Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နိုင်ငံအသီးသီး၌တစ်ပြိုင်တည်း

    ၁၆ ရာစုနှစ်အချိန်က ဘာသာရေးပြုပြင်ပြောင်းလဲရေးကဲ့သို့ပင် ဤမြော်လင့်ခြင်းလှုပ်ရှားမှုသည်လည်း နိုင်ငံအသီးသီး၌ တစ်ပြိုင်တည်း ဖြစ်ပွားခဲ့ပါသည်။ ယုံကြည်သူများသည် အနာဂတ္တိစကားများကို လေ့လာခဲ့ကြရာ ကပ်ကာလအဆုံးသို့ ရောက်လုနီးပြီဖြစ်ကြောင်း ထင်ရှားသည့် သာဓကများကို တွေ့မြင်ခဲ့ကြပါသည်။ အထီးကျန်ဖြစ်နေသော ခရစ်ယာန် အဖွဲ့များသည် သမ္မာကျမ်းစာကိုလေ့လာခဲ့ကြရာ ခရစ်တော်၏ကြွလာခြင်းသည် နီးကပ်နေပြီဖြစ်ကြောင်း ယုံကြည်လက်ခံလာကြပါသည်။HFB 380.2

    အနာဂတ္တိစကားများကို မီလာအနက်ဖွင့်ဆိုပြီးနောက် သုံးနှစ်ကြာသော အချိန်တွင် ‘‘ကမ္ဘာ့သာသနာပြု’’ ဖြစ်သူ ဒေါက်တာဂျိုးဇက်ဝုလ်ဖ်သည် ခရစ်တော် မကြာမီကြွလာမည်ဆိုသည့်သတင်းစကားကို စတင်ဟောပြောခဲ့ ပါသည်။ ဂျာမနီပြည်တွင် ဟေဗြဲမိဘများမှ ဆင်းသက်လာသူဖြစ်သော ထိုသူသည် ငယ်စဉ်အချိန်ကတည်းက ခရစ်ယာန်ဘာသာကို သဘောပေါက် နားလည်ထားသူဖြစ်သည်။ ၎င်းတို့လူမျိုးများ၏ မြော်လင့်ခြင်းအကြောင်း၊ ကြွလာမည့် မေရှိယအရှင်၏ ဘုန်းတော်အကြောင်းနှင့် ဣသရေလတိုင်းပြည် ကြီး ပြန်လည်တည်ထောင်မည့်အကြောင်းများကို မိမိတို့၏အိမ်တွင် ဟေဗြဲများ တရားဟောကြားတိုင်း သူစိတ်ဝင်တစားနားထောင်ခဲ့ပါသည်။ နာဇရက်မြို့သားယေရှုအကြောင်းကို ကြားရသောတစ်နေ့တွင် ‘‘နာဇရက်မြို့သားယေရှု’’ ဆိုတာဘယ်သူဖြစ်ကြောင်း၊ သူစုံစမ်းခဲ့ရာ ‘‘ဉာဏ်အတော်ဆုံးဂျူးကလေးတစ်ယောက်ဖြစ်တယ်၊ ဒါပေမယ့် သူ့ကိုယ်သူ မေရှိယလို့လိမ်ခဲ့တဲ့အတွက် ယုဒတရားရုံးက သေဒဏ်ပေးခြင်း ခံခဲ့ရသူ ဖြစ်တယ်’’ ဟု အဖြေရခဲ့သည်။HFB 381.1

    ယေရုရှလင်မြု့ဘာကြောင်း အဖျက်ဆီးခံခဲ့ရတာလဲ။ ဘာကြောင်း ကျွန်တော်တို့သုံ့ပန်းများအဖြစ် အဖမ်းခံခဲ့ကြရတာလဲ’’ ဟု ဆက်လက်၍ သူမေးခဲ့ရာ-HFB 381.2

