Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ဘုရင်တကာတို့၏ဘုရင်ကြီးပေါ်ထွန်းလာခြင်း

    ခရစ်တော်ကြွလာမည့်နေ့ရက်နာရီကို ကြေညာနေသည့် ဘုရားသခင်၏အသံတော်ကို ကြားနေရပါသည်။ ဘုရားသခင်၏သားသမီး များသည် ရပ်၍နားထောင်နေကြပါသည်။ ၎င်းတို့၏မျက်နှာများ၌လည်း ကိုယ်တော်၏ဘုန်းရောင်ခြင်များထွန်းတောက်နေပါသည်။ မကြာမီမှာပင် အရှေ့အရပ်တွင် မိုးတိမ်အမည်းကလေးတစ်ကွက် ပေါ်လာပါသည်။ ထိုအရာမှာ ခရစ်တော်အားဝန်းရံထားသောမိုးတိမ်ဖြစ်သည်။ ထိုမိုးတိမ်ကလေးသည် တဖြည်းဖြည်းချင်း ကပ်လာသည်ကို တိတ်ဆိတ်စွာဖြင့် သူတို့ကြည့်နေကြ ပါသည်။ အဆုံးတွင် ထိုအရာကလေးသည် လောင်ကျွမ်းသောမီးလျှံများကဲ့သို့ တောက်ပနေသောဘုန်းရောင်ခြည်တော်ကို အခြေပြုကာ ပဋိညာဉ်သက်တံက ရစ်ပတ်ခြင်းပြုထားသည့် တိမ်တိုက်အဖြူကြီးဖြစ်နေသည်ကို တွေ့ရပါသည်။ ယေရှုသည် ယခုတွင် ဝမ်းနည်းသောလူသားအသွင်ဖြင့် မဟုတ်ဘဲ အောင်ပွဲဆင်သည့်အင်အားကြီးသူတစ်ပါးအဖြစ် ကြွလာချေပြီ။ ထောင်သောင်းသိန်းသန်းမကသော ကောင်းကင်တမန်များက ကိုယ်တော်အား ခြံရံထားကြပါသည်။ ဘုန်းသရဖူဆောင်းထားသည့် ကယ်တင်ရှင်၏မျက်နှာ တော်သည် မွန်းတည့်နေရောင်ခြည်ပမာ တောက်ပနေပါသည်။ ‘‘ဘုရင်တို့၏ ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌လည်းကောင်း၊ ပေါင်တော်၌လည်းကောင်း ရေးထားလျက်ရှိသည်။’’ ဗျာဒိတ် ၁၉:၁၆။HFB 697.1

    ဘုရင်တကာတို့၏ဘုရင်ကြီးသည် ဘုန်းမီးလျှံများနှင့် ရစ်ပတ် ထားသည့် မိုးတိမ်ပေါ်သို့ကြွဆင်းတော်မူရာ ကမ္ဘာသူကမ္ဘာသားများသည် ကိုယ်တော်၏ရှေ့မှောက်တွင် ကြောက်ရွံ့တုန်လှုပ်နေကြပါသည်။ ‘‘ငါတို့၏ ဘုရားသခင်ကြွလာတော်မူ၏။ တိတ်ဆိတ်စွာ နေတော်မမူ။ ရှေ့တော်၌ မီးလောင်လျက် ပတ်ဝန်းကျင်၌ မိုးသက်မုန်တိုင်းပြင်းထန်လျက်ရှိ၏။ မိမိ လူတို့ကို စစ်ကြောစီရင်ခြင်းအလို့ငှာ အထက်ကောင်းကင်ကိုလည်းကောင်း၊ မြေကြီးကိုလည်းကောင်း ခေါ်တော်မူ၏။’’ ဆာလံ ၅၀:၃-၄။HFB 698.1

    ‘‘လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေးသူကြွယ်၊ ခွန်အားကြီး သောသူမှစ၍ ကျွန်များ၊ လူလွတ်များအပေါင်းတို့သည် မြေတွင်း၌ လည်းကောင်း၊ တောင်ပေါ်မှာရှိသောကျောက်များ၌လည်းကောင်း ပုန်းရှောင်လျက်နေ၍ ထိုတောင်များ၊ ကျောက်များတို့ကို ငါ့တို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူ၏မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကိုကွယ်ကာ၍ ငါတို့ကိုဖုံးအုပ်ကြပါ။ အမျက်တော်ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်း။’’ ဗျာဒိတ် ၆:၁၅-၁၇။HFB 698.2

