Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကမ္ဘာအနှံ့သို့သွား၍ဟောပြောပါ

    ‘‘ကျွန်တော်အလုပ်လုပ်နေစဉ် ကျွန်တော့်နားထဲမှာ ဆက်တိုက် ကြားနေရတာက ‘အန္တရာယ်ကျတော့မယ့်ကမ္ဘာကြီးသို့သွား၍ ဟောကြားပါ’ ဆိုတာပဲဖြစ်တယ်။’’ ‘‘ငါသည် လူဆိုးအား၊ အိုလူဆိုး၊ အကယ် စင်စစ် သင်သည် အသေခံရမည်ဟုဆိုသောအခါ ဆိုးသောသူကို သူ၏လမ်းမှ လွှဲစေခြင်းငှာ သင်သည်သတိမပေးလျှင် ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင် သူ၏အသက်ကို သင်၌ငါတောင်းမည်’’ ဟူသောကျမ်းချက်ကို ကျွန်တော်အမြဲသတိရနေမိသည်။ လူဆိုးတွေကို သွားပြီး သတိပေးမိရင် သူတို့ဟာ နောင်တရလာနိုင်တယ်။ သတိမပေးမိရင်တော့ သူတို့အသွေးကို ကျွန်တော့်ထံမှာတောင်းလိမ့်မယ်လို့ ကျွန်တော်သိလာသည်။ လူသားတို့ထံသွား၍ ဟောပြောပါ။ သို့မဟုတ်လျှင် သူတို့ရဲ့အသွေးကို သင့်ထ့မှာ ငါတောင်းမည်ဆိုသည့်စကားလုံးများကိုလည်း ထပ်ခါတလဲ သူကြားယောင် နေမိသည်။ (၉) နှစ်ကြာသည့်တိုင်အောင် သူတုံ့နှေးနေခဲ့ပြီး ၁၈၃၁ ခုနှစ်တွင် ယုံကြည်ခြင်းပတ်သက်သည့် ကျိုးကြောင်းဆင်ခြင်မှုတရားဟောချက်ကို သူပထမဦးဆုံးဟောကြားခဲ့ပါသည်။HFB 350.2

    သူသည် ထိုအချိန်တွင် အသက် (၅၀) နှစ်ရှိနေပြီဖြစ်ပြီး လူထုရှေ့တွင် ဟောပြောခြင်းများ၌လည်း၊ အလေ့အထမရှိသူဖြစ်သော်လည်း သူ၏လုပ်ဆောင်မှုကို ကောင်းချီးပေးခြင်းခံခဲ့ရသည်။ ပထမဦးဆုံး ဟောကြားသည့်တရားစကားများကြောင့် ဝိညာဉ်ရေးနိုးကြားမှုများ ဖြစ်လာကာ မိသားစု (၁၃) ခုမှပုဂ္ဂိုလ် (၂) ဦးမှလွဲ၍ ကျန်ပုဂ္ဂိုလ်အားလုံး ပြောင်းလဲလာကြပါသည်။ အခြားနေရာများသို့ သွားရောက်ဟောကြားရန် သူ့အား တိုက်တွန်းခဲ့ကြရာ သွားရောက်ဟောကြားသည့် နေရာတိုင်းလိုလို မှာပင် အပြစ်သားများ ပြောင်းလဲလာခဲ့ကြသည်။ ခရစ်ယာန်များသည် ကြီးမားသောဆက်ကပ်မှုများကို လုပ်ဆောင်ရန် နိုးကြားလာကြသည်။ ဒေးအစ်များနှင့် ဘုရားတရားမဲ့ သူများလည်း သမ္မာကျမ်းစာမှ အမှန်တရားများကို အသိအမှတ်ပြုလာ ကြသည်။ သူ၏တရားဟောချက်များသည် လူထု၏စိတ်ကို နိုးကြားစေကာ တိုးတက်ကြီးပွားနေသော၊ လောကဆန်သော စိတ်ထားများနှင့် ကာမဂုဏ် ခံစားလိုစိတ်များကို လျော့ပါးသွားစေခဲ့သည်။HFB 351.1

