Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နိုးထရန်ခေါ်တော်မူခြင်း

    ထိုနေ့ရက်ကြီးကို ရင်ဆိုင်ရန်အတွက် နောင်တရသောစိတ်နှင့် ဘုရားသခင်ကိုရှာကြရန် နှုတ်ကပတ်တော်က ဆင့်ခေါ်နေပါသည်။HFB 325.2

    ‘‘ထာဝရဘုရား၏ နေ့ရက်သည် လာ၍နီးပြီ။’’ ‘‘အစာရှောင်ရသော အချိန်ကိုခန့်ထား၍ ခြိုးခြံစွာကျင့်ရသောအချိန်ကို ကြော်ငြာ ကြလော့။ လူများတို့ကိုခေါ်၍ စုဝေးသောပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသောသူတို့ကိုလည်းကောင်း၊ ငယ်သောသူနှင့် နို့စို့သူငယ် တို့ကိုလည်းကောင်း စုဝေးစေကြလော့။---ယဇစ်ပုရောဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်---ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။ အဝတ်ကိုမဆုတ်ဘဲ နှလုံးကိုဆုတ်လျက် သင်တို့၏ ဘုရားသခင်၊ ထာဝရဘုရားထံတော်သို့ ပြန်လာကြလော့။ ချစ်သနားခြင်း၊ မေတ္တာကရုဏာတော်နှင့်ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူး ပြုချင်သောသဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သောသဘော ရှိတော်မူ၏။’’ ယောလ ၂:၁၊ ၁၅:၁၇၊ ၁၂-၁၃။HFB 325.3

    ထိုနေ့ကြီးအတွက် လူသားတို့ကိုပြင်ဆင်ပေးရန် ဤဘာသာရေးပြုပြင် ပြောင်းလဲရေးလုပ်ငန်းကြီးကို ပြီးစီးအောင် လုပ်ဆောင်ကြရပါမည်။ ကိုယ်တော်ရှင်သည် နိုးနိုးကြားကြားရှိကြရန် ယုံကြည်သူများထံ ကရုဏာတော် အားဖြင့် သတင်းပေးကာ ကြွလာခြင်းအတွက် အသင့်ပြင်ဆင်ထားကြရန် လမ်းပြတော်မူပါသည်။HFB 326.1

    ဤသတိပေးစကားကို ဗျာဒိတ် ၁၄ တွင် တွေ့ရပါသည်။ ဤအရာသည် ကောင်းကင်တမန်များ ကြွေးကြော်သောအချက် (၃) ချက်ပါဝင်သည့် သတင်းစကားဖြစ်သည်။ ဤသတင်းစကားအကြောင်းကို ဖေါ်ပြပြီးနောက် ဆက်တိုက်ဆိုသလိုပင် မြေကြီးပေါ်မှာရင့်မှည့်နေသော အသီးများကို ရိတ်သိမ်းရန် ခရစ်တော်ကြွလာမည့်အကြောင်းကို ဖေါ်ပြထားသည်။ ‘‘မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးသီးဘာသာစကားကို ပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရ ဧဝံဂေလိတရားကို ဟောရသောကောင်းကင်တမန်တစ်ပါးက ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို’’ ပုရောဖက်ယောဟန်က ရူပါရုံတွင်မြင်ခဲ့သည်။ ဗျာဒိတ်၊ ၁၄:၆-၇။HFB 326.2

    ဤသတင်းစကားသည် ထာဝရ ဧဝံဂေလိသတင်းစကား၏ အပိုင်းတစ်ပိုင်းဖြစ်ပါသည်။ တရားဟောခြင်းအလုပ်ကို လူသားများအား အပ်နှင်းထားပါသည်။ ကောင်းကင်တမန်များသည် ညွှန်ကြားမှုများ ပေးကြသော်လည်း ဧဝံဂေလိတရားတော်ကို တကယ်ဟောကြားရမည့်သူ များမှာ ကမ္ဘာပေါ်တွင်နေထိုင်ကြသည့် ခရစ်တော်၏ ယုံကြည်သူများသာ ဖြစ်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ပဲ့ပြင်မှုနှင့် နှုတ်ကပတ်တော်၏ သွန်သင်မှုများကို နာခံသော သစ္စာရှိတပည့်တော်များသည် ဤသတိပေး စကားများကို ကြွေးကြော်ကြလိမ့်မည်။ သူတို့သည် ဘုရားသခင်ကို သိကျွမ်းခြင်းပညာကို ဆည်းပူးခဲ့ကြပြီး ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ် ခြင်းထက် သာ၍ကောင်းကြောင်း၊ ပညာကုန်သွယ်၍ရသောအမြတ်သည်လည်း ရွှေစင်ထက်သာ၍ကောင်းကြောင်း မှတ်ယူထားသူများဖြစ်သည်။ ‘‘ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။’’ သု၊ ၃:၁၄။ ဆာလံ ၂၅:၁၄။HFB 327.1