Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူးသာအား ဘာသာရေးဖေါက်ပြန်ရေးသမားဟုစွပ်စွဲခြင်း

    အော်လင်းဒါးသည် စကားပြောကောင်းရုံသာမက ပညာတတ် တစ်ဦးလည်းဖြစ်ရာ ‘‘လူးသာကျူးလွန်ခဲ့သောအမှားများသည် ဘာသာရေး ဖေါက်ပြန်ရေးသမား ထောင်ပေါင်းများစွာကိုပင် မီးလောင်တိုက်သွင်းရန် လုံလောက်သည်’’ ဟု ဖွင့်ဆိုကာ လူးသာအား အသင်းတော်နှင့် နိုင်ငံတော် နှစ်ခုစလုံး၏ ရန်သူတစ်ယောက်အဖြစ် သူချောက်ချခဲ့ပါသည်။HFB 143.2

    ‘‘ဒီလူးသာရဲ့နောက်လိုက်တွေက ဘာကောင်တွေလဲ။ မထီလေးစား လုပ်တတ်တဲ့ ကျောင်းဆရာပေါက်စတွေ၊ စာရိတ္တဖေါက်ပြန်နေတဲ့ရဟန်းတွေ၊ အကျင့်ပျက်တဲ့ရဟန်းပျိုတွေ၊ ငတုံးဥပဒေပညာရှင်တွေနဲ့ ရာထူးကျနေတဲ့ မှူးမတ်တွေမဟုတ်လား။ တို့အသင်းတော်က ဒီလူတွေထက် လူအရေအတွက် မှာကော၊ စွမ်းရည်ဘက်မှာကော၊ အာဏာရှိတဲ့ဘက်မှာကော အစစမှာ သာတယ်။ ထင်ရှားကျော်ကြားတဲ့ ဒီညီလာခံကြီးက တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တဲ့ အမိန့်ဟာ လူရိုးတွေကို အသိဉာဏ်တိုးစေ လိမ့်မယ်၊ မခန့်လေးစား လုပ်တတ်သူတွေကို သတိပေးလိမ့်မယ်၊ ချီတုံချတုံ ဖြစ်နေသူများကို ခိုင်မာသောဆုံးဖြတ်ချက်ချရန် မစလိမ့်မယ်၊ အားနည်းနေတဲ့ သူတွေကို ခွန်အားပေးလိမ့်မယ်။’’ ဟု ထိုသံတမန် ဖွင့်ဆိုခဲ့ပါသည်။HFB 144.1

    နှုတ်ကပတ်တော်ကို ရှင်းလင်းစွာသွန်သင်နေကြသော ယနေ့ခေတ် လူသားများကိုလည်း ထိုကဲ့သို့သောဖွင့်ဆိုချက်မျိုးဖြင့် အတိုက်ခိုက်ခံနေရ ပါသည်။ ‘‘တစ်ခါမှမကြားဖူးတဲ့ယုံကြည်ချက်တွေကို သွန်သင်နေတာ ဘယ်သူတွေလဲ။ သူတို့ကိုကြည့်တော့ စာမတတ်ပေမတတ်၊ လူကလည်းအနည်းစု၊ ပြီးတော့ လူဆင်းရဲတွေလည်းဖြစ်တယ်။ ဒါနဲ့တောင် သူတို့မှာအမှန်တရားရှိတယ်။ သူတို့ဟာ ဘုရားသခင်က ရွေးချယ်ထားတဲ့ လူတွေလို့ပြောသေးတယ်။ စာမတတ်တော့ သူတို့အလိမ်ခံနေရတာပေါ့။ ငါတို့အသင်းတော်က သူတို့ထက် လူဦးရေမှာကော၊ ဩဇာရှိတာမှာကော အများကြီး သာတယ်မဟုတ်လား။’’ လူးသာခေတ်မှာ ဖွင့်ဆိုခဲ့သည့်အရာများနှင့် ဒွိဟဖြစ်စရာ မလိုအောင် တူညီနေကြပါသည်။HFB 144.2

    ရဟန်းမင်း၏ထိုသံတမန်ကို နှုတ်ကပတ်တော်၏ ရှင်းလင်း သဘောပေါက်လွယ်သော သမ္မာတရားဖြင့် နှိမ်နင်းရန် လူးသာသည် ထိုညီလာခံတွင် မရှိသောကြောင့် အများ၏ဆန္ဒမှာ လူးသာနှင့်တကွ သူ၏ ယုံကြည်ချက်များကို ပြစ်ဒဏ်စီရင်ရုံသာမက ဖြစ်နိုင်လျှင် ဖေါက်ပြန်မှုများကို အမြစ်လှန်ပစ်ရန်ဖြစ်သည်။ မိမိတို့၏ လုပ်ဆောင်မှုများ၌ အပြစ်မရှိကြောင်း ရောမအသင်းတော်မှ ပြောလိုသမျှကို ပြောခဲ့ပြီးချေပြီ။ သူတို့သည် တစ်ဖက်နှင့် တစ်ဖက် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ပြောဆိုလာသဖြင့် ယခုအချိန်မှစ၍ အမှန်နှင့်အမှားအကြား ခြားနားမှုကိုပို၍ ထင်ရှားစွာမြင်တွေ့ကြရတော့မည်။HFB 145.1