    နေရာအတော်များများရှိ ပရိုတက်စတင့်အသင်းတော်များမှ တရားဟောဆရာများက သူ့အားဖိတ်ခေါ်ခဲ့ကြသည်။ မဖိတ်ခေါ်သောနေရာသို့ သွား၍ တရားမဟောခြင်းမှာ သူ၏စည်းမျဉ်းဖြစ်သော်လည်း မကြာမီမှာပင် ဖိတ်ခေါ်မှု၏ တစ်ဝက်ကိုပင် သူမဖြည့်စွမ်းနိုင်သည်ကိုတွေ့ရပါသည်။ ခရစ်တော်ကြွလာခြင်းသည် သေချာ၍ နီးကပ်နေပြီဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ပြင်ဆင်ကြဖို့လိုအပ်နေကြောင်း လူအများကသဘောပေါက်ခဲ့ ပါသည်။ မြို့ကြီးများရှိ တချို့နေရာများတွင် အရက်ဆိုင်ပိုင်ရှင်များသည် သူတို့၏အရက်ဆိုင်ကို တရားဟောကြားရန်အခန်းအဖြစ် ပြောင်းလဲပစ်လိုက် ကြပါသည်။ ကစားဝိုင်းအခန်းများကိုလည်း ဖျက်သိမ်းလိုက်ကြသည်။ ဘုရားတရားမဲ့သူများနှင့် အပျော်အပါးလိုက်စားသူများသည်လည်း ပြောင်းလဲ လာကြပါသည်။ အသင်းတော်များတွင် ဆုတောင်းစည်းဝေးပွဲများကို နာရီတိုင်းကျင်းပခဲ့ရာ စီးပွားရေးသမားများပင် မွန်းတည့်ချိန်ဆုတောင်း စည်းဝေးပွဲသို့တက်ရောက်ကာ ချီးမွမ်းထောမနာပြုခဲ့ကြပါသည်။ သို့သော် အလွန်အကျွံစိတ်လှုပ်ရှားမှုမျိုးတော့မရှိခဲ့ပါ။ သူ၏လုပ်ဆောင်မှုသည် ကနဦး ပြုပြင်ပြောင်းလဲရေးသမားများနည်းတူ သူတစ်ပါးအားစိတ်လှုပ်ရှားအောင် လုပ်ဖို့ထက် သမ္မာတရားကို နားလည်သဘောပေါက်ကာ ဩတ္တပ္ပစိတ်ကို နိုးထစေရန် ဖြစ်ပါသည်။HFB 352.1

    မီလာသည် ၁၈၃၃ ခုနှစ်တွင် နှစ်ခြင်းအသင်းတော်မှ တရားဟောခွင့်လိုင်စင်ကို လက်ခံရရှိခဲ့သည်။ ၎င်း၏အသင်းတော်မှ တရားဟောဆရာများကလည်း ၎င်း၏လုပ်ဆောင်မှုကို ထောက်ခံခဲ့ကြသည်။ ၎င်းတို့၏လုပ်ရိုးလုပ်စဉ် ခွင့်ပြုချက်အမိန့်ဖြင့် မီလာသည် အမှုတော်ကိုဆက်လက်ဆောင်ရွက်ခဲ့သည်။ သူသည် မနားတမ်းခရီးသွားကာ တရားလှည့်လည်ဟောကြားခဲ့ရသော်လည်း ထောက်ပံ့ငွေမှာ ကုန်ကျစရိတ်ကိုမကာမိသဖြင့် ကိုယ်ပိုင်ပစ္စည်းများကို ထိခိုက်လာခဲ့ပါသည်။HFB 353.1

    ‘‘ကြယ်တို့သည်ကောင်းကင်မှကျကြလိမ့်မည်’’ ကယ်တင်ရှင်သည် မိမိ၏ဒုတိယအကြိမ်ကြွလာခြင်းအတွက် အထိမ်းအမှတ်အဖြစ် မိန့်ဆိုတော်မူခဲ့သော နိမိတ်လက္ခဏာသည် ၁၈၃၃ ခုနှစ်တွင် ပြည့်စုံခဲ့ပါသည်။ ‘‘ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။’’ မဿဲ ၂၄:၂၉။ ဗျာဒိတ်ဆရာယောဟန်ကလည်း ‘‘သင်္ဘောသဖန်းပင်ကို ပြင်းစွာသောလေတိုက်လျှင် အချိန်မတန်သော အသီးကြွေသကဲ့သို့ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ကျကြလိမ့်မည်’’ ဟု ရေးသားခဲ့သည်။ ဗျာ ၆:၁၃။ ၁၈၃၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထိုအနာဂတ္တိစကားသည် ပြည့်စုံခဲ့ပါသည်။ ‘‘ထိုနေ့က ကြယ်များမြေပေါ်သို့ကြွေကျတာလောက် မိုးသည်းထန်တာမဖြစ်ခဲ့ဖူးချေ။ အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့တွင် အတူတူပင်ပြင်းထန်စွာကြယ်ကြွေခဲ့ပါသည်။ ကောင်းကင်ပြင်ကြီး တစ်ခုလုံးသည် လှုပ်ရှားရွေ့လျားနေသလိုဖြစ်နေ သည်။ ၂ နာရီအချိန်မှစ၍ အလင်းရောက်သည့်အချိန်အထိ ကောင်းကင်ပြင်၌ မိုးသားတိမ်လိပ်များကင်းစင်ကာ သာယာနေပါသည်။ ကောင်းကင်တစ်ပြင်လုံး ၌လည်း မျက်စိကျိန်းလောက်အောင် တလက်လက်တောက်ပနေသော ကြယ်ကလေးများဖြင့် ထွန်းလင်းတောက်ပနေပါသည်။HFB 353.2