    ပြက်ရယ်ပြုသံများလည်း တိတ်ကုန်ပြီ။ လိမ်တတ်သော ပါးစပ်များလည်း ပိတ်ကုန်ပြီ။ ဆုတောင်းသံနှင့် ငိုကြွေးသံမှလွဲ၍ မည်သည့်အသံကိုမျှ မကြားရတော့ချေ။ ၎င်းတို့စော်ကားခဲ့သည့် ခရစ်တော်နှင့် မျက်နှာချင်းမဆိုင်ရဲကြတော့သဖြင့် ကျောက်များတွင် မြုပ်နှံပေးဖို့ သူတို့ ဆုတောင်းနေကြပါသည်။ သေလွန်သူများသည် မိမိတို့၏နားထဲသို့ ထိုးဖေါက် ဝင်ရောက်လာသောအသံကို သိထားပါသည်။ နူးညံ့သောအသံဖြင့် နောင်တရဖို့ ၎င်းတို့အား မကြာခဏပြောဆိုခဲ့သည့် ကယ်တင်ရှင်၏အသနားခံသံများကို ၎င်းတို့မကြာခဏ ကြားခဲ့ရပါသည်။ ၎င်းတို့မလေးမစားလုပ်ခဲ့သည့် သတိပေး စကားများနှင့် ငြင်းပယ်ခဲ့သောဖိတ်ခေါ်မှုများကို ထိုအသံက ပြန်၍သတိရ စေပါသည်။HFB 699.1

    ထိုနေရာတွင် ကပ်တိုင်အတင်ခံထားရသည့် ခရစ်တော်အား ပြက်ရယ် ပြုသူများရှိနေပါသည်။ ‘‘နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ျာ ဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ကြွလာသည်ကို သင်တို့မြင်ရကြလတ္တံ့’’ (မဿဲ ၂၆:၆၄) ဟူသောမိန့်ဆိုချက်အတိုင်း ဘုန်းတော်နှင့်ထင်ရှားသောကိုယ်တော်ကို ၎င်းတို့တွေ့မြင်ရသည်သာမက ဘုရားသခင်၏လက်ျာဘက်တွင်ထိုနေသည် ကိုလည်းမြင်တွေ့ကြရလိမ့်ဦးမည်။ ထိုနေရာတွင် ခရစ်တော်၏ဘွဲ့နာမတော်ကို ပြက်ရယ်ပြုခဲ့သည့် မိုက်မဲသောဟေရုဒ်မင်းလည်း ရှိနေပါသည်။ ကိုယ်တော်ရှင်၏ခေါင်းပေါ်တွင် ဆူးဦးရစ်သရဖူကို ဆောင်းပေးခဲ့သူများနှင့် ကိုယ်တော်အား သံလျက်အတုပေးခဲ့သူများ၊ ကိုယ်တော့်ရှေ့တွင် ပြက်ရယ်ပြုကာ ပျပ်ဝပ်ခဲ့သူများ၊ ကိုယ်တော်အား တံတွေးနှင့်ထွေးခဲ့သူများ လည်း ထိုနေရာတွင် ရှိနေကြပါသည်။ ၎င်းတို့သည် ကိုယ်တော်ထံမှထွက်ပြေးရန် ကြိုးစားနေကြသည်။ ကိုယ်တော်၏ ခြေထောက်နှင့် လက်ဖဝါးများ၌ သံမှိုနှင့်ရိုက်ခဲ့သူများသည် ကိုယ်တော်၏ လက်နှင့်ခြေထောက်များတွင်ရှိသည်။ အနာရွတ်များကို ကြောက်ရွံ့တုန်လှုပ် စွာဖြင့် ကြည့်မြင်ခဲ့ကြပါသည်။HFB 699.2

    ‘‘ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။ ကိုယ်ကို မကယ် တင်နိုင်ပါတကား’’ ဟု မိမိတို့ဝမ်းသာအားရ ပြက်ရယ်ပြုခဲ့ကြသည့် ကရာနီကုန်းအဖြစ်အပျက်များကို ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲ များလည်း ရှင်းရှင်းလင်းလင်းပြန်လည်မြင်ယောင် နေကြပါသည်။ ယေရုရှလင် မြို့တစ်ခွင်မှာ လူတိုင်းကြားသာအောင် ကြွေးကြော်ခဲ့ကြသည်။ ‘‘ထိုသူသည် လက်ဝါးကပ်တိုင်မှာရိုက်ထားခြင်းကို ခံပါလေစေ’’ ဆိုသည့် အသံထက် ‘‘ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏’’ ဆိုသည်အသံက ပို၍ကျယ်လောင်နေပါသည်။ ထိုကြောင့် ထိုသူတို့သည် ဘုရင်တကာတို့၏ ဘုရင့်ရှေ့တော်မှထွက်ပြေးရန် ကြိုးစားနေကြပါသည်။HFB 700.1

    သမ္မာတရားကိုငြင်းပယ်သည့် လူအပေါင်းတို့၏အသက်တာတွင် ဩတ္တပ္ပစိတ်နိုးကြားသောအချိန်များရှိတတ်သလို စိတ်ထိခိုက်စရာကောင်းသည့် သံဝေဂရစရာများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသည့်အချိန်များလည်း ရှိတတ်ပါသည်။ သို့ရာတွင် ထိုနေ့ကြီးတွင် ရရှိသည့်သံဝေဂစိတ်ကို မည်သည့် အရာနှင့်မျှ နှိုင်းယှဉ်လို့မရပါချေ။ ကြောက်ရွံ့တုန်လှုပ်နေရသည့်ကြားတွင် ‘‘ဤအရှင်ကား ငါတို့မြော်လင့်သော ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်’’ ဟူသော သန့်ရှင်းသူများ၏ကြွေးကြော်သံ ကိုလည်း သူတို့ကြားနေရပါသည်။ ဟေရှာ၊ ၂၅:၉။HFB 700.2