    ‘‘ဂျူးတွေက ပုရောဖက်တွေကိုသတ်ခဲ့လို့ပေါ့ကွာ’’ ဟု ဖခင်ကြီးက ပြန်လည်ဖြေဆိုခဲ့ပါသည်။ ထိုစဉ်တွင် ‘‘ယေရှုဟာ ပုရောဖက်ကြီးတစ်ပါးများ ဖြစ်နေလို့လား။ သူ့ကိုအပြစ်မရှိဘဲနဲ့ သတ်ခဲ့မိကြသလား’’ ဆိုသည့်အတွေးများ သူ့ခေါင်းထဲသို့ ရုတ်တရက်ဝင်လာခဲ့ပါသည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း များသို့ မသွားရန် တားမြစ်ထားသည့်ကြားမှ သူသည် တရားဟောချက်များကိုနားထောင်ရန် ဘုရားကျောင်းအပြင်ဘက်တွင် မကြာခဏရစ်သီရစ်သီလုပ်ခဲ့ပါသည်။ ၁၇ နှစ်သားအရွယ်တွင် သူသည် မေရှိယကြွလာသောအချိန်၌ ဣသရေလများ ရယူမည့် အနာဂတ်အောင်ပွဲများအကြောင်းကို အိမ်နီးချင်းခရစ်ယာန်များကို ကြွားနေပါသည်။ ထိုအခါ လူကြီးတစ်ယောက်က ‘‘လူကလေးရေ။ မေရှိယ အစစ်က ဘယ်သူလဲဆိုတာကို ငါပြောပြမယ်။ မင်းတို့ဘိုးဘေးတွေသတ်ခဲ့ကြတဲ့ နာဇရက်မြို့သားယေရှုပဲကွ။ အိမ်ပြန်ပြီး ဟေရှာယ ၅၃ ကိုဖတ်ကြည့်ပါ။ ခရစ်တော်ယေရှုဟာ ဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဆိုတာ မင်းသဘော ပေါက်လာလိမ့်မယ်’’ ဟုပြောပါသည်။HFB 381.3

    သူသည် အိမ်သို့ပြန်၍ သမ္မာကျမ်းစာကို ဖတ်ကြည့်ခဲ့ရာ ထိုလူကြီး ပြောသည့်အတိုင်း မှန်ကန်နေကြောင်းတွေ့ခဲ့ပါသည်။ ထိုခရစ်ယာန်ကြီး ပြောသည့်စကားသည် အမှန်ဖြစ်သလား။ ဝုလ်ဖ်သည် ထိုအနာဂတ္တိစကားကို ရှင်းပြပေးရန် တောင်းပန်သောအခါ ဖခင်၏ မျက်နှာထားတင်းမာနေသည်ကို တွေ့ရသဖြင့် နောက်ပိုင်းတွင် ထိုအကြောင်းကို သူမမေးဝံ့တော့ချေ။HFB 382.1

