Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သန့်ရှင်းရာဌာနတော်ရှိနိဂုံးချုပ်အမှုတော်

    ရှင်မဿဲခရစ်ဝင် ၂၂ တွင် ဖေါ်ပြထားသောပုံပမာထဲတွင် တရားစီရင်ခြင်းသည် မင်္ဂလာပွဲထက်အလျင်ကျပါသည်။ မင်္ဂလာပွဲ မတိုင်မီ ဘုရင်ကြီးသည် သိုးသငယ်၏အသွေးတော်ဖြင့် ဆေးကြောခြင်းခံရသည့် အနာအဆာကင်းသော စာရိတ္တကို ပုံဆောင်သည့် မင်္ဂလာဆောင်ဝတ်ရုံများကို မင်္ဂလာဆောင်လာသည့် ပုဂ္ဂိုလ်များ ဝတ်၊ မဝတ် ကြည့်ရန် ခန်းမထဲသို့ ရောက်လာပါသည်။ ဗျာ၊ ၇:၁၄။ ထိုဝတ်ရုံဝတ်ထားကြောင်းတွေ့ရသူ အပေါင်းတို့သည် နိုင်ငံတော်ကိုဝင်စားကာ ကိုယ်တော်၏ပလ္လင်ထက်မှာ တစ်နေရာရရန် ထိုက်တန်သည်ဟု သတ်မှတ်ခြင်းခံရပါမည်။ စာရိတ္တ ဆန်းစစ်သော ဤအလုပ်ကို စုံစမ်းစစ်ဆေးရေးဆိုင်ရာတရားစီရင်ခြင်းဟု ခေါ်ပါသည်။ ဤအရာသည် အထက် သန့်ရှင်းရာဌာနတော်၏နိဂုံးချုပ် လုပ်ဆောင်ရမည့် အမှုတော်လည်းဖြစ်သည်။HFB 459.1

    ခေတ်အဆက်ဆက်အသက်ရှင်နေထိုင်ခဲ့ကြသော ခရစ်ယာန်များ၏ အမှုကိစ္စများကို စုံစမ်းစစ်ဆေးကာ ဆုံးဖြတ်ချက်ချပြီးသောအချိန်တွင် ကရုဏာ တံခါးပိတ်ပါသည်။ ‘‘အသင့်ရှိသော သတို့သမီးတို့သည် လုလင်နှင့်တကွ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏’’ ဟူသောစာကြောင်းတိုကလေးဖြင့် ကျွန်ုပ်တို့ကို လူသားများ၏ ကယ်တင်ခြင်းဆိုင်ရာအမှုတော် အဆုံးသတ်သည့် အချိန်အထိ ကိုယ်တော်ရှင်ပို့ဆောင်ထားပါသည်။HFB 459.2

    လောကသန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်မင်းကြီးသည် အပြစ်ဖြေရာနေ့၌ အသန့်ရှင်းဆုံးအခန်းထဲသို့ ဝင်သွားသော အချိန်မှာ ပထမအခန်းရှိ အမှုတော်လုပ်ငန်းများ ရပ်စဲသွားခဲ့သည်။ ထိုနည်းအတူ ခရစ်တော်၏ ကောင်းကင်သန့်ရှင်းရာဌာနတော်တွင် ဆောင်ရွက်နေသောအမှုတော်သည်လည်းဖြစ်၏။ ခရစ်တော်သည် ကြားဖျန်ဖြေသူအဖြစ် မိမိလုပ်ဆောင်ရမည့် အမှုတော်၏ အပိုင်းတစ်ပိုင်း ကိုသာ ပြီးစီးသေးသည်ဖြစ်ရာ ကျန်သေးသည့်ကဏ္ဍများကို ဆက်လက် ဆောင်ရွက်ရပေဦးမည်။ ကိုယ်တော်ရှင်သည် ခမည်းတော်ဘုရားသခင် ရှေ့မှောက်တွင် အပြစ်သားများကိုယ်စား မိမိအသွေးတော်အားဖြင့် အသနားခံဆဲဖြစ်တော်မူ၏။HFB 459.3