    ကောင်းကင်ရှိကြယ်များကို ကျွန်ုပ်တို့၏ခေါင်းပေါ်တည့်တည့်ရှိ ကောင်းကင်ယံဝယ်စုစည်းကာ အလင်း၏အလျင်မျိုးဖြင့် မိုးကုပ်စက်ဝိုင်း၏ နေရာအသီးသီးသို့ ဆက်တိုက်ပစ်လွှတ်လိုက်သည့်နှယ် ထောင်ပေါင်းများစွာ သော ကြယ်များသည် ထောင်ပေါင်းများစွာသော လမ်းကြောင်းများအတိုင်း ဆက်တိုက်ကြွေကျခဲ့ပါသည်။ ထိုအဖြစ်အပျက်အတွက် ဖန်ဆင်းထားသည့် ကြယ်များသဖွယ်ဖြစ်နေပါသည်။’’ ‘‘လေပြင်းတိုက်သဖြင့် သဖန်းပင်မှ သဖန်းသီးများကြွေကျသည့်ပုံနှင့်တူနေပါသည်။ မြင်တွေ့ရန်မလွယ်ကူသော ရှုခင်းမျိုးလည်းဖြစ်ပါသည်။HFB 354.1

    ၁၈၃၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်ထုတ် နယူးယောက် ကူးသန်း ရောင်းဝယ်ရေးဂျာနယ်တွင် ထိုအကြောင်းကို ဆောင်းပါးတစ်ပိုဒ်အဖြစ် ရေးသားဖေါ်ပြခဲ့ပါသည်။ ‘‘ယမန်နေ့နံနက်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် နှင့်တူသော အဖြစ်အပျက်တစ်ခုကိုမျှ အတွေးအခေါ်ပညာရှိများက ပြောဆိုခြင်း၊ ရေးသားမှတ်တမ်းတင်ခြင်း မရှိခဲ့ဖူးပါ။ ကျွန်ုပ်တို့သည် ကြွေသောကြယ်များကိုအနက်ဖွင့်ရန် ကြယ်ကြွေခြင်းအကြောင်းကို နားလည်ဖို့ အခက်အခဲရှိခဲ့လျှင် ပုရောဖက်တစ်ပါးက လွန်ခဲ့သောနှစ်ပေါင်း ၁၈၀၀ ကတည်းက ထိုအကြောင်းကို တိတိကျကျကြိုတင်ဟောကိန်းထုတ်ခဲ့ပါသည်’’ ဟူ၍ဖြစ်၏။HFB 354.2

    ‘‘ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည် တံခါးဝ တိုင်အောင် အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့’’ ဟု တပည့်တော်များအား ခရစ်တော်သတိပေးခဲ့သော ကြွလာခြင်းနှင့်ပတ်သက် သည့် နိမိတ်လက္ခဏာများတွင် အထက်ဖေါ်ပြပါ အကြောင်းအရာသည် နောက်ဆုံးသောနိမိတ်လက္ခဏာဖြစ်သည်။ ကိုယ်တိုင်တွေ့မြင်ခဲ့ရသူများက ထိုအဖြစ်အပျက်ကို ပြုလုပ်တော့မည့် တရားစီရင်ခြင်း၏ရှေ့ပြေးတစ်ခုအဖြစ် မှတ်ယူခဲ့ကြသည်။HFB 355.1

    ၁၈၄၀ ခုနှစ်တွင်လည်း စိတ်ဝင်စားဖွယ် အနာဂတ္တိစကားပြည့်စုံမှု တစ်ခုဖြစ်ခဲ့ပါသည်။ ဂျိုဇိုင်းယားလစ်ခ်သည် ၁၈၄၀ ခုနှစ်၊ ဩဂုတ်လထဲတွင် အော်တိုမင်အင်ပါယာ ကျဆုံးမည့်အကြောင်း ကြိုတင်ဟောကိန်းထုတ်လျက် ဗျာဒိတ်ကျမ်း ၉ ဖွင့်ဆိုချက်ကို နှစ်နှစ်တင်ကြို၍ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ထိုဟောကိန်းထုတ်ထားသည့်အကြောင်း ဖြစ်ပျက်ရန်ရက်အနည်းငယ် အလိုတွင် ‘‘ကွန်စတန်တင်နိုပယ်မြို့ရှိ အော်တိုမင်တန်ခိုးအာဏာသည် ၁၈၄၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကျဆုံးလိမ့်မည်ဟု မြော်လင့်ရသည်’’ ဟု သူရေးသားခဲ့ပါသည်။HFB 355.2