၄:၈ တွင် ဖွင့်ဆိုထားချက်၏ လုံးလုံးပြည့်စုံမှုမှာ အနာဂတ်တွင် ရှိနေဆဲဖြစ်သည်။HFB 417.2

    ဗာဗုလုန်ဟုခေါ်သည့် အသင်းတော်များတွင် ဝိညာဉ်ရေးမှောင်မိုက် ကျရောက်နေသော်ငြားလည်း ခရစ်တော်၏နောက်လိုက်အစစ်အမှန်များစွာ တို့ကို ထိုလူအုပ်ထဲတွင်တွေ့နိုင်ဆဲဖြစ်သည်။ လူများစွာတို့သည် ဤခေတ်ဤအခါအတွက် အရေးကြီးသည့် အမှန်တရားများကို တစ်ခါမျှ မတွေ့ဖူးကြချေ။ ပို၍ရှင်းလင်းပြတ်သားသော အလင်းတရားကို တောင့်တသော သူတို့မှာလည်း မနည်းလှချေ။ ထိုသူတို့သည် ၎င်းတို့နှင့် ဆက်နွှယ်နေသော ဘုရားကျောင်းများမှာရှိသည့် ခရစ်တော်၏ရုပ်တုများကို အချည်းနှီးမျှော်ကြည့်နေကြပါသည်။HFB 418.1

    ဘုရားသခင်၏သားသမီးများကို ဗာဗုလုန်ထဲမှခေါ်ထုတ်မည့် အချိန်ကို ဗျာဒိတ်၊ ၁၈ တွင်ဖေါ်ပြထားပါသည်။ ကမ္ဘာသို့ပေးသောသတင်းစကားများတွင် နောက်ဆုံးဖြစ်သောထိုသတင်းစကားသည် ၎င်း၏အမှုတော်ကိုအဆုံးသတ် ပြီးမြောက်စေလိမ့်မည်။ စိတ်နှလုံးဖွင့်ထားသူများအပေါ်သို့ ထိုသမ္မာတရား အလင်းသည်ကျရောက်ကာ ဗာဗုလုန်ထဲတွင်ရှိနေဆဲဖြစ်သော ကိုယ်တော်၏ သားသမီးများသည် ‘‘ငါ၏လူမျိုးတို့၊---သူ၏အထဲကထွက်ကြလော့’’ ဟူသော အမိန့်သံကို နာခံကြလိမ့်မည်။ ဗျာဒိတ်၊ ၁၈:၄။HFB 418.2

    *****