Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလ မှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၇) - ကျွန်ုပ်တို့အတွက်တစ်ခုတည်းသောကွယ်ကာရာ

    ထာဝရဘုရားသည် မကောင်းသောနတ်ဆိုးများနှင့် မှားယွင်းသော ဆရာများ၏ ဩဇာလွှမ်းမိုးမှုမှကင်းဝေးစေရန် အကာအကွယ်တစ်ခုအဖြစ် သမ္မာကျမ်းစာကို ဖတ်ရှုလိုက်နာကြရန် မိမိလူတို့အား ညွှန်ကြားထားတော် မူခဲ့သည်။ သမ္မာကျမ်းစာ၏ ရှင်းလင်းသောဖွင့်ဆိုချက်များက ၎င်း၏ လှည့်ဖြားမှုများကို ထုတ်ဖော်နေသည့်အတွက် လူတို့ကို သမ္မာကျမ်းစာဖော်ပြ ချက်များကို နားမလည်စေဖို့ နည်းမျိုးစုံသုံး၍ စာတန်ဟန့်တားနေပါသည်။ နောက်ဆုံးသောလှည့်ဖြားမှုကြီးကို မကြာမီတွင် ကျွန်ုပ်တို့ရင်ဆိုင်ကြရ တော့မည်။ အန္တီခရစ်သည် ထူးဆန်းသောနိမိတ်လက္ခဏာများကို ကျွန်ုပ်တို့ မြင်သာအောင် လုပ်ဆောင်ပြတော့မည်ဖြစ်သည်။ သမ္မာကျမ်းစာကို အခြေခံ၍ မစူးစမ်းလျှင် သူပြမည့်နိမိတ်လက္ခဏာများသည် အစစ်နှင့်ခွဲမရအောင် တူနေပါလိမ့်မည်။HFB 648.1

    ဘုရားသခင်၏ပညတ်တော်အလုံးစုံကို စောင့်ရှောက်သူများသည် ဆန့်ကျင်မှုကိုလည်းကောင်း ပြက်ရယ်ပြုခြင်းကိုလည်းကောင်း ခံကြရလိမ့်မည်။ ထိုအရာများကို ခံနိုင်ရည်ရှိစေရန် ထိုသူများသည် နှုတ်ထွက် စကားများတွင်ဖော်ပြထားသည့် ဘုရား၏အလိုတော်ကို နားလည်ကြရပါမည်။ သမ္မာကျမ်းစာတွင်ပါရှိသည့် သမ္မာတရားများဖြင့် မိမိကိုယ်ကိုအားဖြည့်မထား သူများသည် နောက်ဆုံးသော ထိုတိုက်လှန်ပွဲကြီးတွင် ကြံ့ကြံ့ခံနိုင်ကြမည် မဟုတ်ချေ။ ခရစ်တော်သည် မိမိ၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို ကပ်တိုင်အတင်မခံရမီကတည်းက တပည့်တော်များကို မိန့်တော် မူထားပြီးဖြစ်သော်လည်း ထိုစကားများကို ၎င်းတို့မစွဲမှတ်ကြချေ။ ၎င်းတို့အား ကြိုတင်သတိပေးထားတော်မူခြင်းမရှိသကဲ့သို့ ခရစ်တော်အသေခံတော် မူသောအချိန်တွင် မြော်လင့်ခြင်းမဲ့သလို တပည့်တော်များခံစားခဲ့ကြရပါသည်။ ခရစ်တော်က အနာဂတ်နှင့်ပတ်သက်သည့်ကိစ္စများအတွက် တပည့်တော် များအား ကြိုတင်မိန့်ဆိုတော်မူခဲ့သလို အနာဂတ်ကိစ္စများကို အနာဂတ္တိစကား များအားဖြင့် ကျွန်ုပ်တို့အား မိန့်ဆိုထားလျက်ရှိပါသည်။ ကရုဏာတံခါး ပိတ်သည့်အချိန်နှင့် စပ်လျဉ်းသည့်အကြောင်းအရာများနှင့် ဆင်းရဲခြင်းကာလ အတွက် ပြင်ဆင်ရမည့်အရာများအကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။ သို့ရာတွင် လူအများသည် အရေးပါသော ထိုသမ္မာတရား များကို နားလည်မှုမရှိကြသည့်အတွက် ဒုက္ခဆင်းရဲခြင်းကာလသို့ ရောက်သောအချိန်တွင် အဆင်သင့်ရှိကြလိမ့်မည်မဟုတ်ချေ။HFB 648.2