    သားတော်ဘုရားသည် ခရစ်တော်၌အိပ်ပျော်နေသော သန့်ရှင်းသူများကို နိုးထစေတော်မူပါသည်။ ကိုယ်တော်၏အသံတော်ကို ကြားသည့်လူမျိုး အသီးသီးမှ သေလွန်သူများသည် အသက်ရှင်ခြင်းသို့ ဝင်စားကြလိမ့်မည်။ သေခြင်း၏အကျဉ်းထောင်မှထွက်လာကာ မသေနိုင်တော့သည့်ဘုန်းနှင့် ရစ်ပတ်ခြင်းခံရသည့်ထိုသူများက ‘‘အိုသေမင်း၊ သင်၏လက်နက်သည် အဘယ်မှာရှိသနည်း။ အိုမရဏာနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာ ရှိသနည်း’’ ဟု ဟစ်ကြွေးကြပါသည်။ ၁ကော၊ ၁၅:၅၅။HFB 701.1

    သူတို့အားလုံးသည် ၎င်းတို့အားမြေမြုပ်သင်္ဂြိုဟ်စဉ်အချိန်က ကိုယ်ခန္ဓာအချိုးအစားအတိုင်း သေခြင်းမှထမြောက်လာကြပါသည်။ သို့ရာတွင် ထာဝရနုပျိုသူများ၏လန်းဆန်းမှု၊ လူငယ့်အားမာန်တို့နှင့် ပြည့်စုံစွာထမြောက် လာကြခြင်းဖြစ်သည်။ ခရစ်တော်သည် ပျောက်ဆုံးနေသူများအား နဂိုမူရင်း အခြေအနေသို့ပြန်လည်ပို့ဆောင်ရန် ကြွလာတော်မူခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဒုစရိုက်နှင့် ပြည့်ဝသောခန္ဓာကိုယ်ကို ၎င်း၏ဘုန်းတော်နှင့်ပြည့်စုံသော ခန္ဓာကိုယ်နှင့်တူသွားအောင် ပြုပြင်တော်မူလိမ့်မည်။ အပြစ်နှင့်ညစ်ညူးခဲ့သော သေတတ်၊ ပုတ်ပျက်တတ်သောခန္ဓာကိုယ်ကြီးသည် စုံလင်လှ၍ မသေနိုင်သော အဖြစ်သို့ ရောက်ရှိလာပါသည်။ အပြစ်အနာအဆာနှင့် အားနည်းမှုများသည် သင်္ချိုင်းထဲတွင် ကျန်ရစ်ခဲ့ချေပြီ။ ကယ်တင်ခြင်းခံရသောထိုသူများသည် ကမ္ဘာဦးအချိန်ကဘုန်းမျိုးနှင့်ပြည့်စုံသောအသက်တာအထိ ကြီးပွားအသက်ရှင် ကြလိမ့်မည်။ အပြစ်၏ကျိန်ခြင်းနှင့်ပတ်သက်သည့် လက္ခဏာအားလုံးသည် ရွေ့လျားသွားကြချေပြီ။ ခရစ်တော်၏ သစ္စာရှိ၏တပည့်တော်များ၏မှာမူ ကိုယ်တော်၏စုံလင်သောရုပ်လုံးတော်ကို ၎င်းတို့၏ကိုယ်စိတ်နှလုံးသုံးပါးစလုံးတို့တွင် ရောင်ပြန်ဟပ်နေကြလိမ့်မည်။HFB 701.2

    အသက်ရှင်လျက်ရှိသော သန့်ရှင်းသူများမှာမူ မျက်စိတစ်မှိတ် လျှပ်တပြက်အတွင်းမှာပင် ပြောင်းလဲသွားကြလိမ့်မည်။ ထာဝရဘုရား၏ အမိန့်တော်အားဖြင့် ၎င်းတို့သည် မသေနိုင်သည့်ဘဝသို့ရောက်သွားကာ အာကာသကောင်းကင်ယံတွင် ခရစ်တော်အား ဖူးမြော်ရန် စုသိမ်းခြင်းခံကြရ လိမ့်မည်။ ကောင်းကင်တမန်များသည် ‘‘ရွေးချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးကြလတ္တံ့။’’ မဿဲ ၂၄:၃၁။ ကလေးငယ်များကိုလည်း မိခင်များလက်ထဲသို့ ပြန်၍အပ်တော်မူလိမ့်မည်။ သေခြင်းကြောင့် ကွဲကွာသွားသောမိတ်ဆွေ များလည်း ပြန်လည်တွေ့ဆုံကြလိမ့်မည်။ မည်သည့်အခါမျှ ခွဲခွာခြင်း မရှိတော့ဘဲ ဝမ်းမြောက်ဖွယ်သီချင်းများကိုဆိုလျက် ရွှေမြို့တော်ဆီသို့ တက်ကြွ သွားကြပါသည်။HFB 702.1

    Larger font
    Smaller font
    Copy
    Print
    Contents