    နှစ်ပေါင်း ၁၈၀၀ လုံးလုံး ဘုရားသခင်ထံချဉ်းကပ်နိုင်သည့် မြော်လင့်ခြင်းတံခါးနှင့် ကရုဏာတံခါးများသည် ယခုတွင် ပိတ်သွားခဲ့ပြီ ဆိုသည်မှာ မှန်သော်လည်း အခြားတံခါးတစ်ခုကိုဖွင့်ထားပေးခဲ့သည်။ အသန့်ရှင်းဆုံးအခန်းတွင်ဆောက်ရွက်နေသော ခရစ်တော်၏ ကြားဖျန်ဖြေရေးဆိုင်ရာ အမှုတော်အားဖြင့် အပြစ်လွှတ်ခြင်းအခွင့်ကို ပေးတော်မူနေပါသည်။ လူသားများကိုယ်စား ခရစ်တော်ဆောင်ရွက်နေသော အထက်သန့်ရှင်းရာဌာနတော်သို့ ကျွန်ုပ်တို့ချဉ်းကပ်နိုင်ရန် တံခါးဖွင့်ထားဆဲ ဖြစ်ပါသည်။HFB 460.1

    ‘‘သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏တံခါးသော့ကို ကိုင်သောသူ၊ အဘယ်သူမျှ မပိတ်နိုင်အောင်ဖွင့်၍ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ’’ ဟူ၍ ဗျာ၊ ၃:၇-၈ တွင်ဖွင့်ဆိုထားသည့် ခရစ်တော်စကားများ၏ ဆိုလိုရင်းကို ယခုတွင်တွေ့မြင်ကြရပါသည်။ HFB 460.2

    အပြစ်ဖြေရာမဟာလုပ်ဆောင်မှုတွင် ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏ နောက်တော်သို့လိုက်နေသူများသည် ကြားဖျန်ဖြေမှု၏ အကျိုးကို ခံစားကြရကာ ငြင်းပယ်သူများမှာမူကား၊ ထိုအကျိုးကို မခံစားကြရချေ။ ခရစ်တော်ကိုကယ်တင်ရှင်အဖြစ် လက်မခံသော ယုဒများသည် ကိုယ်တော်အားဖြင့်ရသော အပြစ်လွှတ်ခြင်းအခွင့်ကို မခံစားကြ ရချေ။ ကောင်းကင်နိုင်ငံတော်သို့ တက်ကြွသွားသော ခရစ်တော်သည် တပည့်တော်များအပေါ် ကြားဖျန်ဖြေခြင်းဆိုင်ရာ ကောင်းချီးများကိုချပေးရန် ကောင်းကင် သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်သောအချိန်တွင် ယုဒများမှာ အကျိုးမဲ့ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သကာများကို ဆက်လက်လုပ်ဆောင်လျက် အမှောင်ထုထဲတွင် ရှိနေကြဆဲဖြစ်ပါသည်။ ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်ရန် လူသားများကနဦးက တွေ့ထားသည့်တံခါးသည် မဖွင့်တော့သော်လည်း ယုဒများသည် ကိုယ်တော်ရှင်ကိုတွေ့နိုင်မည့် တစ်ခုတည်းသောလမ်းတည်းဟူသော ကောင်းကင်သန့်ရှင်းရာဌာနတော်မှ တစ်ဆင့် ရှာဖွေရန်နည်းလမ်းကို ငြင်းပယ်ခဲ့ကြသည်။HFB 460.3

    မယုံကြည်သောယုဒများသည် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ် မင်းကြီး၏ အမှုတော်ကို မသိကျိုးကျွန်ပြုလိုသော၊ မယုံကြည်၍ ဂရုမထားတတ်သောခရစ်ယာန်များကို ပုံဆောင်ပါသည်။ ပုံဆောင်ကျင်းပသော ဤအခမ်းအနားတွင် ယဇ်ပုရောဟိတ်မင်းကြီး အသန့်ရှင်းဆုံးအခန်းထဲသို့ ဝင်သွားသောအချိန်၌ ဣသရေလအမျိုးသားအပေါင်းတို့သည် အပြစ်လွှတ်ခွင့် ရရှိစေရန်အလို့ငှာ ဘုရားသခင့်ရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချကာ ဗိမာန်တော်၌ စုဝေးနေကြရပါသည်။ ပုံဆောင်ခြင်းခံရသော ဤအပြစ်ဖြေရာ နေ့ကြီးတွင် ထမ်းဆောင်နေသည့် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းကြီး၏ အမှုတော်အကြောင်းကို နားလည်သဘောပေါက်ကာ မိမိလုပ်ဆောင်ရမည့် တာဝန်များကို သိရှိရန်မှာ ပို၍အရေးပါလှသည်မဟုတ်ပါလား။HFB 461.1

