Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကောင်းကင်တမန်များကစောင့်ကြည့်နေခြင်း

    ကောင်းကင်တမန်များသည် ခရစ်တော်၏နှုတ်တော်ထွက် စကားများကို စောင့်ရှောက်သူများ၏ပတ်လည်တွင် တပ်ချစောင့်ကြပ် နေကြပါသည်။ ထိုကောင်းကင်သားများသည် သားသမီးများခံစားနေရသော ဒုက္ခကိုမြင်တွေ့ကြရုံသာမက ဆုတောင်းသံများကိုလည်း ကြားနေကြပါသည်။ ထိုကြောင့် သားသမီးတို့ကိုကယ်တင်ရန် ခရစ်တော်၏အမိန့်ကို သူတို့စောင့်နေ ကြပါသည်။ ကိုယ်တော်၏သားသမီးများသည် ဒုက္ခခွက်ဖလားကိုသောက်ကာ ဗတ္တိဇံခံကြရဦးမည်ဖြစ်သဖြင့် ထိုကောင်းကင်တမန်များသည် အနည်းငယ် စောင့်ကြရဦးမည်ဖြစ်သည်။ (မဿဲ ၂၀:၂၀-၂၃)။ သို့စေကာမူ ရွေးကောက်ခြင်း ခံရသူများ၏အကျိုးအလို့ငှာ ဒုက္ခဆင်းရဲခြင်းကာလကို လျော့ပေးတော် မူလိမ့်မည်ဖြစ်သဖြင့် ကပ်ကာလအဆုံးသည် လူသားများထင်သည်ထက် စောပါလိမ့်မည်။HFB 687.1

    ပညတ်တော်ကိုစောင့်ရှောက်သူများအား ကွပ်မျက်ရမည့်အချိန်ကို အကြမ်းဖျင်းအားဖြင့် သတ်မှတ်ထားပြီးဖြစ်သော်လည်း အချို့တို့သည် လက်ဦးမှုကိုရယူကာ အချိန်မတိုင်မီ ကွပ်မျက်ပစ်ရန် ကြိုးစားကြလိမ့်မည်။ သို့သော် စောင့်ကြပ်နေသည့် ကောင်းကင်တမန်များကို ကျော်လွှားကာ မည်သည့်ယုံကြည်သူကိုမျှ သူတို့မကွပ်မျက်နိုင်ကြချေ။ မြို့ကြီးများမှထွက်ပြေးလာကြသည့် အချို့ယုံကြည်သူများသည် အတိုက်အခိုက် ခံကြရမည်ဖြစ်သော်လည်း ၎င်းတို့အားခုတ်ရန် မြှောက်လိုက်သောဓါးများသည် ကောက်ရိုးများကဲ့သို့ ကျိုးပဲ့ကုန်ကြလိမ့်မည်။ အချို့မှာမူ စစ်သည်အသွင် ဆောင်ထားသည့် ကောင်းကင်တမန်များ၏ကာကွယ်မှုကို ခံကြရလိမ့်မည်။HFB 687.2

    ကောင်းကင်သားများသည် လူသားများ၏အရေးကိစ္စတွင် ခေတ်အဆက်ဆက်ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ ၎င်းတို့သည် လူသားများ၏ ဧည့်ခံကျွေးမွေးမှုကို လက်ခံခဲ့ကြသလို ဘုမသိဘမသိ ခရီးသွားများကိုလည်း လမ်းပြအဖြစ်ဆောင်ရွက်ပေးခဲ့ကြပါသည်။ ဘရား၏အမှုတော်ဆောင်များအား ချုပ်နှောင်ထားသည့် အကျဉ်းထောင်တံခါးများကို ဖွင့်ပေးခဲ့ကြသလို ခရစ်တော်၏သင်္ချိုင်းဂူဝကိုပိတ်ထားသည့် ကျောက်တုံးကြီးကိုလည်း ရွှေ့ပေးခဲ့ကြပါသည်။HFB 688.1

    ဆိုးယုတ်သောသူများသည် ဘုရား၏သည်းခံခြင်းနယ်နိမိတ်ကို ကျော်လွန်နေခြင်ရှိ မရှိဆုံးဖြတ်ရန် သောဒုံမြို့သို့သွားခဲ့သလို ဆိုးယုတ်သူများ စုဝေးသည့်နေရာများသို့လည်း ကောင်းကင်သားများလည်ပတ်နေကြပါသည်။ ထာဝရဘုရားသခင်သည် မိမိအားကိုးကွယ်သူလူနည်းစု၏မျက်နှာကို ထောက်ထားလျက် ဘေးဒုက္ခများကို ချုပ်ထိန်းထားကာ ငြိမ်သက်သာယာမှုကို တာရှည်စေတော်မူပါသည်။ အပြစ်သားများသည် ၎င်းတို့သုတ်သင်ပစ်ချင်သည့် ထိုသစ္စာရှိလူနည်းစုကလေးအပေါ်တွင် မိမိတို့အကြွေးတင်နေသည်ကို မသိကြ ချေ။HFB 688.2