    သူသည် (၁၁) နှစ်သားအရွယ်မှာပင် ပညာကိုရှာရန်၊ ကိုးကွယ်မည့် ဘာသာကိုရွေးချယ်ရန်နှင့် လုပ်ကိုင်မည့်အလုပ်ကိုရွေးချယ်ရန် အိမ်မှ ထွက်ခဲ့ ပါသည်။ အဖေါ်မပါသလို အသပြာလည်းမပါသည့် ဝုလ်ဖ်သည် ကိုယ့်ဘဝကို ကိုယ်ကျောင်းခဲ့ရပါသည်။ ဘဝရပ်တည်မှုအတွက် ဟေဗြဲဘာသာစကားကို သူတစ်ပါးအားသင်ကြားပေးခြင်းဖြင့် ဝင်ငွေရအောင်ရှာကာ စာပေများကို ကြိုးကြိုးစားစားလေ့လာခဲ့ပါသည်။ သူ့အား ရောမအသင်းတော်၏ ယုံကြည်ချက်ကို လက်ခံ စေကာ ရောမ၌ရှိသော ပရိုပဂင်းဒါးကောလိပ်ကျောင်းတွင် ပညာသင်ကြားစေ ခဲ့သော်လည်း ယခုတွင် အသင်းတော်၏မတရားမှုများကို တိုက်ခိုက်ကာ ပြန်လည်ပြုပြင်ဖို့လိုအပ်ကြောင်း ပြောင်ပြောင်တင်းတင်း သူတိုက်တွန်းနေ ပါသည်။ များမကြာမီမှာပင် သူ့အား ကျောင်းမှထုတ်လိုက်ပါသည်။ သူ့အား ရောမ၏ယုံကြည်ချက်ကွက်ယက်သို့ ပြန်လည်ဝင်ရောက်လာအောင် ဆွဲဆောင် နိုင်တော့မည်မဟုတ်ကြောင်းလည်း ပို၍ထင်ရှားလာပါသည်။ သူ့အားဆုံးမ ပြုပြင်ရန် မရနိုင်တော့သူတစ်ဦးအဖြစ် သတ်မှတ်ကာ အလိုရှိရာသို့ သွားရန် ခွင့်ပြုလိုက်ကြပါသည်။ သို့ဖြင့် သူသည် အင်္ဂလန်သို့ ထွက်ခွာသွားကာ အင်္ဂလန် အသင်းတော်နှင့် ပူးပေါင်းခဲ့ပါသည်။ နှစ်နှစ်တာလေ့လာပြီးသည့်နောက် ၁၈၂၁ ခုနှစ်တွင် အမှုတော်လုပ်ငန်းကို အစပြုလုပ်ဆောင်ခဲ့ပါသည်။HFB 382.2

    အနာဂတ္တိကျမ်းများသည် ဘုန်းတန်ခိုးတော်နှင့် ကြွလာမည့် ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းကို သိရှိမြင်တွေ့စေခဲ့ သည်ကို ဝုလ်ဖ်တွေ့ခဲ့ပါသည်။ နာဇရက်မြို့သား ယေရှုသည် ကတိတော်နှင့် ဆိုင်သော ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း လူတို့အားသိစေခဲ့ကာ အပြစ်ဖြေရန် ယဇ်ကောင်တစ်ကောင်ကဲ့သို့ ပထမအကြိမ်ကြွလာခဲ့ကြောင်း ညွှန်ပြစဉ်မှာပင် ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းကိုလည်း ၎င်းတို့အားသူသွန်သင် ခဲ့ပါသည်။HFB 383.1

    ဝုလ်ဖ်သည် မကြာမီအချိန်အတွင်း ခရစ်တော်ကြွလာတော့မည်ဟု ယုံကြည်ခဲ့သည်။ အချိန်ပိုင်းဆိုင်ရာ အနာဂတ္တိစကားများကို အနက်ဖွင့်ရာတွင် မီလာထောက်ပြထားသည့်နှစ်များအတွင်းမှာပင် ခရစ်တော်ကြွလာမည်ဟု သူလက်ခံခဲ့သည်။ ‘‘သဖန်းပင်ရဲ့အရွက်နု တွေထွက်လာတာကိုကြည့်ပြီး နွေရာသီရောက်တော့မှာကို သိရသလို ကိုယ်တော်ရှင်ကြွလာမှာနီးကြောင်း သိနိုင်မယ့် အချိန်နဲ့ပတ်သက်တဲ့ နိမိတ် လက္ခဏာကို သခင်ဘုရားက ပေးထားတော်မမူခဲ့ဘူးလား။ နောဧဟာ သင်္ဘောကြီးကို ပြင်ဆင်တည်ဆောက်ခဲ့သလို ကြွလာခြင်းအတွက် ပြင်ဆင်နိုင် ဖို့ရန် အချိန်နဲ့ပတ်သက်တဲ့ နိမိတ်လက္ခဏာများအားဖြင့် လိုအပ်သလောက်ကို သိခွင့်ပေးထားပါတယ်’’ ဟု သူပြောဆိုခဲ့သည်။HFB 383.2