Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အဆန့်ကျင်ခံရသောထိုသတင်းစကား

    ခရစ်တော်ကြွလာခြင်းအတွက် တိကျသောအချိန်ကို ကြွေးကြော် ခြင်းကြောင့် လူတန်းစားအလွှာအသီးသီးမှ ပုဂ္ဂိုလ်များနှင့် အသင်းတော်များမှ တရားဟောဆရာများက ကောင်းကင်ကိုအန်တုကာ ဆန့်ကျင်မှုများကိုပြုလုပ်ခဲ့ကြသည်။ မိမိတို့သည် ဒုတိယအကြိမ်ကြွလာခြင်း ဆိုင်ရာယုံကြည်ချက်ကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ တိကျသောအချိန် သတ်မှတ်ခြင်းကိုသာ ဆန့်ကျင်ခြင်းဖြစ်ကြောင်း လူအများကကြွေးကြော် ကြသည်။ သို့ရာတွင် ၎င်းတို့၏စိတ်ထားသဘောမှန်ကို ဘုရားသခင်၏ မျက်ဝန်းတော်ကမြင်တွေ့ပါသည်။ ကမ္ဘာကြီးကို ဖြောင့်မတ်စွာတရားစီရင်ရန် ခရစ်တော်ကြွလာမည်ဆိုသည့်သတင်းကို သူတို့မကြားလိုကြချေ။ ၎င်းတို့၏ အကျင့်များသည် စိတ်နှလုံးကိုစစ်ကြောမည့် ဘုရားသခင်၏ စစ်ဆေးမှုကို ခံနိုင်ကြလိမ့်မည်မဟုတ်ချေ။ ထိုကြောင့် သခင်ဘုရားနှင့်တွေ့ရန် သူတို့ ကြောက်ရွံ့နေကြသည်။ ခရစ်တော်ပထမအကြိမ်ကြွလာစဉ်အချိန်က ယုဒများ ကဲ့သို့ပင် သူတို့သည်လည်း ကိုယ်တော်ကိုကြိုဆိုရန် အဆင်သင့်မဖြစ်ကြ သေးချေ။ ထိုသူများသည် သမ္မာကျမ်းစာမှ ရှင်းလင်းသောဖွင့်ဆိုချက်များကို နာကြားရန် ငြင်းဆိုခဲ့ကြရုံသာမက ခရစ်တော်ကိုစောင့်မြော်နေသူများကိုပင် ပြက်ရယ်ပြုခဲ့ကြပါသည်။ စာတန်သည် ကိုယ်တော့်အပေါ်ယုံကြည်သူများက မေတ္တာပျက်သွားရန်လည်းကောင်း၊ ခရစ်တော်ကြွလာခြင်းကို မလိုလားစေရန် လည်းကောင်း ထေ့လုံးငေါ့လုံးများနှင့် ပြက်ရယ်ပြုခဲ့သည်။HFB 395.2

    ‘‘မည်သူမှ နေ့ရက်၊ နာရီကိုမသိပါချေ’’ ဆိုသည့်စကားရပ်သည် ကြွလာခြင်းယုံကြည်ချက်အပေါ် ငြင်းဆိုသောသူများ၏ အငြင်းစကားများ ဖြစ်သည်။ သမ္မာကျမ်းစာကမူ ‘‘ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။’’ မဿဲ ၂၄:၃၆ ဟု ဆိုထားပါသည်။ ဤကျမ်းချက်၏ပေါ်လွင်သောရှင်းလင်းချက်ကို မြော်လင့်ခြင်းအသင်းသား များက ပေးခဲ့ကြပြီး ဤကျမ်းချက်ကို ကြွလာခြင်းအား ဆန့်ကျင်သူများက မှားယွင်းစွာအသုံးပြုခဲ့ကြသည်မှာ ထင်ရှားလှပါသည်။HFB 396.1

    ကယ်တင်ရှင်၏မိန့်ဆိုချက်တစ်ခုကို မိန့်ဆိုချက်တစ်ခုက မဖျက်ဆီးတန်ရာ။ မည်သူမှ ကိုယ်တော်ရှင်ကြွလာမည့်အချိန်နာရီကို မသိနိုင် သည်မှာ မှန်သော်လည်း ကြွလာချိန်နီးကပ်နေကြောင်းကိုတော့ သိဖို့ လိုပါသည်။ ခရစ်တော်ကြွလာမည့်အချိန်နီးကပ်ကြောင်း သိဖို့ရန် လျစ်လျူရှုခြင်းသည် နောဧခေတ်ကလူသားများ၊ ရေလွှမ်းမိုးမည့်အချိန်ကို သိရန် မကြိုးစားခြင်းနှင့်တူနေပေမည်။ ‘‘စောင့်၍မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ငါလာမည်။’’ လာမည့်အချိန်နာရီကိုလည်း သင်မသိရ’’ ဟု ခရစ်တော်မိန့်မှာထားပါသည်။ ဗျာ၊ ၃:၃။HFB 397.1

