အပြစ်ဖြေရာနေ့ကြီး
ယဇ်ပုရောဟိတ်မင်းကြီးသည် တစ်နှစ်လျှင်တစ်ကြိမ်သာ ကျရောက်သည့် အပြစ်ဖြေရာနေ့ကြီးတွင် သန့်ရှင်းရာဌာနကို ဆေးကြောသုတ် သင်ခြင်းအမှုဆောင်ရွက်ရန် အသန့်ရှင်းဆုံးအခန်းထဲသို့ဝင်ပါသည်။ ဆိတ်ကလေး နှစ်ကောင်ကိုယူဆောင်ခဲ့ပြီး ‘‘ထာဝရ ဘုရားအဖို့ စာရေးတံတစ်ခု၊ လွတ်လပ်လဟာအဖို့ စာရေးတံတစ်ခု’’ ချပါသည်။ ထာဝရဘုရားအဖို့ စာရေးတံကျသောဆိတ်ကို လူတို့အတွက် အပြစ်ဖြေရာယဇ် အဖြစ် သတ်၍ပူဇော်ပါသည်။ ထိုနောက် ထိုဆိတ်၏သွေးများကို ယဇ်ပုရောဟိတ်မင်းက ကန့်လန့်ကာအတွင်းထဲသို့ယူလာကာ ကရုဏာပလ္လင် ရှေ့ရှိ ကန့်လန့်ကာကိုလည်းကောင်း၊ ကန့်လန့်ကာရှေ့ရှိ နံ့သာပေါင်းကိုမီးရှို့ရာ ယဇ်ပလ္လင်ကိုလည်းကောင်း ပက်ဖျန်းပါသည်။HFB 446.2
‘‘အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက် ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကိုဖေါ်ပြ၍ ဆိတ်ခေါင်းပေါ်မှာတင်ထားပြီးလျှင် တော်လျော်သောလူတွင် တောသို့စေလွှတ်ရမည်။ သူတို့အပြစ် ရှိသမျှကို လူမနေသောအရပ်သို့ ဆောင်သွားသောထိုဆိတ်ကို တော၌လွှတ်လိုက်ရမည်။’’ ဝတ်၊ ၁၆:၂၁-၂၂။ တောထဲသို့လွှတ်လိုက်သောဆိတ်သည် ဣသရေလစခန်းသို့ ပြန်မလာတော့ချေ။HFB 447.1
ဘုရားသခင်၏သန့်ရှင်းခြင်းအခန်းနှင့် အပြစ်ဒုစရိုက်ကို ကိုယ်တော် ရွံရှာခြင်းများအား ဣသရေလများမှတ်မိမှတ်သားဖြစ်စေရန် ထိုအခမ်း အနားကိုရည်ရွယ်၍ ကျင်းပတော်မူခြင်းဖြစ်သည်။ အပြစ်ဖြေရာအမှုကို ဆောင်ရွက်နေစဉ်အတွင်း လူအသီးသီးတို့သည် မိမိတို့ပြုမိခဲ့သည့် ဒုစရိုက်များကို ပြန်လည်သတိရအောက်မေ့လျက် တစ်နေ့လုံး အစာရှောင်၊ ဆုတောင်းကြရန်ဖြစ်သည်။HFB 447.2
အပြစ်သားကိုယ်စား အစားထိုးသည်အချက်ကို လက်ခံတော်မူ သော်လည်း ထိုယဇ်ကောင်၏သွေးသည် အပြစ်ကိုမချေဖျက်နိုင်ပါ။ ထိုအပြစ်သည် သန့်ရှင်းရာဌာနတော်သို့ပြောင်းရွှေ့တင်ကျံနေပါသည်။ ယဇ်ကောင်ကိုသတ်၍ ပူဇော်လိုက်ခြင်းအားဖြင့် ထိုအပြစ်သားသည် ပညတ်တော်၏အာဏာတန်ခိုးကို အသိအမှတ်ပြုခြင်း၊ အပြစ်ကိုဝန်ချ တောင်းပန်ခြင်းနှင့် ကြွလာမည့်ကယ်တင်ရှင်အပေါ် ယုံကြည်ကြောင်း ဖွင့်ဟနေခြင်းဖြစ်သော်လည်း သူသည် ပညတ်တော်၏ ပြစ်ဒဏ်စီရင်ခြင်းမှ ကွင်းလုံးကျွတ်လွတ်မြောက်ခြင်းမရှိသေးပါ။ အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်းသည် လူထုထံမှ ပူဇော်သကာကိုယူလျက် အသန့်ရှင်းဆုံး အခန်းထဲသို့ဝင်သွားပါသည်။ ထိုနောက် ပညတ်တော်၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရန် ထိုပညတ်တောင်ဆယ်ပါး ကျောက်ပြားအပေါ်တည့်တည့် တွင်ရှိနေသည့် ကရုဏာပလ္လင်ကို ယဇ်ကောင်၏အသွေးဖြင့် ပက်ဖျန်းပါသည်။ ထိုနောက် ထိုယဇ်ပုရောဟိတ်ကြီးသည် ကြားဖျန်ဖြေသူတစ်ဦးအနေဖြင့် ထိုအပြစ်များကို မိမိကိုယ်ပေါ်တွင်ယူဆောင်လာပြီး သန့်ရှင်းရာဌာနတော်မှ ထွက်လာခဲ့သည်။ ထိုနောက် မိမိ၏လက်များကိုတောထဲသို့ လွှတ်လိုက်မည့် ဆိတ်၏ခေါင်းပေါ်သို့တင်လိုက်ပါသည်။ ထိုဆိတ်သည် ထိုအပြစ်များကို အဝေးသို့သယ်ဆောင်သွားရာ ထိုအပြစ်များသည် ထိုဣသရေလများထံမှ လုံးလုံးကင်းဝေးသွားပြီဟု မှတ်ယူကြပါသည်။HFB 447.3