    ကောင်းကင်တမန်များသည် လောကီကောင်စီအစည်းအဝေးများ တွင်လည်း မကြာခဏပြောရေးဆိုခွင့်ရှိသူများဖြစ်နေကြပါသည်။ လူတို့၏ နားဖြင့် ၎င်းတို့၏တောင်းဆိုသံများကြားနေရသော်လည်း လူတို့၏ပါးစပ်ဖြင့် ၎င်းတို့ပေးသောအကြံများကို ပြက်ရယ်ပြုနေကြပါသည်။ ဒုက္ခရောက်နေသူ များ၏ကိစ္စများတွင် အာဝဇ္ဇန်းရွှင်သောရှေ့နေရှေ့ရပ်များထက် ကောင်းကင် တမန်များက ပို၍ထိရောက်အောင် ကာကွယ်ပြောဆိုနိုင်ကြကြောင်း မိမိကိုယ်မိမိ သူတို့သက်သေပြခဲ့ကြပြီးဖြစ်သည်။ ဘုရားသခင်၏သားသမီး များအား ဒုက္ခပေးခဲ့ကြသော ဒုစရိုက်ကောင်များကိုလည်း သူတို့ဖမ်းဆီးချေမှုန်း ခဲ့ကြပါသည်။HFB 689.1

    ဘုရားသခင်၏သားသမီးများသည် ကြွလာတော့မည့် ၎င်းတို့၏ ဘုရင်ကြီး၏ အရိပ်အယောင်ကို တောင့်တမှုပြင်းပျစွာဖြင့် စောင့်မျှော်နေကြ ပါသည်။ ထိုသူများသည် ဘုရားသခင်ရှေ့မှောက်တွင် အသနားခံကြရာ ကိုယ်တော်သည် ထာဝရနေ့ရက်များ၏ရောင်ခြည်ဦးဖြင့် ထွန်းလင်းပေးတော် မူပါသည်။ ‘‘အမအစများရောက်လာပြီ’’ ဟူသော ကောင်းကင်သားများ၏ သီချင်းသံများကို ၎င်းတို့ကြားရစဉ်တွင် ကောင်းကင်ဂိတ်တ့ခါးပွင့်ဟလာကာ ‘‘ငါသည် သင်တို့နှင့်အတူရှိနေတော်မူတယ်။ မကြောက်ကြနှင့်။ တိုက်ပွဲတွင် သင်တို့ကိုယ်စား ငါတိုက်ပေးနေတယ်။ သင်တို့ဟာ ငါ၏နာမတော်အားဖြင့် အောင်မြင်သူများထက် ကြီးမြတ်သူများ ဖြစ်လာကြလိမ့်မယ်’’ ဟု ခရစ်တော် မိန့်ဆိုသည်ကိုလည်း သူတို့ကြားကြရပါသည်။HFB 689.2

    ကျွန်ုပ်တို့အကူအညီလိုအပ်သည့်အချိန်တွင် ထာဝရဘုရားသည် အကူအညီပေးတော်မူလိမ့်မည်။ ဒုက္ခဆင်းရဲခြင်းကာလသည် ဘုရားသခင်၏ သားသမီးများအတွက် ကြောက်စရာကာလတစ်ခုဖြစ်သည်မှာ မှန်သော်လည်း ကတိတော်ဖဲကြိုးသည် ယုံကြည်သူတိုင်း အား ဝန်းရံကာဆီးထားသည်ကို ယုံကြည်ခြင်းအားဖြင့် သူတို့မြင်တွေ့နိုင်ကြ ပါသည်။ ‘‘ထာဝရဘုရားကယ်လွှတ်တော်မူသောသူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ တာဝရဝမ်းမြောက်ခြင်းသရဖူကိုဆောင်းလျက် ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကိုရကြ၍ ဝမ်းနည်း ခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်။’’ ဟေရှာ၊ ၅၁:၁၁။HFB 689.3

    အကယ်၍သာ ခရစ်တော်အကြောင်းသက်သေခံသူများ၏ အသွေးကို ဤအချိန်တွင် သွန်းစေခဲ့မည်ဆိုလျှင် ၎င်းတို့၏ဘုရားတရားရှိမှုသည် အခြားသူများအား သမ္မာတရားကိုသဘောပေါက်စေမည့် သာဓကတစ်ခု ဖြစ်နိုင်တော့မည်မဟုတ်ချေ။ အကြောင်းမှာ အသဲမာသူများသည် ကရုဏာတော် လှိုင်းကို တစ်ဖန်ပြန်မလာနုင်တော့သည်အထိ တွန်းလှန်ကန်ထုတ်ခဲ့ပြီး ဖြစ်သည်။ အကယ်၍သာ ထိုဖြောင့်မတ်သူများသည် ဤအချိန်တွင် ရန်သူများ၏သားကောင် ဖြစ်ခဲ့ကြမည်ဆိုလျှင် ထိုအရာသည် စာတန်အတွက် အောင်ပွဲတစ်ခုဖြစ်သွားပေလိမ့်မည်။ ‘‘ငါ့လူတို့၊ လာကြ၊ အတွင်းအခန်းထဲသို့ ဝင်၍ သင်တို့ကိုကွယ်ကာသောတံခါးများကို ပိတ်ထားကြ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာပုန်းရှောင်၍နေကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မြေကြီးသားတို့ကို သူတို့ဒုစရိုက်ကြောင့် အပြစ်ပေး လိုသောငှာ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏။’’ ဟေရှာ၊ ၂၆:၂၀-၂၁။HFB 690.1

    ကိုယ်တော်၏ကြွလာခြင်းကို သည်းခံလျက်စောင့်မျှော်နေသူများနှင့် အသက်စာစောင်တွင် စာရင်းပါသောသူများ၏ လွတ်မြောက်ခြင်းသည် အလွန်မင်္ဂလာရှိပေလိမ့်မည်။HFB 690.2

    *****