    ခရစ်တော်၏ သတိပေးစကားကို လက်ခံသောသူတို့အား ရှင်ပေါလုက ‘‘ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ရောက်လာမည့် အကြောင်း သင်တို့သည် မှောင်မိုက်၌နေကြသည်မဟုတ်။ သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။’’ ၁သက်၊ ၅:၂-၅။HFB 397.2

    သို့ရာတွင် အမှန်တရားကိုငြင်းဆန်ရန် ဆင်ခြေပေးသူများသည် ဤရှင်းလင်းတင်ပြချက်ကိုမကြားနိုင်ရန် နားကိုပိတ်ထားပြီး ‘‘မည်သူမျှ ထိုအချိန်နာရီကိုမသိပါ’’ ဟူ၍သာ တွင်တွင်အော်နေကြပါသည်။ ထိုသူများတွင် အခြားပြက်ရယ်ပြုသူများနှင့်အတူ အော်ဟစ်နေသောတရားဟောဆရာများပင် ပါဝင်ကြပါသည်။ လူတို့က ကယ်တင်ခြင်းရနိုင်မည့် နည်းလမ်းများကို မေးမြန်းလာသောအခါ ဘာသာရေးဆရာများသည် နှုတ်ကပတ်တော်ကို မှားယွင်းစွာအနက်ဖွင့်ခြင်းဖြင့် လူတို့ထံမှ အမှန်တရားကို ကွယ်ထားကြပါသည်။HFB 397.3

    အသင်းတော်များမှ ဆက်ကပ်မှုအရှိဆုံးသူများသည် ထိုသတင်း စကားကို ရှေးဦးစွာရရှိမြဲဖြစ်ပါသည်။ ‘‘ဘာသာရေးခေါင်းဆောင်များ၏ ထိန်းချုပ်မှုမရှိသောနေရာတိုင်းတွင်လည်းကောင်း၊ နှုတ်ကပတ်တော်ကို ကိုယ်တိုင်ဖတ်ရှုလေ့လာသောနေရာတိုင်းတွင်လည်းကောင်း ကြွလာခြင်း သတင်းစကားကို ဘုရားသခင်၏ အခွင့်အာဏာဖြင့်တည်ဆောက်နိုင်ရန် သမ္မာကျမ်းစာနှင့်နှိုင်းယှဉ်လေ့လာကာ လက်ခံဖို့အခွင့်အရေးရပါသည်။HFB 398.1

    လူအများသည် ၎င်းတို့၏ခင်ပွန်း၊ ဇနီး၊ မိဘ (သို့မဟုတ်) သားသမီးများ၏ လမ်းမှားပို့ခြင်းကိုခံကြရပြီ။ မြော်လင့်ခြင်းအသင်းသား များက သွန်သင်သောအရာများကို နားထောင်ရုံမျှဖြင့် အပြစ်တစ်ခုကို ကျူးလွန်သကဲ့သို့ မှတ်ယူခြင်းခံခဲ့ကြရပါသည်။ သို့ရာတွင် ဘုရားသခင်သည် ဤအသက်ဝိညာဉ်များကို စေ့စေ့စောင့်ကြပ်ကြည့်ရှုရန် ကောင်းကင်တမန် များအား မှာထားတော်မူခဲ့ပါသည်။ အကြောင်းမှာ အခြားအလင်းတရား တစ်ခုသည် ပလ္လင်တော်အထက်မှ ၎င်းတို့အပေါ်သို့ကျရောက်ထွန်းလင်းရန် ကျန်ရှိသေးသောကြောင့်ဖြစ်သည်။HFB 398.2