    ယခုတွင် ဘုရားသခင်သည် ထိုလွှတ်တော်အဖွဲ့မှအဖွဲ့ဝင်တစ်ဦးအား ရဟန်းမင်း၏ နိုင်လိုမင်းထက်နှိပ်စက်ကလူပြုခြင်းများကြောင့် ဖြစ်ပေါ် လာသည့်အချက်များကို ထင်ရှားစေသည့် သရုပ်သကန်မှန်တစ်ခုကို ဖေါ်ပြတော်မူခဲ့သည်။ ဆက္ကဆိုနီမှ မြို့စားကြီးဂျော့သည် ထိုမင်းညီမင်းသား ညီလာခံတွင်ရပ်ထကာ ရဟန်းမင်း၏အဖွဲ့မှ ကျူးလွန်ခဲ့သော လိမ်လည်မှုများ နှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို တစ်ခုချင်းအလိုက် တိတိကျကျ အောက်ပါအတိုင်းဖေါ်ပြခဲ့ပါသည်။HFB 145.2

    ‘‘ရောမအသင်းတော်ကျူးလွန်ခဲ့တဲ့ မတရားမှုတွေကတော့ အသံထွက် နေပါပြီ။ သူတို့ဟာ အရှက်မရှိကြတော့ဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က ငွေရဖို့ တစ်ခုပဲ။ ဒါမျ အမှန်တရားကိုဟောသင့်တဲ့ တရားဟောဆရာတွေဟာ မဟုတ်တာတွေကို ဟောနိုင်ကြမှာပေါ့။ သူတို့ဒီလိုအကြီးအကျယ်လိမ်လို့ အရေးယူမခံရတဲ့အပြင် ဆုတောင်အချခံရသေးတယ်။ လိမ်နိုင်လေ၊ အကျိုးရှိလေဖြစ်နေတယ်။ ညစ်ညမ်းတဲ့ချောင်းရေက ရေညစ်ပတ်တွေပဲရမှာပေါ့။ ဂိုဏ်းချုပ်ဂိုဏ်းအုပ်တွေ ပြောတဲ့ အမနာပစကားတွေဟာ လူဆင်းရဲတော်တော်များများကို ထာဝရပျက်စီးခြင်းဆီ ပို့ပေးနေတယ်။ ဒါကြောင့် အထွေထွေပြုပြင်ပြောင်းလဲ ရေးကို အတည်ပြုလုပ်ဆောင်ကြရမယ်။’’ ထာဝရဘုရား၏ ကောင်းကင်တမန်များသည် မှားယွင်းမှု အမှောင်ထု ကြီးထဲသို့ အလင်းတန်းများကို ထွန်းလင်းလိုက်ကာ သမ္မာတရားကို ကြားနာလက်ခံနိုင်ရန် စိတ်နှလုံးများကိုပြင်ဆင်ပေးကြပါသည်။ သမ္မတရား၏ တန်ခိုးသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ရန်ဘက်ပြုနေသူများကိုပင် ထိန်းချုပ်တော်မူကာ ပြီးစီးလုနီးဖြစ်နေသော ထိုအမှုတော်ကြီးအတွက် လမ်းစဖေါ်ပေးခဲ့ပါသည်။ လူးသာထက်သာ၍ ကြီးမြတ်သော ထာဝရဘုရား၏ အသံတော်ကို ထိုညီလာခံတွင် ကြားခဲ့ကြရပါသည်။ ဂျာမနီလူထုကြီးအပေါ် ဝန်ပိစေခဲ့သည့် ရဟန်းမင်းအဖွဲ့ကျူးလွန်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှုစာရင်း တစ်ခုကိုပြုစုရန် ကော်မတီတစ်ခုကို ဖွဲ့စည်းခန့်အပ်ခဲ့ပါသည်။ ထိုမတရားမှု မားကို ဧကရာဇ်ဘုရင်မှ အရေးယူပြုပြင်ပေးရန် အသနားခံလွှာနှင့်အတူ ထိုစာရင်းကို ဂျာမနီဘုရင်ထံသို့ပို့ရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့လူမျိုးများကို အသရေပျက်အောင်၊ ပျက်စီးဆုံးရှုံးအောင်လုပ်နေတာကိုတားဆီးဖို့ ကျွန်ုပ်တို့မှာ တာဝန်ရှိပါတယ်။ ထိုကြောင့် အထွေထွေပြုပြင်ပြောင်းလဲရေးတစ်ခုကို ဖွဲ့စည်းကာ ပြီးစီးအောင်လုပ်ကိုင်ဆောင်ရွက်ပေးပါရန် အလွန်နှိမ့်ချစွာ အဆောတလျင် ပန်ကြားအပ်ပါသည်’’ ဟု အသနားခံသူများက တင်ပြကြပါသည်။HFB 145.3