    နောဧအချိန်က သတင်းစကားတစ်ခုကို ကောင်းကင်ဘုံမှ ဤလောကသို့ ပေးပို့ခဲ့သည်။ လူသားများ၏ကယ်တင်ခြင်းသည် ထိုသတင်း စကားအပေါ် ပြုမူဆက်ဆံပုံအပေါ်တွင် မူတည်ခဲ့သည်။ ကမ္ဘာဦး ၆:၆-၉။ ဟေဗြဲ ၁၁:၇။ သောဒုံအချိန်တွင်လည်း လောတနှင့်သူ၏သမီးနှစ်ယောက်မှ လွဲ၍ ကျန်လူအပေါင်းတို့သည် ကောင်းကင်မှကျလာသောမီးအားဖြင့် လောင်ကျွမ်းကာ သေကြေပျက်စီးခဲ့ကြ၏။ ကမ္ဘာဦး (၁၉) ခရစ်တော်အချိန် ကလည်း ထိုနည်းနှင်နှင်ဖြစ်ခဲ့ပါသည်။ ခရစ်တော်က မယုံကြည်သောယုဒ များအား ‘‘သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏’’ ဟု မိန့်ဆိုခဲ့သည်။ မဿဲ ၂၃:၃၈။ ခရစ်တော်သည် ကပ်ကာလအဆုံးတိုင်အောင် မျှော်ကြည့်ကာ ‘‘ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ သမ္မာတရား၌ မွေ့လျော်သောစိတ်ကိုမခံယူ’’ တတ်သည့် ထိုသူများနှင့်ပတ်သက်၍ မိန့်ဆို သည်မှာ ‘‘ထိုကြောင့် သမ္မာတရားကိုမယုံဘဲ မတရားသောအမှု၌ မွေ့လျော်သူ အပေါင်းတို့သည်---မုသားစကားကိုယုံစိမ့်သောငှာ မိစ္ဆာဒိဋ္ဌိပြုပြင်အားထုတ် ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်’’ ဟူ၍ဖြစ်၏။ ၂သက်၊ ၂:၁၀-၁၁။ ထိုသူများသည် နှုတ်ကပတ်တော်၏သွန်သင်ချက်များကို ငြင်းဆန်သော အချိန်တွင် ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်ကို ထိုသူတို့ ထံမှ ရုပ်သိမ်းကာ ၎င်းတို့ကို ၎င်းတို့မြတ်နိုးသောလှည့်ဖြားမှုများတွင် ပစ်ထားတော်မူခဲ့သည်။ သို့ရာတွင် ခရစ်တော်သည် လူသားများကိုယ်စား ကြားဖျန်ဖြေခြင်းအမှုကို ထမ်းဆောင်ဆဲဖြစ်ပြီး ရှာနေသောသူများအား အလင်းကိုပေးတော်မူလိမ့်မည်။HFB 462.1

    ၁၈၄၄ ခုနှစ်၏နောက်ပိုင်းကာလများတွင် မြော်လင့်ခြင်း သတင်းစကားကို ယုံကြည်သူများသည် ကြီးကျယ်သောစုံစမ်းခြင်း များနှင့်ရင်ဆိုင်ခဲ့ကြရပါသည်။ အထက်သန့်ရှင်းရာဌာနတော်သို့ စိတ်နှလုံး ရောက်သွားစေသည့် အလင်းတရားကြောင့်သာ သူတို့စိတ်သက်သာမှု ရရှိခဲ့ ကြသည်။ ဆုတောင်း၍ စောင့်ဆိုင်းနေစဉ်မှာပင် ၎င်းတို့၏ ယဇ်ပုရောဟိတ် မင်းသည် အခြားအမှုတော်တစ်ခုကို ထမ်းဆောင်နေကြောင်း သူတို့တွေ့မြင် ခဲ့ရပါသည်။ ကိုယ်တော်နောက်သို့ ယုံကြည်ခြင်းအားဖြင့် လိုက်လျှောက်သဖြင့် အသင်းတော်၏နိဂုံးချုပ်အမှုတော်ကိုလည်း သူတို့မြင်တွေ့ခဲ့ကြရပါသည်။ သူတို့ သည် ပထမနှင့် ဒုတိယကောင်းကင်တမန်များ၏ သတင်းစကားများကို ကောင်းမွန်စွာနားလည်ကြပြီးဖြစ်ရာ ဗျာ၊ ၁၄ တွင် ဖေါ်ပြသော တတိယ ကောင်းကင်တမန်၏ သတင်းစကားကို လက်ခံရန် အဆင်သင့်ရှိနေကြချေပြီ။HFB 462.2

    *****