    ဤသတင်းစကားကို လက်ခံရရှိထားသူများသည် ကယ်တင်ရှင်၏ ကြွလာခြင်းကို စောင့်စားခဲ့ကြသည်။ ကိုယ်တော်ရှင်နှင့်တွေ့မည်ဟု ၎င်းတို့ မျှော်လင့်ထားသောအချိန်သည် နီးကပ်နေပါပြီ။ သူတို့သည် ထိုအချိန်နာရီကို တည်ငြိမ်အေးဆေးစွာ ချဉ်းကပ်ခဲ့ကြသည်။ ဤအရာကို တွေ့ကြုံဖူးသူများသည် စောင့်ဆိုင်းခဲ့သည့် အဖိုးတန်အချိန်များကို မည်သည့်အခါမျှ မေ့ကြမည်မဟုတ်ပါ။ ထိုအချိန်မတိုင်မီ ရက်သတ္တပတ် အနည်းငယ်မှစ၍ စီးပွားရေးလုပ်ငန်းအတော်များများကို ဘေးဖယ်ထားခဲ့ ကြသည်။ ယုံကြည်သူများသည် လောကီကိစ္စများကို စွန့်ပစ်ကာ မိမိတို့၏နှလုံး သားများကိုသာ သေချာစွာဆန်းစစ်ခဲ့ကြပါသည်။ ထိုသူများသည် ကောင်းကင် နိုင်ငံတက်ရာတွင် ဝတ်ဖို့ဝတ်ရုံကို မချုပ်ခဲ့ကြဘဲ ကယ်တင်ရှင်နှင့်တွေ့ရန် အဆင်သင့်ရှိကြောင်း အတွင်းအထောက်အထားများ၏ လိုအပ်ချက်များကိုသာ စစ်ဆေးခဲ့ကြပါသည်။ သူတို့၏ဝတ်ရုံဖြူမှာ ခရစ်တော်၏အသွေးတော်ဖြင့် ဆေးကြောထားသည့် သူတို့၏စာရိတ္တပင်ဖြစ်သည်။ ထိုကဲ့သို့ မိမိ၏ စိတ်နှလုံး ကိုဆန်းစစ်ကာ စစ်မှန်သောယုံကြည်ခြင်းရှိသူများ ယနေ့တိုင် ဘုရားသခင်၏ လူတို့တွင် ပါရှိနေပါသေးသလား။HFB 398.3

    ဘုရားသခင်သည် မိမိ၏လူတို့အားစမ်းသပ်ရန် အကြံရှိတော်မူသည်။ ထိုကြောင့် လက်တော်သည် အနာဂတ္တိဆိုင်ရာ အချိန်များကိုရေတွက်ရာတွင် မှားယွင်းမှုတစ်ခုကို ဖုံးကာထားတော်မူခဲ့သည်။ မြော်လင့်ထားသည့်အချိန် ကျော်သွားသော်လည်း ခရစ်တော်သည် ကြွလာတော်မမူခဲ့ပါ။ ကယ်တင်ရှင်ကို စောင့်မျှော်ခဲ့ကြသူများသည် အလွန်စိတ်ပျက်ခဲ့ကြပါသည်။ ဤတွင် ကြွလာခြင်းကို စောင့်မျှော်နေသူများ၏ စိတ်နှလုံးကို ဘုရားသခင်စစ်ဆေး နေပါသည်။ များစွာသောလူတို့သည် သေမှာကြောက်လို့သာ စောင်မျှော်ခဲ့ခြင်း ဖြစ်ရာ ခရစ်တော်ကြွလာမည်ဟု မိမိတို့ဘယ်တုန်းကမှ မယုံကြည်ခဲ့ကြောင်း သူတို့ကြွေးကြော်ခဲ့ကြသည်။ သူတို့သည် စစ်မှန်သော ယုံကြည်သူများ၏ ဝမ်းနည်းမှုကို ပြက်ရယ်ပြုသူများတွင် ရှေ့ဆုံးကပါဝင်ခဲ့ကြသည်။HFB 399.1

    သို့ရာတွင် ခရစ်တော်နှင့်တကွ ကောင်းကင်တမန်များသည် စိတ်ပျက် အားငယ်နေသည့် ထိုသစ္စာရှိတပည့်တော်များကို သနားကြင်နာခြင်း၊ ချစ်ခင်ခြင်းအပြည့်ဖြင့် ကြည့်ရှုနေကြပါသည်။ အကယ်၍သာ မျက်မြင်ရသော အရာများနှင့် မျက်မြင်မရသော အရာများအကြား ခြားနားထားသည့် ကန့်လန့်ကာကို ဖယ်ရှားလိုက်မည်ဆိုလျှင် ဖေါက်ပြန်ခြင်းမရှိသော ထိုအသက် ဝိညာဉ်များအနီးသို့ ကောင်းကင်တမန်များ ချဉ်းကပ်လာကာ စာတန်၏ မီးစက်လက်နက်များ အန္တရာယ်မှ ကာကွယ်နေသည်ကို မြင်တွေ့ကြရလိမ့်မည်။HFB 400.1

    *****