    ထာဝရဘုရားသည် သတိပေးစကားများကို မိန့်ဆိုသောအချိန်တွင် ကျိုးကြောင်းဆင်ခြင်မှုနှင့် ပြည့်စုံစေခဲ့သူများကို ထိုသတိပေးစကားအား လိုက်နာစေလိုတော်မူပါသည်။ သားရဲနှင့်တကွ သူ၏ရုပ်တုကိုကိုးကွယ်သူများ အပေါ် ကျရောက်မည့်ပြစ်ဒဏ်များအကြောင်း ဖော်ပြသည့်သတိပေး စကားသည် သားရဲ၏ရုပ်တုသည် မည်သည့်အရာဖြစ်ကြောင်းနှင့် ထုရုပ်တုကို လက်မခံ၊ မကိုးကွယ်မိအောင် ရှောင်ရှားရမည့်နည်းလမ်းများကို လူအများအား သိရှိစေပါသည်။ သို့ရာတွင် လူအများသည် ၎င်းတို့၏အပြစ်နှင့်ပြည့်ဝသော ဆန္ဒနှင့်မကိုက်ညီသည့်သမ္မာတရားကို လက်မခံလိုကြချေ။ ထိုကြောင့် ၎င်းတို့ လိုလားသည့် လှည့်ဖြားခြင်းများကို စာတန်ဖြည့်ဆည်းပေးနေပါသည်။HFB 649.1

    သို့စေကာမူ သမ္မာကျမ်းစာအား ယုံကြည်ချက်အပေါင်း၏ စံအဖြစ် လည်းကောင်း၊ ပြုပြင်ပြောင်းလဲမှုအားလုံး၏ အခြေခံအဖြစ်လည်းကောင်း ဆက်လက်ပြီး လက်ခံကျင့်သုံးမည့်လူတစ်စု ဘုရားသခင်၌ ရှိပါလိမ့်မည်။ ပညာတတ်များ၏ ထင်မြင်ယူဆချက်များ၊ သိပ္ပံပညာ၏ ကောက်ချက်ချခြင်းများ၊ ဘာသာရေးအဖွဲ့ကြီးများ၏ ဆုံးဖြတ်ချက်များနှင့် လူအများစု၏ သဘောထားတို့ကို ယုံကြည်ချက်အပေါ်ထောက်ခံသည့် အထောက်အထား (သို့မဟုတ်) ယုံကြည်ချက်အပေါ် ကန့်ကွက်ဆန့်ကျင်သည့် အထောက်အထားများအဖြစ် မမှတ်ယူသင့်ပါချေ။ ဘုရားသခင်က မည်သို့ မိန့်တော်မူထားသည်ဆိုသည့် အချက်ကိုသာ ကျွန်ုပ်တို့အလေးထားသင့်ကြ ပါသည်။ သမ္မာကျမ်းစာကို ကိုယ်တိုင်လေ့လာဆည်းပူးရမည့်အစား အသင်းအုပ်ဆရာများနှင့် ကျမ်းစာကျောင်းမှဆရာကြီးများဟောပြောသည့် စကားများကို ပို၍အားကိုးလာရန် လူတို့အားစာတန်လမ်းပြနေပါသည်။ ထိုခေါင်းဆောင်ကြီးများကို ထိန်းချုပ်ခြင်းအားဖြင့် လူထုကြီးတစ်ရပ်လုံးကို စာတန်ဩဇာလွှမ်းမိုးနိုင်ခဲ့ပါသည်။HFB 650.1

    ဤလောကသို့ခရစ်တော်ကြွလာခဲ့စဉ်က သာမန်လူတန်းစားများသည် ကိုယ်တော်၏ဟောကြားချက်များကို ဝမ်းပန်းတသာလက်ခံခဲ့ကြပါသည်။ သို့ရာတွင် အာဃာတစိတ်များဖြင့်ပြည့်နေသည့် ယဇ်ပုရောဟိတ်အဖွဲ့နှင့် ဘာသာရေးအကြီးအကဲများမှာမူ ကိုယ်တော်အား မေရှိယတစ်ပါးအဖြစ် လက်မခံခဲ့ကြချေ။ ထိုအခါ လူတို့က ‘‘ဒါကဘယ်လိုဖြစ်တာလဲ။ လူအကြီးအကဲများနှင့် ပညာတတ်များက ခရစ်တော်ကိုမယုံကြည်ကြပါလား’’ ဟု မေးမြန်းလာကြပါသည်။ ထိုကဲ့သို့သော ဆရာများသည် ယုဒလူမျိုးတို့အား ကယ်တင်ရှင်ကိုငြင်းပယ်စေခဲ့ပါသည်။HFB 650.2